• Follow Us on

Home ၅ ရက္ႏွစ္ႀကိမ္ခြဲတက္ရမည့္အေဝးသင္ပညာေရးစနစ္ကို ကန့္ကြက္ေၾကာင္း ရတနာပုံေက်ာင္း သားမ်ား ဆႏၵထုတ္ေဖာ္၊ အေဝးသင္ပညာေရးစနစ္သည္ ဘြဲ႕လက္မွတ္မ်ား ထုတ္ေပးသည့္ ေနရာဟု ဆရာ/ဆရာမ အခ်ိဳ႕ ေျပာဆို

၅ ရက္ႏွစ္ႀကိမ္ခြဲတက္ရမည့္အေဝးသင္ပညာေရးစနစ္ကို ကန့္ကြက္ေၾကာင္း ရတနာပုံေက်ာင္း သားမ်ား ဆႏၵထုတ္ေဖာ္၊ အေဝးသင္ပညာေရးစနစ္သည္ ဘြဲ႕လက္မွတ္မ်ား ထုတ္ေပးသည့္ ေနရာဟု ဆရာ/ဆရာမ အခ်ိဳ႕ ေျပာဆို

Share this post

 
မႏၲေလး၊ ေအာက္တိုဘာ – ၂၄
 
အေဝးသင္ေက်ာင္းသားမ်ားသည္ လာမည့္စာသင္ႏွစ္၌ ၅ ရက္ ႏွစ္ခါ ခြဲတက္ရမည့္ ျဖစ္၍ အေဝးသင္ပညာေရးစနစ္ကို အလိုမရွိေၾကာင္း ရတနာပုံတကၠသိုလ္ေက်ာင္းသားမ်ားသည္ ယေန႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
 
အေဝးသင္ပညာေရးစနစ္ဆိုတာ အလြတ္က်က္ ၾကက္တူးေ႐ြးစနစ္ျဖစ္တယ္။ ဒါေမး၊ ဒါက်က္ ရင္ ဘြဲ႕ရေၾကာင္း၊ စနစ္ကို တိတိက်က်ျပဳျပင္ရန္ လိုအပ္ေၾကာင္း တကၠသိုလ္ဆရာ/ဆရာမ အခ်ိဳ႕ကဆိုသည္။
 
“အေဝးသင္ပညာေရးစနစ္ဆိုတာ ဘြဲ႕လက္မွတ္ေတြ ထုတ္ေပးတဲ့ေနရာပါ။ စာေမးပြဲမွာ တစ္ ဘာသာကို ေလးပုဒ္ေလာက္က်က္နိုင္ရင္ေအာင္တယ္။ ဘာမွ အေတြးအေခၚေပးတဲ့ ပညာ ေရးစနစ္မဟုက္ဘူး။ စနစ္ကို ေျပာင္းရမွာ။ အေဝးသင္ပညာေရးဆိုတာ ဆရာ/ဆရာ မေတြကို စီးပြားေရးအေထာက္အကူျပဳတယ္။ႏွစ္စဥ္ ေက်ာင္းသားေတြက က်ဴရွင္ေပၚမွီခိုေနရတာ။ ဝန္ ႀကီးကို ေျပာခ်င္တယ္။ အေဝးသင္ ၁၀ ရက္အတြင္းမွာ စာသင္ခန္းထဲ လာထိုင္ပါလို႔။ လူမရွိလို႔ အခန္းထဲမွာ က်ားကိုက္ရနိုင္တယ္”ဟု ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ရွိ ဆရာမတစ္ဦးကေျပာ သည္။
 
လာမည့္ပညာသင္ႏွစ္၌ အေဝးသင္ပညာေရးစနစ္ စနစ္သစ္အျဖစ္ ေမလတြင္ (၅) ရက္၊ အနီး ကပ္(၅)ရက္တက္ရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌန ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုခဲ့ သည္။
 
“ဝန္ထမ္းေတြဆိုရင္ ခြင့္ျပႆနာေတြနဲ႔ အေဝးက ေက်ာင္းသားေတြဆိုရင္ အေဆာင္အခက္ အခဲေတြလည္းရွိနိုင္တယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဒီစနစ္သစ္ကို လက္မခံဘူး။ ကန့္ကြက္ တယ္”ဟု ကိုသူရိန္မိုး(ရတနာပုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗကသ) မွ အေဝးသင္ တာဝန္ခံ)က ေျပာသည္။
 
ေအာင္ေအာင္(မႏၲေလး)
 
#PeopleMedia #Education
 
[Unicode]
၅ ရက်နှစ်ကြိမ်ခွဲတက်ရမည့်အဝေးသင်ပညာရေးစနစ်ကို ကန့်ကွက်ကြောင်း ရတနာပုံကျောင်း သားများ ဆန္ဒထုတ်ဖော်၊ အဝေးသင်ပညာရေးစနစ်သည် ဘွဲ့လက်မှတ်များ ထုတ်ပေးသည့် နေရာဟု ဆရာ/ဆရာမ အချို့ ပြောဆို
………………………………………………………………………………………………….
 
မန္တလေး၊ အောက်တိုဘာ – ၂၄
 
အဝေးသင်ကျောင်းသားများသည် လာမည့်စာသင်နှစ်၌ ၅ ရက် နှစ်ခါ ခွဲတက်ရမည့် ဖြစ်၍ အဝေးသင်ပညာရေးစနစ်ကို အလိုမရှိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသည် ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 
အဝေးသင်ပညာရေးစနစ်ဆိုတာ အလွတ်ကျက် ကြက်တူးရွေးစနစ်ဖြစ်တယ်။ ဒါမေး၊ ဒါကျက် ရင် ဘွဲ့ရကြောင်း၊ စနစ်ကို တိတိကျကျပြုပြင်ရန် လိုအပ်ကြောင်း တက္ကသိုလ်ဆရာ/ဆရာမ အချို့ကဆိုသည်။
 
“အဝေးသင်ပညာရေးစနစ်ဆိုတာ ဘွဲ့လက်မှတ်တွေ ထုတ်ပေးတဲ့နေရာပါ။ စာမေးပွဲမှာ တစ် ဘာသာကို လေးပုဒ်လောက်ကျက်နိုင်ရင်အောင်တယ်။ ဘာမှ အတွေးအခေါ်ပေးတဲ့ ပညာ ရေးစနစ်မဟုက်ဘူး။ စနစ်ကို ပြောင်းရမှာ။ အဝေးသင်ပညာရေးဆိုတာ ဆရာ/ဆရာ မတွေကို စီးပွားရေးအထောက်အကူပြုတယ်။နှစ်စဉ် ကျောင်းသားတွေက ကျူရှင်ပေါ်မှီခိုနေရတာ။ ဝန် ကြီးကို ပြောချင်တယ်။ အဝေးသင် ၁၀ ရက်အတွင်းမှာ စာသင်ခန်းထဲ လာထိုင်ပါလို့။ လူမရှိလို့ အခန်းထဲမှာ ကျားကိုက်ရနိုင်တယ်”ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ဆရာမတစ်ဦးကပြော သည်။
 
လာမည့်ပညာသင်နှစ်၌ အဝေးသင်ပညာရေးစနစ် စနစ်သစ်အဖြစ် မေလတွင် (၅) ရက်၊ အနီး ကပ်(၅)ရက်တက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌန ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ သည်။
 
“ဝန်ထမ်းတွေဆိုရင် ခွင့်ပြဿနာတွေနဲ့ အဝေးက ကျောင်းသားတွေဆိုရင် အဆောင်အခက် အခဲတွေလည်းရှိနိုင်တယ်။ ကျွန်တော်တို့ကတော့ ဒီစနစ်သစ်ကို လက်မခံဘူး။ ကန့်ကွက် တယ်”ဟု ကိုသူရိန်မိုး(ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) မှ အဝေးသင် တာဝန်ခံ)က ပြောသည်။
 
အောင်အောင်(မန္တလေး)
 
#PeopleMedia #Education

Share this post