• Follow Us on

Home ႏိုင္ဂ်ီးရီးယားၿမိဳ႕ေတာ္တြင္ ဆႏၵျပသူမ်ားကို အေသပစ္သတ္

ႏိုင္ဂ်ီးရီးယားၿမိဳ႕ေတာ္တြင္ ဆႏၵျပသူမ်ားကို အေသပစ္သတ္

Share this post

လာဂို႔စ္၊ ေအာက္တိုဘာ ၂၁
ႏိုင္ဂ်ီးရီးယားႏိုင္ငံၿမိဳ႕ေတာ္လာဂို႔စ္တြင္ ရဲမ်ားရက္စက္ၾကမ္းတမ္းမႈကိုဆန္႔က်င္ေၾကာင္း ဆႏၵျပသူအခ်ိဳ႕ကို ပစ္ခတ္ခဲ့သျဖင့္ ေသဆံုး၊ ဒဏ္ရာရမႈမ်ား႐ွိေနသည္။
စစ္သားမ်ားက စတင္ပစ္ခတ္ၿပီးေနာက္ အေလာင္း ၂၀ ခန္႔ႏွင့္ ဒဏ္ရာရသူ ၅၀ ခန္႔ကို ေတြ႕ျမင္ခဲ့ရေၾကာင္း မ်က္ျမင္သက္ ေသတစ္ေယာက္ကေျပာသည္။
ေသဆံုးမႈမ်ား႐ွိေနေၾကာင္း ယံုၾကည္ရသည့္အစီရင္ခံစာမ်ား႐ွိေနသည္ဟု ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ကေျပာသည္။
ထိုပစ္ခတ္မႈမ်ားကို စံုစမ္းစစ္ေဆးသြားမည္ဟု အာဏာပိုင္မ်ားကေျပာသည္။
လာဂို႔စ္ႏွင့္အျခားေဒသမ်ားတြင္ ၂၄ နာရီမထြက္ရအမိန္႔ကို အကန္႔အသတ္မ႐ွိသတ္မွတ္ထားသည္။
လက္႐ွိတြင္ဖ်က္သိမ္းထားသည့္ အထူးလုယက္မႈတိုက္ဖ်က္ေရးတပ္ဖြဲ႔(ဆားစ္)ကိုဆန္႔က်င္ဆႏၵျပပြဲမ်ားျဖစ္ေနသည္မွာ သီတင္းပတ္ ၂ ပတ္ၾကာေနၿပီျဖစ္သည္။
လာဂို႔စ္မွပစ္ခတ္မႈမ်ားေၾကာင့္ ဆႏၵျပသူမ်ားကိုသတ္ျဖတ္မႈရပ္ဆိုင္းရန္ ႏိုင္ဂ်ီးရီးယားသမၼတ မူဟာမာဒူု ဘူဟာရီႏွင့္ စစ္တပ္ကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးေဟာင္း ဟီလာရီ ကလင္တန္ က တြစ္တာတြင္တိုက္တြန္းသည္။
မန္ခ်က္စတာယူႏိုက္တက္အသင္းမွ ႏိုင္ဂ်ီးရီးယားေဘာလံုသမား အိုဒီယြန္ ဂ်ဴဒီ အီဂါလိုကလည္း ႏိုင္ဂ်ီးရီးယားအစိုးရသည္ ႏိုင္ငံသားမ်ားကိုသတ္ျဖတ္ေနသည္ဟု စြပ္စြဲၿပီး အစိုးရအစား႐ွက္႐ြံ႔မိသည္ဟု ပီအက္စ္ဂ်ီအသင္းႏွင့္ခ်န္ပီယံလိဂ္ပြဲအၿပီး တြစ္တာတြင္ ဗီဒီယိုတင္ခဲ့သည္။
Ref : Nigeria unrest: Protesters ‘shot dead’ in Lagos
#PeopleMedia
(unicode)
နိုင်ဂျီးရီးယားမြို့တော်တွင် ဆန္ဒပြသူများကို အသေပစ်သတ်
………………………………………
လာဂို့စ်၊ အောက်တိုဘာ ၂၁
နိုင်ဂျီးရီးယားနိုင်ငံမြို့တော်လာဂို့စ်တွင် ရဲများရက်စက်ကြမ်းတမ်းမှုကိုဆန့်ကျင်ကြောင်း ဆန္ဒပြသူအချို့ကို ပစ်ခတ်ခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရမှုများရှိနေသည်။
စစ်သားများက စတင်ပစ်ခတ်ပြီးနောက် အလောင်း ၂၀ ခန့်နှင့် ဒဏ်ရာရသူ ၅၀ ခန့်ကို တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက် သေတစ်ယောက်ကပြောသည်။
သေဆုံးမှုများရှိနေကြောင်း ယုံကြည်ရသည့်အစီရင်ခံစာများရှိနေသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောသည်။
ထိုပစ်ခတ်မှုများကို စုံစမ်းစစ်ဆေးသွားမည်ဟု အာဏာပိုင်များကပြောသည်။
လာဂို့စ်နှင့်အခြားဒေသများတွင် ၂၄ နာရီမထွက်ရအမိန့်ကို အကန့်အသတ်မရှိသတ်မှတ်ထားသည်။
လက်ရှိတွင်ဖျက်သိမ်းထားသည့် အထူးလုယက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့(ဆားစ်)ကိုဆန့်ကျင်ဆန္ဒပြပွဲများဖြစ်နေသည်မှာ သီတင်းပတ် ၂ ပတ်ကြာနေပြီဖြစ်သည်။
လာဂို့စ်မှပစ်ခတ်မှုများကြောင့် ဆန္ဒပြသူများကိုသတ်ဖြတ်မှုရပ်ဆိုင်းရန် နိုင်ဂျီးရီးယားသမ္မတ မူဟာမာဒူု ဘူဟာရီနှင့် စစ်တပ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် က တွစ်တာတွင်တိုက်တွန်းသည်။
မန်ချက်စတာယူနိုက်တက်အသင်းမှ နိုင်ဂျီးရီးယားဘောလုံသမား အိုဒီယွန် ဂျူဒီ အီဂါလိုကလည်း နိုင်ဂျီးရီးယားအစိုးရသည် နိုင်ငံသားများကိုသတ်ဖြတ်နေသည်ဟု စွပ်စွဲပြီး အစိုးရအစားရှက်ရွံ့မိသည်ဟု ပီအက်စ်ဂျီအသင်းနှင့်ချန်ပီယံလိဂ်ပွဲအပြီး တွစ်တာတွင် ဗီဒီယိုတင်ခဲ့သည်။
Ref : Nigeria unrest: Protesters ‘shot dead’ in Lagos

Share this post