• Follow Us on

Home ႏိုင္ငံတကာတရားခံု႐ုံးတြင္ ေဒၚေအာင္ဆန္းစုၾကည္တရားရင္ဆိုင္မည့္ကိစၥ တပ္မေတာ္ႏွင့္အရပ္သားအစိုးရ ပူးေပါင္းေဆာင္ရြက္

ႏိုင္ငံတကာတရားခံု႐ုံးတြင္ ေဒၚေအာင္ဆန္းစုၾကည္တရားရင္ဆိုင္မည့္ကိစၥ တပ္မေတာ္ႏွင့္အရပ္သားအစိုးရ ပူးေပါင္းေဆာင္ရြက္

Share this post

ျမန္မာႏုိ္င္ငံကို လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ ႏိုင္ငံတကာ တရားခံု႐ုံး(ICJ)မွာ အေနာက္အာဖရိကႏိုင္ငံ ဂမ္ဘီယာက အမႈဖြင့္တုိင္ၾကားထားတဲ့ကိစၥကို တပ္မေတာ္နဲ႔ အရပ္သားအစိုးရ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ AFP သတင္း ဌာနက ေဖာ္ျပထားပါတယ္။

“ဒီအမႈမွာ ကၽြန္ေတာ္တို႔ ပူးေပါင္းေဆာင္ရြက္သြားမွာပါ။ ကၽြန္ေတာ္တို႔ရဲ႕ ဥပေဒေရးရာကၽြမ္းက်င္သူေတြဟာ ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္” လို႔ တပ္မေတာ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက AFP သတင္းဌာနရဲ႕ ေမးျမန္းမႈကို ႏို၀င္ဘာ ၂၁ ရက္ေန႔မွာ ေျဖၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ မၾကာခင္မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ မၾကာခင္မွာ ေတြ႕ဆံုသြားမယ္လို႔လည္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက အတည္ျပဳခဲ့ပါတယ္။

ျမန္မာ့ႏုိင္ငံေရးေလ့လာသံုးသပ္သူ ဦးစိုးျမင့္ေအာင္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ တပ္မေတာ္ရဲ႕ ကိစၥမွာ ၀င္ေရာက္ဦးေဆာင္လိမ့္မယ္ မထင္မွတ္ခဲ့ဘူးလို႔ ေျပာၾကားထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးမ်ိဳးညႊန္႔ကေတာ့ အခုလို အံ့အားသင့္စရာ ဆံုးျဖတ္ခ်က္ကို မသိခဲ့ဘူးလို႔ ၀န္ခံခဲ့ၿပီး ၄င္းတို႔ေခါင္းေဆာင္အေနနဲ႔ တာ၀န္ယူမႈနဲ႔ ရဲစြမ္းသတၱိကို ျပသခဲ့တယ္ လို႔ ေျပာၾကားခဲ့ပါတယ္။

Ref;AFP

#PeopleMedia #International

(Unicode)
နိုင်ငံတကာတရားခုံရုံးတွင် ဒေါ်အောင်ဆန်းစုကြည်တရားရင်ဆိုင်မည့်ကိစ္စ တပ်မတော်နှင့်အရပ်သားအစိုးရ ပူးပေါင်းဆောင်ရွက်
…………………………………………………………………

မြန်မာနို်င်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာ တရားခုံရုံး(ICJ)မှာ အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက အမှုဖွင့်တိုင်ကြားထားတဲ့ကိစ္စကို တပ်မတော်နဲ့ အရပ်သားအစိုးရ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AFP သတင်း ဌာနက ဖော်ပြထားပါတယ်။

“ဒီအမှုမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဥပဒေရေးရာကျွမ်းကျင်သူတွေဟာ ပူးပေါင်းဆောင်ရွက်နေကြပါတယ်” လို့ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AFP သတင်းဌာနရဲ့ မေးမြန်းမှုကို နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မကြာခင်မှာ တွေ့ဆုံသွားမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးမြင့်အောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ရဲ့ ကိစ္စမှာ ဝင်ရောက်ဦးဆောင်လိမ့်မယ် မထင်မှတ်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်ကတော့ အခုလို အံ့အားသင့်စရာ ဆုံးဖြတ်ချက်ကို မသိခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး ၄င်းတို့ခေါင်းဆောင်အနေနဲ့ တာဝန်ယူမှုနဲ့ ရဲစွမ်းသတ္တိကို ပြသခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။

Ref;AFP

#PeopleMedia #International


Share this post