• Follow Us on

Home ႏ်ဴကလီးယားဆိုင္ရာရပ္တည္ခ်က္မ်ားပိုမိုျပင္းထန္ရန္၊ ကုလသမဂၢစံုစမ္းစစ္ေဆးမႈကိုရပ္ဆိုင္းရန္ဥပေဒကို အီရန္ဖြဲ႔စည္းပံုအေျခခံဥပေဒထိန္းသိမ္းေစာင့္ၾကပ္ေရးေကာင္စီအတည္ျပဳ

ႏ်ဴကလီးယားဆိုင္ရာရပ္တည္ခ်က္မ်ားပိုမိုျပင္းထန္ရန္၊ ကုလသမဂၢစံုစမ္းစစ္ေဆးမႈကိုရပ္ဆိုင္းရန္ဥပေဒကို အီရန္ဖြဲ႔စည္းပံုအေျခခံဥပေဒထိန္းသိမ္းေစာင့္ၾကပ္ေရးေကာင္စီအတည္ျပဳ

Share this post

ဒူဘိုင္း၊ ဒီဇင္ဘာ ၃
 
၂ လအတြင္း ပိတ္ဆို႔အေရးယူမႈမ်ားကို မေျဖေလွ်ာ့ပါက ႏ်ဴကလီးယားစခန္းမ်ားအား ကုလသမဂၢစစ္ေဆးမႈမ်ား ရပ္တန္႔ရန္ႏွင့္ ၂၀၁၅ အီရန္ႏ်ဴကလီးယားသေဘာတူစာခ်ဳပ္ကသတ္မွတ္ထားသည့္ပမာဏထက္ပို၍ ယူေရနီယံသတၱဳပိုႂကြယ္၀လာေစရန္ အီရန္အစိုးရကိုအကူအညီျဖစ္ေစမည့္ဥပေဒတရပ္ကို ဗုဒၶဟူးေန႔တြင္ အီရန္ဖြဲ႔စည္းပံုအေျခခံဥပေဒထိန္းသိမ္းေစာင့္ၾကပ္ေရးေကာင္စီက အတည္ျပဳသည္။
 
ၿပီးခဲ့သည့္တပတ္က အီရန္ထိပ္တန္းႏ်ဴကလီးယားသိပၸံပညာ႐ွင္လုပ္ၾကံခံရမႈကို တံု႔ျပန္သည့္အေနျဖင့္ အီရန္၏ေခါင္းမာသူမ်ားဦးေဆာင္သည့္လႊတ္ေတာ္က အီရန္ႏ်ဴကလီးယားရပ္တည္ခ်က္ကို ပိုမိုတင္းမာလာေစမည့္ဥပေဒကို အဂၤါေန႔တြင္ အီရန္လႊတ္ေတာ္က လူမ်ားစုေထာက္ခံၿပီးအတည္ျပဳခဲ့သည္။
 
အီရန္ဖြဲ႔စည္းပံုအေျခခံဥပေဒထိန္းသိမ္းေစာင့္ၾကပ္ေရးေကာင္စီသည္ ႐ွီးယိုက္အစၥလာမ္မစ္ဥပေဒမ်ား၊ အီရန္ဖြဲ႔စည္းပံုအေျခခံဥပေဒတို႔ႏွင့္ ဥပေဒၾကမ္းမ်ား ညီ၊ မညီ စစ္ေဆးေစာင့္ၾကည့္ရသည့္တာ၀န္ယူထားသည္။
 
သို႔ေသာ္ ကိစၥရပ္အားလံုးတြင္ ေနာက္ဆံုးဆံုးျဖတ္ခ်က္ခ်ႏိုင္သည့္ အီရန္ဘာသာေရးေခါင္ေဆာင္ အယာတိုလာ အလီ ခါေမနီက တစံုတရာမွတ္ခ်က္ျပဳျခင္းမ႐ွိေသးေခ်။
 
၂၀၁၈ ခုႏွစ္တြင္ အီရန္ႏ်ဴကလီးယားသေဘာတူစာခ်ဳပ္မွ အေမရိကန္ႏုတ္ထြက္ခဲ့ၿပီးေနာက္ပိုင္း အီရန္ကို အေမရိကန္က အျပင္းထန္ဆံုးဖိအားေပးေနၿပီး ထိုလုပ္ရပ္ကိုတံု႔ျပန္သည့္အေနျဖင့္ သေဘာတူညီခ်က္အ တိုင္းလိုက္နာမႈကို အီရန္က တျဖည္းျဖည္းခ်င္းရပ္ဆိုင္းေနသည္။
 
ယခုအတည္ျပဳလိုက္သည့္ဥပေဒေၾကာင့္ ဇန္နဝါရီ ၂၀ ရက္တြင္ သမၼတအျဖစ္ဆက္ခံရန္႐ွိေနသည့္ ေ႐ြး ေကာက္ခံ ဂ်ိဳး ဘိုင္ဒန္အတြက္ သေဘာတူညီခ်က္ကိုျပန္လည္၀င္ေရာက္ရန္ အခက္အခဲပိုမ်ားလာသည္။
အီရန္က သေဘာတူစာခ်ဳပ္ကို တင္းတင္းၾကပ္ၾကပ္လိုက္နာပါက အေမရိကန္က သေဘာတူညီခ်က္တြင္ျပန္ လည္ပါ၀င္ၿပီး ပိတ္ဆို႔အေရးယူမႈမ်ားကိုေျဖေလွ်ာ့ေပးမည္ဟု ဘိုင္ဒန္ကေျပာထားသည္။
 
Ref : Iran watchdog passes law on hardening nuclear stance, halting UN inspections
 
#PeopleMedia
 
(unicode)
နျူကလီးယားဆိုင်ရာရပ်တည်ချက်များပိုမိုပြင်းထန်ရန်၊ ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုကိုရပ်ဆိုင်းရန်ဥပဒေကို အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေထိန်းသိမ်းစောင့်ကြပ်ရေးကောင်စီအတည်ပြု
…………………………………………………………
 
ဒူဘိုင်း၊ ဒီဇင်ဘာ ၃
 
၂ လအတွင်း ပိတ်ဆို့အရေးယူမှုများကို မဖြေလျှော့ပါက နျူကလီးယားစခန်းများအား ကုလသမဂ္ဂစစ်ဆေးမှုများ ရပ်တန့်ရန်နှင့် ၂၀၁၅ အီရန်နျူကလီးယားသဘောတူစာချုပ်ကသတ်မှတ်ထားသည့်ပမာဏထက်ပို၍ ယူရေနီယံသတ္တုပိုကြွယ်ဝလာစေရန် အီရန်အစိုးရကိုအကူအညီဖြစ်စေမည့်ဥပဒေတရပ်ကို ဗုဒ္ဓဟူးနေ့တွင် အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေထိန်းသိမ်းစောင့်ကြပ်ရေးကောင်စီက အတည်ပြုသည်။
 
ပြီးခဲ့သည့်တပတ်က အီရန်ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်လုပ်ကြံခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်၏ခေါင်းမာသူများဦးဆောင်သည့်လွှတ်တော်က အီရန်နျူကလီးယားရပ်တည်ချက်ကို ပိုမိုတင်းမာလာစေမည့်ဥပဒေကို အင်္ဂါနေ့တွင် အီရန်လွှတ်တော်က လူများစုထောက်ခံပြီးအတည်ပြုခဲ့သည်။
 
အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေထိန်းသိမ်းစောင့်ကြပ်ရေးကောင်စီသည် ရှီးယိုက်အစ္စလာမ်မစ်ဥပဒေများ၊ အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် ဥပဒေကြမ်းများ ညီ၊ မညီ စစ်ဆေးစောင့်ကြည့်ရသည့်တာဝန်ယူထားသည်။
 
သို့သော် ကိစ္စရပ်အားလုံးတွင် နောက်ဆုံးဆုံးဖြတ်ချက်ချနိုင်သည့် အီရန်ဘာသာရေးခေါင်ဆောင် အယာတိုလာ အလီ ခါမေနီက တစုံတရာမှတ်ချက်ပြုခြင်းမရှိသေးချေ။
 
၂၀၁၈ ခုနှစ်တွင် အီရန်နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း အီရန်ကို အမေရိကန်က အပြင်းထန်ဆုံးဖိအားပေးနေပြီး ထိုလုပ်ရပ်ကိုတုံ့ပြန်သည့်အနေဖြင့် သဘောတူညီချက်အ တိုင်းလိုက်နာမှုကို အီရန်က တဖြည်းဖြည်းချင်းရပ်ဆိုင်းနေသည်။
 
ယခုအတည်ပြုလိုက်သည့်ဥပဒေကြောင့် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ်ဆက်ခံရန်ရှိနေသည့် ရွေး ကောက်ခံ ဂျိုး ဘိုင်ဒန်အတွက် သဘောတူညီချက်ကိုပြန်လည်ဝင်ရောက်ရန် အခက်အခဲပိုများလာသည်။
အီရန်က သဘောတူစာချုပ်ကို တင်းတင်းကြပ်ကြပ်လိုက်နာပါက အမေရိကန်က သဘောတူညီချက်တွင်ပြန် လည်ပါဝင်ပြီး ပိတ်ဆို့အရေးယူမှုများကိုဖြေလျှော့ပေးမည်ဟု ဘိုင်ဒန်ကပြောထားသည်။
 
Ref : Iran watchdog passes law on hardening nuclear stance, halting UN inspections
 
#PeopleMedia

Share this post