• Follow Us on
Home သြစတြေးလျမှကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးပြည်နယ်တွင် တစ်လအတွင်းကူးစက်ခံရမှုကျဆင်းနေ
သြစတြေးလျမှကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးပြည်နယ်တွင် တစ်လအတွင်းကူးစက်ခံရမှုကျဆင်းနေ
Share this post
မဲလ်ဘုန်း၊ သြဂုတ် ၁၈
သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်တွင် ပြီးခဲ့သည့်တစ်လအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အနိမ့်ဆုံး အဖြစ်ကျဆင်းခဲ့ပြီး ကူးစက်မှုကိုထိန်းချုပ်နိုင်ပြီဟု မျှော်လင့်ချက်များမြင်တက်နေသည်။
ပြည်နယ်မြို့တော်မဲလ်ဘုန်းတွင် အလုံပိတ်ကန့်သတ်မှုများပြုလုပ်ထားသည်မှာ တစ်လကျော်ရှိနေသော်လည်း ညမထွက်ရအမိန့်အပါအ၀င်ပို တင်းကြပ်သည့်ကန့်သတ်မှုများကို သြဂုတ် ၃ ရက်တွင် သတ်မှတ်ခဲ့သည်။
သေဆုံးသူ ၁၇ ယောက်ရှိလာသဖြင့် သြစတြေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၄၃၈ ယောက်သေဆုံးခဲ့ပြီးဖြစ်သည်။
မတ်လကုန်တွင် သြစတြေးလျပြည်ထောင်စုအစိုးရက နိုင်ငံခြားမှပြန်လာသူတိုင်းကို ပြည်နယ်တစ်ခုချင်းစီကစီမံပေး သည့်အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရန်လိုကြောင်း ညွှန်ကြားခဲ့ပြီး ဗစ်တိုးရီးယားပြည်နယ်မှ ကူးစက်ခံရသူ အားလုံးနီးပါး အသွားအလာကန့်သတ်ခံထားရသူများနှင့်ချိတ်ဆက်နေကြောင်း ယခုတစ်ပတ်အတွင်းစုံစမ်းမှုများအရသိရသည်။
#PeopleMedia
(unicode)
ဩစတြေးလျမှကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအများဆုံးပြည်နယ်တွင် တစ်လအတွင်းကူးစက်ခံရမှုကျဆင်းနေ
……………………………………………………
မဲလ်ဘုန်း၊ ဩဂုတ် ၁၈
ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်တွင် ပြီးခဲ့သည့်တစ်လအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အနိမ့်ဆုံး အဖြစ်ကျဆင်းခဲ့ပြီး ကူးစက်မှုကိုထိန်းချုပ်နိုင်ပြီဟု မျှော်လင့်ချက်များမြင်တက်နေသည်။
ပြည်နယ်မြို့တော်မဲလ်ဘုန်းတွင် အလုံပိတ်ကန့်သတ်မှုများပြုလုပ်ထားသည်မှာ တစ်လကျော်ရှိနေသော်လည်း ညမထွက်ရအမိန့်အပါအဝင်ပို တင်းကြပ်သည့်ကန့်သတ်မှုများကို ဩဂုတ် ၃ ရက်တွင် သတ်မှတ်ခဲ့သည်။
ကုသမှုခံယူနေရသူ ၇၂၇၄ ယောက်ရှိနေပြီး ဩစတြေးလျတွင် အဆိုးဆုံးစိုးရိမ်ရသည့်နေရာဖြစ်နေသေးသည်။ တနင်္လာနေ့တွင် နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ်ကြောင့်အသေအပျောက်အများဆုံးနေ့ဖြစ်ကြောင်း အစီရင်ခံစာများရှိသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဗစ်တိုးရီးယားပြည်နယ်တွင် ကူးစက်မှုများကျဆင်းနေသည်။
အင်္ဂါနေ့တွင် ကူးစက်ခံရသူ ၂၂၂ ယောက်ရှိပြီး ဇူလိုင် ၁၈ ရက်နောက်ပိုင်း အနည်းဆုံးနေ့စဉ်ကူးစက်မှုဖြစ်သည်။
သေဆုံးသူ ၁၇ ယောက်ရှိလာသဖြင့် ဩစတြေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၄၃၈ ယောက်သေဆုံးခဲ့ပြီးဖြစ်သည်။
မတ်လကုန်တွင် ဩစတြေးလျပြည်ထောင်စုအစိုးရက နိုင်ငံခြားမှပြန်လာသူတိုင်းကို ပြည်နယ်တစ်ခုချင်းစီကစီမံပေး သည့်အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူရန်လိုကြောင်း ညွှန်ကြားခဲ့ပြီး ဗစ်တိုးရီးယားပြည်နယ်မှ ကူးစက်ခံရသူ အားလုံးနီးပါး အသွားအလာကန့်သတ်ခံထားရသူများနှင့်ချိတ်ဆက်နေကြောင်း ယခုတစ်ပတ်အတွင်းစုံစမ်းမှုများအရသိရသည်။
“ပမာဏအတော်များနိုင်ပါတယ်။ အခုဗစ်တိုးရီးယားက COVID-19 ကူးစက်မှုရဲ့ ၉၉ ရာခိုင်နှုန်းနီးပါးရှိနေတာဟာ အသွားအလာကန့်သတ်ထားတဲ့ဟိုတယ် ၂ ခုကပါ” ဟု ပြည်နယ်ရောဂါဗေဒပညာရှင် ချားလ်စ် အယ်ပရန်ကပြောသည်။
Ref : Coronavirus: Victoria records fewest new infections in a month
#PeopleMedia
Share this post