• Follow Us on
Latest News

Home သြစတြေးလျလွှတ်တော် ဆိုက်ဘာတိုက်ခိုက်ခံရမှုနောက်ကွယ်တွင် တရုတ်ရှိနေဟုဆို

သြစတြေးလျလွှတ်တော် ဆိုက်ဘာတိုက်ခိုက်ခံရမှုနောက်ကွယ်တွင် တရုတ်ရှိနေဟုဆို

Share this post

မေလ အထွေထွေရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီကြီး ၃ ခုနဲ့ အမျိုးသားလွှ တ်တော်ကို ဆိုက်ဘာတိုက်ခိုက်မှုအတွက် တရုတ်နိုင်ငံမှာ တာဝန်ရှိတယ်လို့ သြစတြေးလျ ထောက်လှမ်းရေးအေဂျင်စီ(ASD) ယုံကြည်နေကြောင်း အခုဖြစ်ရပ်ကို တိုက်ရိုက်သိရှိသူ ၅ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သြစတြေးလျထောက်လှမ်းရေးအေဂျင်စီ (ASD) ရဲ့ ပြီးခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ ဆိုက်ဘာ တိုက်ခိုက်မှုအတွက် တရုတ်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်လို့ စစ်ဆေး တွေ့ရှိမှုများကို ကိုယ်တိုင်သိရှိခဲ့သူ ၅ ဦးက ရိုက်တာ သတင်းဌာန ကိုပြောကြားခဲ့ တာဖြစ်ပါတယ်။

အစီရင်ခံစာအကြောင်းပြောကြားသူ ၅ ဦးလုံးဟာ အရေးကြီးကိစ္စရပ်မို့ အမည်မဖော်ပြဖို့ ရိုက်တာကို တောင်းဆိုခဲ့ပါတယ်။ ASD ရဲ့ အစီ ရင်ခံစာမှာ သြစတြေးလျနိုင်ငံခြား ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးကို ထိခိုက်နိုင်တာကြောင့် လျှို့ဝှက်ထားဖို့ အကြံပြု ထားတယ်လို့လည်းသိရပါတယ်။

အခုကိစ္စရပ်နဲ့ပတ်သတ်ပြီး သြစတြေးလျ ၀န်ကြီးချုပ်ရုံးက သုံးသပ် ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဆိုက် ဘာတိုက်ခိုက်မှုမှာ ၄င်းတို့ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

Ref;Reuters


Share this post