• Follow Us on

Home မြို့နယ်အချို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ အကြမ်းဖက်များမှ ခြိမ်းခြောက် ဗုံးဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်

မြို့နယ်အချို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ အကြမ်းဖက်များမှ ခြိမ်းခြောက် ဗုံးဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်

Share this post

မန္တလေး၊ ဇွန် ၂၅

 

မြို့နယ်အချို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ အကြမ်းဖက်များကခြိမ်းခြောက်၍ ဗုံးဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ပြန်ကြာရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။

 

ဇွန်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းစုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မန္တလေးတိုင်းဒေသကြီး၊ ကြီးပင်တဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူများ ပညာရေးသင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေရန်ရည်ရွယ်၍ အကြမ်းဖက်သမားများက ခြိမ်းခြောက်စာများ ကပ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အလားတူ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တက်ရှိန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ လက်ကိုင်ဖုန်းအတွင်းသို့ “ကျောင်းဆက်လက်မတက်ဖို့ မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်။ ကျွန်တော်တို့၊ ကျွန်မတို့၏ သတိပေးမှုကို အလေးမထားဘဲ ရှေ့ဆက်မည် ဆိုပါက ဆရာမကြီးနှင့် ဆရာမကြီး၏ မိသားစုအသက်အန္တရာယ်အား တာဝန်ယူမည်မဟုတ်” ဟု ခြိမ်းခြောက် စာပေးပို့ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်စာပေးပို့သူအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်တံတားကျေးရွာရှိ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်အသံဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် KG ဆောင်နှင့် Grade-1 စာသင်ဆောင် နောက်ကျောဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍  ကျောင်းသား/ သူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် စာ သင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်စေရန် ရည်ရွယ်၍၊ မိုင်းထောင်ဖောက်ခွဲခြင်းများပြုလုပ်ခဲ့သည့် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

လှဆောင်

 

#PeopleMedia #ပညာရေး #အကြမ်းဖက်သမား

 

(unicode)


……………………………………..

 

မန်တလေး၊ ဇှနျ ၂၅

 


 


 


 


 


 


 



Share this post