• Follow Us on

Home နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့တွေ့ဆုံ၊ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကိစ္စများ ရပ်များ ဆွေးနွေး

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့တွေ့ဆုံ၊ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကိစ္စများ ရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

 

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP)အဖွဲ့တို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ရာ ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှ အခြေခံကျသောပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေ အတွင်း ရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည် သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။

 

ထို့နောက် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့် နှစ်ဖက်ဆွေးနွေးလို သည့် အဆိုပြုချက်များအား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများ၊ လို လားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။

 

ဒုတိယနေ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

 

မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့်အတူ NCA စာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ယမန်နေ့တွင်လည်း NMSP အဖွဲ့က နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက် နိုင်ရေးကိစ္စများကို လာရောက်တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ထူးခြားလေးနက်သည့် နေ့ရက်၌ ရင်းနှီးပွင့်လင်း သည့် တွေ့ဆုံမှုတစ်ရပ်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီထံမှ သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post