• Follow Us on

Home နျူကလီးယားလက်နက်များ ထိန်းချုပ်ရေး/ ယူကရိန်းအရေး အမေရိကန်နှင့် ရုရှားတို့ ဇန်နဝါရီလအတွင်း ဆွေးနွေးမည်

နျူကလီးယားလက်နက်များ ထိန်းချုပ်ရေး/ ယူကရိန်းအရေး အမေရိကန်နှင့် ရုရှားတို့ ဇန်နဝါရီလအတွင်း ဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉ (People Media)

 

ပြိုင်ဘက်နှစ်နိုင်ငံကြား နျူကလီးယားလက်နက်များထိန်းချုပ်ရေး၊ ယူကရိန်းအရေးမြင့်တက်လာသည့်တင်းမာမှု များ ညှိနှိုင်းဆွေးနွေးရေးနှင့်ပတ်သက်၍ လာမည့်ဇန်နဝါရီလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ ဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်နေ့က AFP သ တင်းဌာနကိုပြောသည်။

 

“အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံနဲ့ ဆွေးနွေးဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ စားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးခွင့်ရပြီဆိုရင် ရုရှားဘက်က စိုးရိမ်ပူပန်မှုတွေကို ပြောလို့ရသလို ရုရှားရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က စိုးရိမ်ပူပန်နေတာတွေကိုလည်း ဆွေးနွေးသွားမှာပါ။” ဟု အမည်မဖော်လိုသော အမျိုး သားလုံခြုံရေးကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောသည်။ နှစ်ဖက်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း ၎င်းကပြောသည်။

 

ရုရှားနိုင်ငံနှင့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ the Organization for Security and Co-operation in Europe (OSCE) တို့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသလို ရုရှားအစိုးရနှင့် နေတိုးအဖွဲ့ကိုယ်စားလှယ်များသည်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တွေ့ဆုံရန် မျှော်လင့်ထားကြကြောင်း ၎င်းကပြောသည်။

 

ဇွန်လအတွင်းက ဂျီနီဗာတွင်ကျင်းပခဲ့သောအစည်းအဝေးတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သဘောတူညီခဲ့သော မဟာဗျူဟာမြောက်လုံခြုံရေးဆွေးနွေးပွဲအစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဇန်နဝါရီလ ၁၀ ရက်နေ့ အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်သည်။

 

ယင်းအစည်းအဝေးမှာ စစ်အေးခေတ်လွန်ကာလ နျူကလီးယားလက်နက်များထိန်းချုပ်ရေးစာချုပ်များကို ပြန် လည်ဖော်ထုတ်ရန် အမည်သတ်မှတ်ပေးထားသော်လည်း နယ်စပ်ဒေသတွင် ရုရှားတပ်ဖွဲ့များ အင်အားအလုံး အရင်းတပ်ဖြန့်ချထားသည့် ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

 

နေတိုးအဖွဲ့နှင့် ရုရှားကောင်စီ တွေ့ဆုံပွဲနှင့် ရုရှားအစိုးရနှင့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့ တွေ့ဆုံဆွေးနွေးပွဲများတွင် ယူကရိန်းအရေးကို အဓိကထားဆွေးနွေးသွားကြရန် သဘောတူညီ ထားကြကြောင်း ၎င်းကပြောသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းကိုကျူးကျော်သိမ်းပိုက်ရန် ခြိမ်းခြောက်နေသည်ဟု အနောက်နိုင်ငံများကစွပ်စွဲထား သော်လည်း ရုရှားသမ္မတပူတင်က အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး ရုရှားတပ်များ၏ လှုပ်ရှားမှုများမှာ အ နောက်နိုင်ငံများ၏ ကျူးကျော်ထိပါးလာမည်ရန်မှ ရုရှားနိုင်ငံကို ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ပြောသည်။

 

Ref: US, Russia to hold talks on arms control, Ukraine on January 10

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 

Ref: US, Russia to hold talks on arms control, Ukraine on January 10

 

#PeopleMedia


Share this post