• Follow Us on

Home ႏုိင္ငံတကာတရားခံု႐ုံးမွာ ျမန္မာကံေကာင္းဖို႔ ဆုေတာင္းေပးတဲ့ အစၥေရးသံအမတ္ ေ၀ဖန္ခံရ

ႏုိင္ငံတကာတရားခံု႐ုံးမွာ ျမန္မာကံေကာင္းဖို႔ ဆုေတာင္းေပးတဲ့ အစၥေရးသံအမတ္ ေ၀ဖန္ခံရ

Share this post

ဘဂၤါလီ မူဆလင္မ်ားကို လူမ်ိဳးတံုးသတ္ျဖတ္မႈနဲ႔ စြပ္စြဲခံထားရတဲ့ ျမန္မာႏိုင္ငံရဲ႕ ေခါင္းေဆာင္ေတြကို ႏိုင္ငံ တကာခံု႐ုံးမွာ ကံေကာင္းဖို႔ ဆုေတာင္းေပးခဲ့တဲ့ ျမန္မာႏုိင္ငံဆိုင္ရာ အစၥေရးသံအမတ္ဟာ ဗုဒၶဟူးေန႔မွာ ေ၀ဖန္မႈမ်ားနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ျမန္မာႏုိင္ငံဆိုင္ရာ အစၥေရးသံအမတ္ ႐ုိနင္ ဂ်ီလာဟာ ႏိုင္ငံတကာတရားခံုရံုးမွာ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္ၿပီး တရားရင္ဆိုင္မႈမွာ အေကာင္းဆံုး ဆံုးျဖတ္ခ်က္နဲ႔ ကံေကာင္းဖို႔ တြစ္တာက တစ္ဆင့္ ဆုေတာင္းစကားေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ တြစ္တာမွာ ေရးသားခဲ့တာေတြကို ဂ်ီလာက ျပန္ဖ်က္ခဲ့ေပမယ့္ ေ၀ဖန္မႈေတြေပၚထြက္လာ ခဲ့ၿပီး သတင္းမီဒီယာတခ်ိဳ႕ကလည္း ဂ်ီလာရဲ႕တြစ္တာပို႔စ္ကို စခရင္ေရွာ့႐ုိက္ၿပီး သတင္းျပန္လည္ေရးသားခဲ့ပါ တယ္။

အခုလို ဆုေတာင္းစကားနဲ႔ပတ္သက္ၿပီး ဂ်ီလာနဲ႔ အစၥေရးႏုိင္ငံျခားေရး၀န္ႀကီးဌာနကို သတင္းမီဒီယာေတြက ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ တံု႔ျပန္ေျဖၾကားခဲ့ျခင္းမရွိခဲ့ပါဘူး။

တဲလ္လက္ဗီ တကၠသိုလ္ ႏုိင္ငံတကာဥပေဒပါေမာကၡ အဲလီရက္ လီဘလစ္က ဆိုးရြားတဲ့သံုးသပ္ခ်က္ျဖစ္တယ္ လို႔ ဂ်ီလာကို ေ၀ဖန္ခဲ့ၿပီး ဂ်ီလာက ဘာေၾကာင့္ အခုလိုထင္သလဲလို႔ တံု႔ျပန္ေမးျမန္းခဲ့ပါတယ္။

လီဘလစ္က အစၥေရးအေနနဲ႔ ဘယ္လို ေကာင္းမြန္တဲ့ ဆံုးျဖတ္ခ်က္ကို ေမွ်ာ္လင့္တာလဲလို႔ တံု႔ျပန္ေမးခြန္းထုတ္ ခဲ့ရာမွာေတာ့ ဂ်ီလာက အျငင္းပြားမႈရလဒ္ကို သိခ်င္တယ္လို႔ ေျဖၾကားခဲ့ပါတယ္။

Ref; https://www.timesofisrael.com/

#PeopleMedia #International

(Unicode)
နိုင်ငံတကာတရားခုံရုံးမှာ မြန်မာကံကောင်းဖို့ ဆုတောင်းပေးတဲ့ အစ္စရေးသံအမတ် ဝေဖန်ခံရ
………………………………………………………

ဘင်္ဂါလီ မူဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေကို နိုင်ငံ တကာခုံရုံးမှာ ကံကောင်းဖို့ ဆုတောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ဟာ ဗုဒ္ဓဟူးနေ့မှာ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် ရိုနင် ဂျီလာဟာ နိုင်ငံတကာတရားခုံရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး တရားရင်ဆိုင်မှုမှာ အကောင်းဆုံး ဆုံးဖြတ်ချက်နဲ့ ကံကောင်းဖို့ တွစ်တာက တစ်ဆင့် ဆုတောင်းစကားပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ တွစ်တာမှာ ရေးသားခဲ့တာတွေကို ဂျီလာက ပြန်ဖျက်ခဲ့ပေမယ့် ဝေဖန်မှုတွေပေါ်ထွက်လာ ခဲ့ပြီး သတင်းမီဒီယာတချို့ကလည်း ဂျီလာရဲ့တွစ်တာပို့စ်ကို စခရင်ရှော့ရိုက်ပြီး သတင်းပြန်လည်ရေးသားခဲ့ပါ တယ်။

အခုလို ဆုတောင်းစကားနဲ့ပတ်သက်ပြီး ဂျီလာနဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကို သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

တဲလ်လက်ဗီ တက္ကသိုလ် နိုင်ငံတကာဥပဒေပါမောက္ခ အဲလီရက် လီဘလစ်က ဆိုးရွားတဲ့သုံးသပ်ချက်ဖြစ်တယ် လို့ ဂျီလာကို ဝေဖန်ခဲ့ပြီး ဂျီလာက ဘာကြောင့် အခုလိုထင်သလဲလို့ တုံ့ပြန်မေးမြန်းခဲ့ပါတယ်။

လီဘလစ်က အစ္စရေးအနေနဲ့ ဘယ်လို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို မျှော်လင့်တာလဲလို့ တုံ့ပြန်မေးခွန်းထုတ် ခဲ့ရာမှာတော့ ဂျီလာက အငြင်းပွားမှုရလဒ်ကို သိချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

Ref; https://www.timesofisrael.com/

#PeopleMedia #International


Share this post