• Follow Us on

Home ၈ လတာကာလ၌ တိုက်ခိုက်ခံရ၍ ရဲစခန်းနှင့် ရဲကင်းစုစုပေါင်း ၁၆၃ ခု ပျက်စီးခဲ့

၈ လတာကာလ၌ တိုက်ခိုက်ခံရ၍ ရဲစခန်းနှင့် ရဲကင်းစုစုပေါင်း ၁၆၃ ခု ပျက်စီးခဲ့

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)

 

တပ်မတော်က နိုင်ငံတော်တာဝန်ကို ယာယီတာဝန်ယူသည့် ၈ လအတွင်း၌  မြို့နယ် ၁၀၅ မြို့နယ်တွင်  ရဲစခန်းနှင့် ရဲကင်းစုစုပေါင်း ၁၆၃ ခု တိုက်ခိုက်ခံရ၍ ထိခိုက်ပျက်စီးခဲ့ကြောင်း တပ်မတော်သတင်းမှန်အဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရှိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ မြို့နယ် ၁၀၅ မြို့နယ်တွင် ရဲစခန်း ၁၁၆ စခန်း၊ ရဲကင်း ၄၆ ကင်း၊ ရုံး ၂၈ ရုံး၊ အဆောက်အဦ ၅၈ လုံး ပျက်စီးခဲ့သည်ဟု ဖော်ပြပါရှိသည်။

 

ထို့အပြင် မြို့နယ် ၁၈၃ မြို့နယ်၌ ဌာနဆိုင်ရာရုံး အဆောက်အဦ ၃၇၅ လုံး ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြပါရှိ သည်။

 

ဒလန်ဟုစွပ်စွဲကာ အပြစ်မဲ့ပြည်သူ သေဆုံးဒဏ်ရာရရှိသူများတွင် သေဆုံး ၄၀၆ ဦး၊ ဒဏ်ရာရရှိသူ ၂၈၅  ဦးရှိပြီး၊ မြို့နယ် ၃၇၂ မြို့နယ်တွင် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးပစ်ခတ်မှု တွေ့ရှိမှုဖြစ်စဉ် ၂၄၆၀ ကြိမ်၊ မြို့နယ် ၁၃၄ မြို့ နယ်တွင် တူမီးသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ၃၄၀ ကြိမ်၊ မြို့နယ် ၂၆ မြို့နယ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဖြစ်စဉ် ၃၄ ကြိမ်၊ မြို့နယ် ၄၂ မြို့နယ်တွင် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှုဖြစ်စဉ် ၅၆ ကြိမ်၊ မြို့နယ် ၁၄ မြို့ နယ်တွင် စက်ရုံ၊ အလုပ်ရုံ၊ စူပါမားကတ်များအား မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် ၃၁ ကြိမ်နှင့် မြို့နယ် ၁၂၆ မြို့ နယ်တွင် လူနေအိမ်နှင့် အခြားပစ္စည်းများ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် ၃၄၉ ကြိမ်တို့ဖြစ်ကြောင်း န-စ-က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

Photo – Credit (ထီးချိုင့်မြို့နယ်ရှိ ရဲစခန်းတစ်ခုမီးရှို့ဖျက်ဆီးခံရမှု)

 

#PeopleMedia #ရဲစခန်း #ရဲကင်း #ပျက်စီးမှု #နစက

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post