• Follow Us on

Home ဧရာဝတီသတင်းအယ်ဒီတာနှင့် ရိုက်တာသတင်းဌာနတို့ကို တရားစွဲဆိုထားမှု တပ်မတော်ရုတ်သိမ်း


Share this post

ရန်ကုန်၊ မတ် – ၁၈






Photo – MPC


(Unicode)
ဧရာဝတီသတင်းအယ်ဒီတာနှင့် ရိုက်တာသတင်းဌာနတို့ကို တရားစွဲဆိုထားမှု တပ်မတော်ရုတ်သိမ်း
………………………………………………………

ရန်ကုန်၊ မတ် – ၁၈

ဧရာဝတီသတင်းအယ်ဒီတာနှင့် ရိုက်တာသတင်းဌာနတို့ကို တရားစွဲဆိုထားမှု တပ်မတော် ရုတ်သိမ်းလိုက် ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဆိုပါတယ်။

ဧရာဝတီသတင်းဌာန ဦးရဲနီအား ဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်းက ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားခဲ့ပါ တယ်။

အလားတူ ရိုက်တာသတင်းဌာနမှ “မြန်မာ့တပ်မတော်မှ ဘင်္ဂလီရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဘင်္ဂလီ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း” သတင်းဖော်ပြမှုအတွက် သတင်းရင်းမြစ်ဖြစ်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ရိုက်တာသတင်းဌာနကို ဘူးသီးတောင်ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပါတယ်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် တပ်မတော်က ၎င်းတို့စွဲဆိုမှု အား ရုတ်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။

အလားတူ သတင်းသမားများအနေဖြင့် သတင်းရေးသားဖော်ပြမှုတွင် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ရေးသားရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တိုက်တွန်းထားပါတယ်။

Photo – MPC

#PeopleMedia #မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ


Share this post