• Follow Us on

Home သြစတေးလျသို့ ဒေါ်လာ ၁၀၈ သန်းတင် ဟဲလ်ဖိုင်းယားဒုံးကျည် အစင်း ၈၀၀ ရောင်းချရန် အမေရိကန် အတည်ပြု

သြစတေးလျသို့ ဒေါ်လာ ၁၀၈ သန်းတင် ဟဲလ်ဖိုင်းယားဒုံးကျည် အစင်း ၈၀၀ ရောင်းချရန် အမေရိကန် အတည်ပြု

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂ (People Media)

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဒေါ်လာ ၁၀၈ သန်းတန်ကြေးရှိ ဟဲလ်ဖိုင်းယားဒုံးကျည် အစင်း ၈၀၀ ကို သြစတေးလျနိုင်ငံသို့ ရောင်းချရန် အတည်ပြုထောက်ခံခဲ့သည်။

 

AGM-114R2 Hellfire Missile ရောင်းချမှုတွင် နည်းပညာအထောက်အကူများ၊ ဆက်စပ်ပစ္စည်းများနှင့် အပို ပစ္စည်းများပါပါဝင်မည်ဖြစ်ကြောင်း ကာကွယ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ Defense Security Cooperation Agency ကပြောသည်။

 

ဒေသတွင်း ငြိမ်းချမ်းမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို တိကျသေချာအောင်ဆောင်ရွက်ခြင်းအားဖြင့် အဆိုပါရောင်း ဝယ်ရေးသဘောတူစာချုပ်သည် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးရည်မှန်းချက် များကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ပြောသည်။

 

ဇွန်လအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လာ ၃.၅ ဘီလျံတန်ကြေးရှိ အပါချီရဟတ်ယာဉ် ၂၉ စင်းကို သြစတေးလျနိုင်ငံသို့ရောင်းချရန် သဘောတူညီခဲ့ပြီးနောက် ဒုံးကျည်များရောင်းချမည့် ယခုသဘော တူညီချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အပါချီရဟတ်ယာဉ်များကို တင့်ဖျက်ဒုံးကျည်များတပ်ဆင်အသုံးပြနိုင် ရန် ရောင်းချပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

 

၁၉၇၀ ပြည့်လွန်နှစ်များတွင် လော့ဟိမာတင်ကုမ္ပဏီသည် ဘိုရင်းကုမ္ပဏီထုတ် တိုက်ခိုက်ရေးရဟတ်ယာဉ်များ တွင် တင့်ဖျက်လက်နက်အဖြစ် တပ်ဆင်သုံးစွဲရန် ကနဦးက ဒုံးကျည်များကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် မော်တော်ယာဉ်များ/ ရေယာဉ်များ၊ မြေပြင်အခြေစိုက်ဒုံး ပစ်စင်များတွင် တပ်ဆင်သုံးစွဲနေပြီဖြစ်သည်။

 

၂၀၁၂ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ပြီးနောက် AGM-114R2 ဟဲလ်ဖိုင်းယားဒုံးကျည်သည် ဒုံးကျည်ထိပ်ဖူးကို ပျံ့နှံ့ သွားစေပြီး ထိခိုက်မှုကို သိသိသာသာလျှော့ချပေးသည့် ဒုံးကျည်နှင့်ထိတွေ့ရာတွင် ပေါက်ကွဲစေသော တင့် ကား၏ explosive reactive armor (ပေါက်ကွဲမှုကိုကာကွယ်ရန်စီမံထားသည့်သတ္တုတုံးများ) ဝန်းကျင်တစ်ဝိုက် တွင် လည်ပတ်အလုပ်လုပ်ရန်အတွက် ထိပ်ဖူးတစ်မျိုးကို အသုံးပြုထားသည်။

 

ကနဦးတွင် တင့်ကား၏သံချပ်ကာသားကို ပေါက်ကွဲစေပြီးနောက် တင့်ကားအတွင်းပိုင်းသို့ထိုးဖောက်ဝင် ရောက်နိုင်ရန် AGM-114R2 ဒုံးကျည်၏ ထိပ်ဖူးတွင် ယမ်းအားနှစ်ဆမြှင့်တင်ထည့်သွင်းထားသည်။

 

AGM-114R2 ဟဲလ်ဖိုင်းယားဒုံးကျည်သည် အကွာအဝေး ၈ ကီလိုမီတာ (၅ မိုင်) ကို အမြင့်ဆုံးနှုန်း ၁.၃ မက် ဖြင့် ပျံသန်းနိုင်သည်။ ဒုံးကျည်အရှည်မှာ ၅ ပေ ၁၁ လက်မ (၁.၈ မီတာ) ရှိပြီး အလေးချိန်မှာ ၄၉ ကီလိုဂရမ် (၁၀၈ ပေါင်) ရှိကြောင်းသိရသည်။

 

Ref: US Approves $108M Hellfire Missile Sale to Australia

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: US Approves $108M Hellfire Missile Sale to Australia

 

#PeopleMedia


Share this post