• Follow Us on

Home နျူကလီးယားထိပ်ဖူးများသယ်ဆောင်ထားသည့် ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်း ဂူဝမ်ကျွန်းသို့ ဆိုက်ကပ်ခဲ့

နျူကလီးယားထိပ်ဖူးများသယ်ဆောင်ထားသည့် ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်း ဂူဝမ်ကျွန်းသို့ ဆိုက်ကပ်ခဲ့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)

 

အင်ဒို-ပစိဖိတ်ဒေသတွင် တင်းမာမှုများမြင့်တက်နေသည့်ကြားမှ အမေရိကန်ရေတပ်၏ စွမ်းအားအကောင်းဆုံး စစ်လက်နက်ပစ္စည်းတစ်ခုဖြစ်သော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီးသည် လွန်ခဲ့သည့် သီတင်း  ပတ်အတွင်းက အမေရိကန်ပိုင်ဂူဝမ်ကျွန်းသို့ ကြုံတောင့်ကြုံခဲ ဝင်ရောက်လာကြောင်း ဆန်းစစ်လေ့လာသူများ က ပြောသည်။

 

Trident ပဲ့ထိန်းဒုံးကျည် အစင်း ၂၀ နှင့် နျူကလီးယားထိပ်ဖူး အများအပြားသယ်ဆောင်ထားသော အိုဟိုင်းယိုး အဆင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်သော ယူအက်စ်အက်စ်နီဗားဒါးသည် ဇန်နဝါရီလ ၁၅ ရက် နေ့က အမေရိကန်ပစိဖိတ်ကျွန်းပိုက်နက်ရှိ ရေတပ်အခြေစိုက်စခ်နးသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခု နှစ်ကတည်းက ယခုကဲ့သို့ ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောဝင်ရောက်လာသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက ရေငုပ်သင်္ဘောခရီးစဉ်ကို ကြေညာခဲ့သည်မှာ ဒုတိယအကြိမ်ဖြစ်သည်။

 

“အခုလို ဆိပ်ကမ်းကိုဝင်ရောက်လာတာဟာ ဒေသတွင်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေ ကြားက ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်လိုက်တာပဲဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ စွမ်းရည်၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု၊ တိုက်ပွဲဝင်အသင့်ဖြစ်မှုနဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်သွားမယ်ဆိုတာ သက်သေ ပြလိုက်တာလည်း ဖြစ်ပါတယ်။” ဟု အမေရိကန်ရေတပ်၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

 

အမေရိကန်ရေတပ်၊ ရေငုပ်သင်္ဘောအုပ်စုမှ ရေငုပ်သင်္ဘော ၁၄ စီး၏ ခရီးစဉ်ကို အစဉ်အမြဲ လျှို့ဝှက်ထားလေ့ရှိ သည်။ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများဖြစ်သည့်အတွက် တစ်ကြိမ်ရေငုပ်လျှင် ရေအောက်တွင် လ ပေါင်းများစွာ ငုပ်လျှိုးနေနိုင်သည့် သင်္ဘောများဖြစ်သည်။ အရာရှိ/ စစ်သည် ၁၅၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်ချက်နှင့် အုပ်ချုပ်မှုကိစ္စများအတွက်သာ အချိန်အကန့်အသတ်နှင့် ပြန်ပေါ်ရခြင်းဖြစ်သည်။

 

ဆိပ်ကမ်းတွင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်မွမ်းမံခြင်းများ တစ်လကြာမပြုလုပ်မီ အိုဟိုင်းယိုးအဆင့် ရေငုပ် သင်္ဘောများသည် ပင်လယ်ပြင်တွင် ပျမ်းမျှ ၇၇ ရက် နေထိုင်နိုင်ကြောင်း ရေတပ်ကပြောသည်။

 

ဝါရှင်တန်ရှိ ဘန်ဂါရေတပ်စခန်းနှင့် ဂျော်ဂျီယာရှိ ကီးစ်ဘေးရေတပ်စခန်းရှိ မိခင်တပ်ရင်းအခြေစိုက်စခန်းများ၏ အပြင်ဘက်တွင် ယခုလို ဓာတ်ပုံမျိုးတွေ့ရသည်မှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။

 

ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောများကိုဝန်းရံထားသည့် လျှို့ဝှက်မှုကြောင့် အမေရိကန် နိုင်ငံကုန်းတွင်းပိုင်း မြေ  အောက်နျူကလီးယားစခန်းရှိ ပဲ့ထိန်းဒုံးကျည် (တိုက်ချင်းပစ်ဒုံးကျည်များ)၊  B-2 ဗုံးကြဲလေယာဉ်များနှင့် B-52 ဗုံးကြဲလေယာဉ်များကဲ့သို့ နျူကလီးယားလက်နက်များသယ်ဆောင်နိုင်သော ဗုံးကြဲလေယာဉ်များအပါအဝင် သုံး ပွင့်ဆိုင် နျုကလီးယားလက်နက်များထဲတွင် အရေးအကြီးဆုံးသောလက်နက်ဖြစ်လာခဲ့သည်။

 

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများအစပျိုးလာမှုနှင့်အတူ မြောက်ကို ရီးယားနိုင်ငံကဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခဲ့သလို အမေရိကန်အစိုးရ အနေဖြင့်လည်း ၎င်းတို့၏နျူကလီးယား ထိပ်ဖူးများသယ်ဆောင်ထားသော ရေငုပ်သင်္ဘောများနှင့်အတူ တရုတ်အစိုးရနှင့် မြောက်ကိုရီးယားအစိုးရတို့ မ လုပ်နိုင်သည့် ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ကြေညာနိုင်ကြောင်း ဆန်းစစ်လေ့လာသူများကပြောသည်။

 

“ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြောလို့ရတယ်ဗျ။ ကျွန်တော်တို့ နျူကလီးယားထိပ်ဖူးအဟောင်း တွေ အစင်း ၁၀၀ လောက် ခင်ဗျားတို့ တံခါးဝမှာ ချထားခဲ့ပါပြီ။ ခင်ဗျားတို့ သိတောင် သိလိုက်မှာမဟုတ်ပါဘူး။” ဟု ပြောနိုင်ကြောင်း အမေရိကန်ရေတပ် ရေငုပ်သင်္ဘော CO ဟောင်း သောမတ်ရှုဂတ်က ပြောသည်။

 

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောစီမံကိန်းမှာ မွေးကင်းစအဆင့်တွင်သာရှိသေးပြီး တရုတ် နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောခြောက်စီးမှာ အမေရိကန်ရေတပ်ပိုင် ရေငုပ်သင်္ဘောများထက် သေး ငယ်ကြောင်း၊ တရုတ်ရေငုပ်သင်္ဘောများ၏ လက်နက်စနစ်များမှာလည်း အမေရိကန်ရေငုပ်သင်္ဘောများ၏လက် နက်စနစ်ကို မမီသည့်အပြင် အမေရိကန်ရေငုပ်သင်္ဘောများထက် အသံကျယ်လောင်လွန်းသဖြင့် အလွယ်တကူ ခြေရာခံနိုင်ကြောင်း လေ့လာသူများကပြောသည်။

 

Ref: One of the US Navy’s most powerful weapons makes a rare appearance in Guam

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: One of the US Navy’s most powerful weapons makes a rare appearance in Guam

 

#PeopleMedia


Share this post