• Follow Us on

Home ဗြိတိန်နိုင်ငံက တပ်ဖွဲ့ဝင်အချို့နှင့် တင့်ဖျက်လက်နက်များ ယူကရိန်းသို့ စေလွှတ်ပေးပို့

ဗြိတိန်နိုင်ငံက တပ်ဖွဲ့ဝင်အချို့နှင့် တင့်ဖျက်လက်နက်များ ယူကရိန်းသို့ စေလွှတ်ပေးပို့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈ (People Media)

ရုရှားကျူးကျော်မှုကို ဟန့်တားသည့်ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဗြိတိန်နိုင်ငံက ဗြိတိန်တပ်ဖွဲ့ဝင်အချို့နှင့် နည်းပညာ အဆင့်မြင့်လက်နက်များကို ယူကရိန်းနိုင်ငံသို့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက စေလွှတ်ပေးပို့လိုက်သည်။

ဗြိတိန်တော်ဝင်လေတပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်းနှင့်အတူ တင့်ဖျက်လက်နက်များပေးပို့လိုက် ခြင်းဖြစ်ပြီး ရုရှားတင့်ကားများကို တိုက်ခိုက်နိုင်ရန်အတွက် ဗြိတိန်တပ်ဖွဲ့ဝင်များက ယူကရိန်းတပ်ဖွဲ့ဝင်များကို တင့်ဖျက်လက်နက်သင်တန်းများပို့ချသွားမည်ဖြစ်သည်။

ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများမြင့်တက်လာသည်နှင့်အညီ တပ်ဖြန့်ချထားခြင်းဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဘန်းဝေါလေ့စ်ကပြောသည်။ ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ အထိ တပ်ဖြန့်ချထားရာ ယူကရိန်းနိုင်ငံကို ရက်ပိုင်းအတွင်း ကျူးကျော်လာနိုင်ကြောင်း စိုးရိမ်ပူပန်နေကြသည်။

ယူကရိန်းနိုင်ငံကို ကျူးကျော်ရန် အစီအစဉ်မရှိကြောင်း ရုရှားအစိုးရက တတွင်တွင်ပြောဆိုနေသော်လည်း ယူ ကရိန်းနယ်စပ်တစ်လျှောက် တပ်အင်အားများအလုံးအရင်း စုစည်းထားနေခြင်း၊ တင့်ကားများ/ အမြောက်ကြီး များရွှေ့ပြောင်းသယ်ယူနေခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

“ဗြိတိန်နိုင်ငံက ယူကရိန်းကာကွယ်ရေးအတွက် လုံခြုံရေးဆိုင်ရာအထောက်အကူတွေ ပေးပို့ထောက်ပံ့သွားမှာ ပါ။ ယူကရိန်းကို အပေါ့စားတင့်ဖျက်လက်နက်တွေနဲ့ ကာကွယ်ရေးလက်နက်စနစ်တွေထောက်ပံ့သွားဖို့ ကျွန် တော်တို့ ဆုံးဖြတ်ထားပြီးသားပါ။ အဲဒီလက်နက်တွေ အသုံးပြုနိုင်အောင်လို့ ဗြိတိန်တပ်ဖွဲ့ဝင်တချို့ကလည်း ယူ ကရိန်းတပ်ဖွဲ့ဝင်တွေကို သင်တန်းတွေ ပို့ချပေးသွားမှာဖြစ်ပါတယ်။” ဟု ဘန်းဝေါလေ့စ်ကပြောသည်။

သို့သော် ယူကရိန်းနိုင်ငံကို လက်နက်များထောက်ပံ့ရန် ငြင်းပယ်ထားသည့် ဂျာမနီနိုင်ငံ၏ ရပ်တည်ချက်ကို ပြောင်းလဲမှုမရှိကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲဘော့ခ်က ပြောသည်။

တင်းမာမှုများထပ်မံမြင့်တက်လာပါက ရုရှားအစိုးရအတွက် တန်ဖိုးကြီးကြီးပေးဆပ်ရမည်ဖြစ်ပြီး စီးပွားရေး၊ နိုင်ငံ ရေးနှင့် မဟာဗျူဟာမြောက်တန်ဖိုးများပေးဆပ်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောဆိုရင်း ယူကရိန်းသို့သွားရောက်သည့် ခရီးစဉ်တစ်ခုတွင် အန်နာလီနာဘဲဘော့ခ်က သတိပေးခဲ့သည်။

“ရုရှားနဲ့ အရေးကြီးတဲ့ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ကျွန်မတို့ အသင့်ပြင်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သံတမန်ဆက်ဆံရေးကသာ ဒီမြင့်တက်လာတဲ့အန္တရာယ်ရှိတဲ့အခြေအနေကို လျှော့ပါးသွားအောင်လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါ။” ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့်သီတင်းပတ်က ယူကရိန်းနိုင်ငံ ဆိုင်ဘာတိုက်ခိုက်မှုခံခဲ့ရရာ ယင်းတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် အတွက် ဆိုင်ဘာကျွမ်းကျင်သူပညာရှင်များကို စေလွှတ်ပေးမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ယူကရိန်းနိုင်ငံကို ကမ်းလှမ်းထားသည်။ ယင်းဆိုင်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံကို အပြစ်တင် ထားသည်။

ဗြိတိန်တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းကို ဗြိတိန်အောက်လွှတ်တော်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ကွန်ဆာဗေးတစ် ပါတီဝင် တိုဘီးယားစ်အယ်လ်ဝုဒ်က ကြိုဆိုလိုက်သော်လည်း ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို ရင်ဆိုင်ရန် အကူအညီများထပ်မံလိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥရောပလုံခြုံရေးအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ယူကရိန်းမှာဖြစ်ပျက်နေတာဟာ ကျန်တဲ့အရှေ့ ဥရောပတစ်ခွင်ကို သိသိသာသာ လာရောက်ရိုက်ခတ်မှာဖြစ်တယ်။ ဒါ့ကြောင့် ယူကရိန်းနဲ့အတူ ကျွန်တော်တို့ ရပ်တည်ဖို့ အရေးကြီးပါတယ်။ ပူတင်ကြိုးစားနေတာက အရှေ့ဥရောပမြေပုံကို ပြန်ပြင်ဆွဲဖို့ ကြိုးစားနေတာပါ။ အဲဒီအတွက် ပူတင်က အစစအရာရာ ပြင်ဆင်ထားပြီးဖြစ်တယ်။” ဟု ၎င်းကပြောသည်။

ယူကရိန်းနိုင်ငံသို့ ပေးပို့လိုက်သော စစ်လက်နက်ပစ္စည်းများထဲတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော AT4 84mm တင့်ဖျက်လက်နက်ကဲ့သို့ ပခုံးထမ်းဒုံးကျည်များလည်းပါဝင်သည်။

Ref: British troops are sent to Ukraine: UK sending anti-tank weapons to Ukraine

#PeopleMedia

(unicode)

ဗြိတိန်နိုင်ငံက တပ်ဖွဲ့ဝင်အချို့နှင့် တင့်ဖျက်လက်နက်များ ယူကရိန်းသို့ စေလွှတ်ပေးပို့

…………………………………………………………….