• Follow Us on

Home ေရနံေခ်ာင္းၿမိဳ႕တြင္ တရားမ၀င္ကံစမ္းမဲကတ္ျပားမ်ား လွည့္လည္ေရာင္းခ်သူမ်ားကို ေလာင္းကစားဥပေဒျဖင့္ ဖမ္းဆီး

ေရနံေခ်ာင္းၿမိဳ႕တြင္ တရားမ၀င္ကံစမ္းမဲကတ္ျပားမ်ား လွည့္လည္ေရာင္းခ်သူမ်ားကို ေလာင္းကစားဥပေဒျဖင့္ ဖမ္းဆီး

Share this post

ရန္ကုန္၊ စက္တင္ဘာ-၁၅

မေကြးတိုင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕ သုံးဆယ့္ေျခာက္ေက်းရြာအုပ္စု စက္မႈဇုံ အနီးတြင္ တရားမဝင္ ကံစမ္းမဲကတ္ျပားမ်ားလွည့္လည္ေရာင္းခ်ေနသူမ်ားကို ေရနံေခ်ာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕က စက္တင္ဘာ ၁၄ ရက္ေန႔က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ျဖစ္စဉ္မွာ SUZUKI Hijet ယာဉ္ေပၚတြင္ မိုးကာစအုပ္မိုး၍ ကြယ္ဝွက္လာသည္ကိုမသကၤာ၍ စစ္ေဆး ရာ တရားမဝင္မဲျပားမ်ား သယ္ေဆာင္လာသည္ကိုေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ဆက္လက္ၿပီး ကံစမ္းမဲအေရအတြက္အမ်ားအျပားပါရွိေသာ ကတ္ျပားတစ္ခ်ပ္လွ်င္ ေငြက်ပ္တစ္သိန္း တန္ဖိုးရွိ ပစၥည္းအမ်ားအျပားပါဝင္ၿပီး ကတ္ျပားေပါင္း ၁၀ ခ်ပ္၊ ေရာင္းၿပီး ကံစမ္းမဲကတ္ျပား ၃ ခ်ပ္၊ ျဖန္႔ေဝၿပီး လူအမည္ စာရင္းေရးသားထားသည့္ စာအုပ္ႏွင့္ ေငြက်ပ္တစ္သိန္း၊ ဖုန္းတစ္လုံးတို႔ကို ေက်ာက္ပန္းေတာင္းၿမိဳ႕၊ ျပည္ေတာ္သာရပ္ေန၊ ယာဉ္ေမာင္း ထြဋ္ထြဋ္ဦး (၃၆) ႏွစ္ထံမွ သိမ္းဆည္း ရမိခဲ့သည္။

၎တို႔ကို လက္မွတ္ကုန္းနယ္ေျမရဲစခန္းမွ(ပ)၁၂၆/၂၀၂၀ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားသည္။

သက္ေနာင္ (မင္းလွ)

#PeopleMedia #ေရနံေခ်ာင္း

(unicode)
ရေနံချောင်းမြို့တွင် တရားမဝင်ကံစမ်းမဲကတ်ပြားများ လှည့်လည်ရောင်းချသူများကို လောင်းကစားဥပဒေဖြင့် ဖမ်းဆီး
……………………………………………………..

ရန်ကုန်၊ စက်တင်ဘာ-၁၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု စက်မှုဇုံ အနီးတွင် တရားမဝင် ကံစမ်းမဲကတ်ပြားများလှည့်လည်ရောင်းချနေသူများကို ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ SUZUKI Hijet ယာဉ်ပေါ်တွင် မိုးကာစအုပ်မိုး၍ ကွယ်ဝှက်လာသည်ကိုမသင်္ကာ၍ စစ်ဆေး ရာ တရားမဝင်မဲပြားများ သယ်ဆောင်လာသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ကံစမ်းမဲအရေအတွက်အများအပြားပါရှိသော ကတ်ပြားတစ်ချပ်လျှင် ငွေကျပ်တစ်သိန်း တန်ဖိုးရှိ ပစ္စည်းအများအပြားပါဝင်ပြီး ကတ်ပြားပေါင်း ၁၀ ချပ်၊ ရောင်းပြီး ကံစမ်းမဲကတ်ပြား ၃ ချပ်၊ ဖြန့်ဝေပြီး လူအမည် စာရင်းရေးသားထားသည့် စာအုပ်နှင့် ငွေကျပ်တစ်သိန်း၊ ဖုန်းတစ်လုံးတို့ကို ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာရပ်နေ၊ ယာဉ်မောင်း ထွဋ်ထွဋ်ဦး (၃၆) နှစ်ထံမှ သိမ်းဆည်း ရမိခဲ့သည်။

၎င်းတို့ကို လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ(ပ)၁၂၆/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်။

သက်နောင် (မင်းလှ)

#PeopleMedia #ရေနံချောင်း


Share this post