• Follow Us on

Home ငြိမ်းချမ်းသာယာဝပြောသော အာဖဂန်နစ္စတန်နိုင်ငံ ထူထောင်သွားရန် SCO အဖွဲ့ဝင်နိုင်ငံများ ကူညီမည်

ငြိမ်းချမ်းသာယာဝပြောသော အာဖဂန်နစ္စတန်နိုင်ငံ ထူထောင်သွားရန် SCO အဖွဲ့ဝင်နိုင်ငံများ ကူညီမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၅ (People Media)

 

ငြိမ်းချမ်းသာယာဝပြောသောနိုင်ငံအဖြစ် ပြန်လည်ထူထောင်သွားရန် အာဖဂန်နစ္စတန်နိုင်ငံအား ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ Shanghai Cooperation Organization (SCO) ၏ အဖွဲ့ဝင်နိုင်ငံများက ကူညီသွား မည်ဖြစ်ကြောင်း တနင်္လာနေ့က SCO အဖွဲ့ကထုတ်ပြန်ကြေညာခဲ့သည်။

 

“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) က အာဖဂန်နစ္စတန်နိုင်ငံကို အကြမ်းဖက်ဝါဒ၊ စစ်ပွဲနဲ့ မူးယစ် ဆေးဝါးကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်ပြီး သာယာဝပြောတဲ့ နိုင်ငံအဖြစ်ထူထောင်ရာမှာ ကူညီဖို့ ကတိကဝတ် တွေကို ထပ်လောင်းအတည်ပြုကြေညာလိုက်ပါတယ်။” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

 

နှစ်နိုင်ငံသဘောတူစာချုပ်များ၊ နိုင်ငံပေါင်းစုံနှင့်ချုပ်ဆိုခဲ့သောသဘောတူစာချုပ်များအရ နိုင်ငံတကာဥပဒေ၏ စံနှုန်းများကို အလေးထားလိုက်နာစောင့်ထိန်းရန်နှင့် နိုင်ငံတွင်းရှိ အာဖဂန်ပြည်သူများ၊ နိုင်ငံခြားသားများ၊ နိုင်ငံ ခြားတိုင်းပြည်များမှ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုံခြုံရေးကို တိကျသေချာအောင် ဆောင်ရွက်ရန် SCO အဖွဲ့ဝင်နိုင်ငံများကတောင်းဆိုလိုက်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

“နိုင်ငံတွင်းမှာရှိတဲ့ ပြည်သူ၊ နိုင်ငံရေးအုပ်စု၊ တိုင်းရင်သားအုပ်စုနဲ့ ဘာသာရေးအုပ်စုတွေ အားလုံးရဲ့ အကျိုးစီး ပွားကို ထည့်သွင်းတွက်ချက်ပြီး အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံရေးဆွေးနွေးမှုတစ်ဆင့် အာဖဂန်နစ္စတန်မှာရှိ တဲ့ နိုင်ငံတော်အာဏာတရားဝင်ဖြစ်မှုကို တာဝန်သိသိ ပြန်လည်ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ SCO အဖွဲ့ဝင် နိုင်ငံတွေက ယူဆပါတယ်။” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

 

ကုလသမဂ္ဂအဖွဲ့နှင့်အတူ အဓိကပေါင်းစပ်ညှိနှိုင်းသည့် အခန်းကဏ္ဍမှပါဝင်ပြီး အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာကကြိုးပမ်းဆောင်ရွက်ရာတွင် လိုလိုလားလား ပါဝင်ဆောင်ရွက် ရန် ဆန္ဒရှိကြောင်း SCO အဖွဲ့ဝင်နိုင်ငံများ၏သဘောထားဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဇူလိုင်လအစောပိုင်း SCO အဖွဲ့ဝင်နိုင်ငံများဆက်သွယ်ရေးအဖွဲ့သည် တာဂျစ်ကစ္စတန်နိုင်ငံမြို့တော် ဒူရှန်ဘီတွင် တွေ့ဆုံခဲ့ကြသည်။ တာလီဘန်များအနေဖြင့် အီရန်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများ ကို အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒ၊ အစွန်းရောက်ဝါဒများဖြင့် မခြိမ်းခြောက်ရန် အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက တာလီဘန်အဖွဲ့ထံတောင်းဆိုခဲ့သည်။

 

Ref: SCO assures to build peaceful and prosperous Afghanistan

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 

Ref: SCO assures to build peaceful and prosperous Afghanistan

 

#PeopleMedia


Share this post