• Follow Us on

Home ႏ်ဴကလီးယားလက္နက္မ်ား တ႐ုတ္ပိုမိုထုတ္လုပ္ရန္႐ွိေနဟု အေမရိ ကန္ဗိုလ္ခ်ဳပ္ႀကီးသတိေပး

ႏ်ဴကလီးယားလက္နက္မ်ား တ႐ုတ္ပိုမိုထုတ္လုပ္ရန္႐ွိေနဟု အေမရိ ကန္ဗိုလ္ခ်ဳပ္ႀကီးသတိေပး

Share this post

ဝါ႐ွင္တန္၊ စက္တင္ဘာ ၁၅

ျပည္တြင္းတြင္ ႏ်ဳကလီးယားလက္နက္မ်ားပိုမိုထုတ္လုပ္ေရးသည္ တ႐ုတ္ႏိုင္ငံ၏ရည္မွန္းခ်က္ျဖစ္ေၾကာင္း အေမရိကန္ျပည္ေထာင္စုတပ္မေတာ္၏ႏ်ဴကလီးယားလက္နက္ဆိုင္ရာတာ၀န္ခံက သတိေပးသည္။

ႏ်ဴကလီးယားတပ္ဖြဲ႔ကိုျပန္လည္ရင္းႏွီးမႈစတင္ရန္ အေမရိကန္တြင္ အမွားအယြင္းကန္႔သတ္မႈေဘာင္မ႐ွိခ်ိန္တြင္ တ႐ုတ္ႏိုင္ငံက တပ္မေတာ္ကို တည္ၿငိမ္စြာတည္ေဆာက္ထားႏိုင္သည့္စံခ်ိန္ကို သက္ေသျပေနေၾကာင္း တနလၤာေန႔က ပင္တဂြန္စစ္ဌာနခ်ဳပ္တြင္ သတင္းေထာက္မ်ားကို အေမရိကန္မဟာဗ်ဴဟာကြပ္ကဲေရး အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး ခ်ားလ္စ္ ရစ္ခ်တ္ကေျပာသည္။

ၿပီးခဲ့သည့္ ၇ ႏွစ္အတြင္း မၾကာေသးမီကမွတည္ေထာင္ထားသည့္ကမ္းေျခေစာင့္တပ္ဖြဲ႔အတြက္ တ႐ုတ္ႏိုင္ငံက သေဘၤာအစင္း ၂၅၀ တည္ေဆာက္ခဲ့ျခင္းကို ဥပမာအေနျဖင့္ သူကေျပာသည္။

အေမရိကန္ျပည္ေထာင္စုအေနျဖင့္ ႏ်ဳကလီးယားတိုက္ခိုက္မႈကို ေရငုပ္သေဘၤာမ်ား၊ ေလယာဥ္မ်ားႏွင့္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒံုးက်ည္မ်ားအသံုးျပဳၿပီး ေရေၾကာင္း၊ ေလေၾကာင္းႏွင့္ ေျမျပင္တို႔မွျပဳလုပ္ႏိုင္သည္။

လာမည့္ဆယ္စုႏွစ္တစ္ခုအတြင္း တ႐ုတ္ႏိုင္ငံသည္ ႏ်ဴကလီးယားထိပ္ဖူးပမာဏကို အနည္းဆံုး ၂ ဆတိုးႁမွင့္ႏိုင္ၿပီး တ႐ုတ္ႏိုင္ငံ၏ေရေၾကာင္း၊ ေလေၾကာင္းႏွင့္ေျမျပင္မွအသံုးျပဳႏိုင္သည့္ ႏ်ဴကလီးယား လက္နက္မ်ား႐ွိေနမႈကို စိုးရိမ္ေၾကာင္း ပင္တဂြန္က ယခုလအေစာပိုင္းတြင္ အစီရင္ခံစာထုတ္ျပန္သည္။

ထိုအစီရင္ခံစာႏွင့္ပတ္သတ္၍ တ႐ုတ္အစိုးရဘက္က တစံုတရာတံု႔ျပန္မႈမ႐ွိေခ်။

ကြန္ဂရက္လႊတ္ေတာ္သို႔တင္ျပရန္ စက္တင္ဘာ ၁ ရက္ကထုတ္ျပန္ခဲ့သည့္ ပင္တဂြန္၏ “တ႐ုတ္စစ္စြမ္း အား”အစီရင္ခံစာတြင္ ၿပီးခဲ့သည့္ ၁၅ ႏွစ္အတြင္း တ႐ုတ္ေရတပ္သည္ ႏ်ဴကလီးယားေရငုပ္သေဘၤာ ၁၂ စင္းတည္ေဆာက္ခဲ့ၿပီး ၆ စင္းသည္ တ႐ုတ္ႏိုင္ငံ၏ပထမဆံုးပင္လယ္ျပင္အေျခစိုက္ယံုၾကည္ရသည့္ ႏ်ဴကလီးယားအတားအဆီးမ်ားျဖစ္လာႏိုင္သည္။

Ref : Chinese Nuke Arsenal Next on Beijing’s ‘To-Do’ List, US Commander Warns

#PeopleMedia

(unicode)
နျူကလီးယားလက်နက်များ တရုတ်ပိုမိုထုတ်လုပ်ရန်ရှိနေဟု အမေရိ ကန်ဗိုလ်ချုပ်ကြီးသတိပေး
…………………………………………

ဝါရှင်တန်၊ စက်တင်ဘာ ၁၅

ပြည်တွင်းတွင် နျုကလီးယားလက်နက်များပိုမိုထုတ်လုပ်ရေးသည် တရုတ်နိုင်ငံ၏ရည်မှန်းချက်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုတပ်မတော်၏နျူကလီးယားလက်နက်ဆိုင်ရာတာဝန်ခံက သတိပေးသည်။

နျူကလီးယားတပ်ဖွဲ့ကိုပြန်လည်ရင်းနှီးမှုစတင်ရန် အမေရိကန်တွင် အမှားအယွင်းကန့်သတ်မှုဘောင်မရှိချိန်တွင် တရုတ်နိုင်ငံက တပ်မတော်ကို တည်ငြိမ်စွာတည်ဆောက်ထားနိုင်သည့်စံချိန်ကို သက်သေပြနေကြောင်း တနင်္လာနေ့က ပင်တဂွန်စစ်ဌာနချုပ်တွင် သတင်းထောက်များကို အမေရိကန်မဟာဗျူဟာကွပ်ကဲရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ချားလ်စ် ရစ်ချတ်ကပြောသည်။

ပြီးခဲ့သည့် ၇ နှစ်အတွင်း မကြာသေးမီကမှတည်ထောင်ထားသည့်ကမ်းခြေစောင့်တပ်ဖွဲ့အတွက် တရုတ်နိုင်ငံက သင်္ဘောအစင်း ၂၅၀ တည်ဆောက်ခဲ့ခြင်းကို ဥပမာအနေဖြင့် သူကပြောသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် နျုကလီးယားတိုက်ခိုက်မှုကို ရေငုပ်သင်္ဘောများ၊ လေယာဉ်များနှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များအသုံးပြုပြီး ရေကြောင်း၊ လေကြောင်းနှင့် မြေပြင်တို့မှပြုလုပ်နိုင်သည်။

လာမည့်ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံသည် နျူကလီးယားထိပ်ဖူးပမာဏကို အနည်းဆုံး ၂ ဆတိုးမြှင့်နိုင်ပြီး တရုတ်နိုင်ငံ၏ရေကြောင်း၊ လေကြောင်းနှင့်မြေပြင်မှအသုံးပြုနိုင်သည့် နျူကလီးယား လက်နက်များရှိနေမှုကို စိုးရိမ်ကြောင်း ပင်တဂွန်က ယခုလအစောပိုင်းတွင် အစီရင်ခံစာထုတ်ပြန်သည်။

ထိုအစီရင်ခံစာနှင့်ပတ်သတ်၍ တရုတ်အစိုးရဘက်က တစုံတရာတုံ့ပြန်မှုမရှိချေ။

ကွန်ဂရက်လွှတ်တော်သို့တင်ပြရန် စက်တင်ဘာ ၁ ရက်ကထုတ်ပြန်ခဲ့သည့် ပင်တဂွန်၏ “တရုတ်စစ်စွမ်း အား”အစီရင်ခံစာတွင် ပြီးခဲ့သည့် ၁၅ နှစ်အတွင်း တရုတ်ရေတပ်သည် နျူကလီးယားရေငုပ်သင်္ဘော ၁၂ စင်းတည်ဆောက်ခဲ့ပြီး ၆ စင်းသည် တရုတ်နိုင်ငံ၏ပထမဆုံးပင်လယ်ပြင်အခြေစိုက်ယုံကြည်ရသည့် နျူကလီးယားအတားအဆီးများဖြစ်လာနိုင်သည်။

Ref : Chinese Nuke Arsenal Next on Beijing’s ‘To-Do’ List, US Commander Warns

#PeopleMedia


Share this post