• Follow Us on

Home ရိုဟင်ဂျာအရေးဖြေရှင်းနိုင်ရေး မြန်မာအစိုးရနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆက်ဆံရေးထူထောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်တိုက်တွန်း

ရိုဟင်ဂျာအရေးဖြေရှင်းနိုင်ရေး မြန်မာအစိုးရနှင့် အဆက်အသွယ်ဖြတ်တောက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆက်ဆံရေးထူထောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်တိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀ (People Media)

 

ရိုဟင်ဂျာဒုက္ခသည်အရေး ကိုင်တွယ်ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးတစ်ရပ်ထူထောင်သင့်ပြီး မြန်မာစစ်အစိုးရနှင့် အဆက်အသွယ်ဖြတ် တောက်သင့်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးက ပြောကြားလိုက်သည်။

 

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒီတာဝန်တွေကို တစ်နိုင်ငံတည်း တာဝန်မယူနိုင်သလို တစ်နိုင်ငံတည်းကတာဝန်ယူ တာမျိုးလည်း မဖြစ်သင့်ပါဘူး” ဟု ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဒါကာမြို့၌ကျင်းပသော သတင်းစာရှင်းလင်း ပွဲတွင်  မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက  ပြောသည်။

 

“ဒီပြဿနာရဲ့ ဇစ်မြစ်နဲ့ ဒီပြဿာနာရဲ့နောက်ဆုံးဖြေရှင်းရမယ့်အဖြေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမဟုတ်ပါဘူး။ မြန် မာနိုင်ငံပါ” ဟု ၎င်းကပြောသည်။

 

ရိုဟင်ဂျာများသည် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက အိမ်နီးချင်း မြန်မာနိုင်ငံမှ နှိပ်စက်ညှင်းပန်းမှုနှင့် အကြမ်း ဖက်မှုများကြောင့် လူဦးရေ ၇၀၀,၀၀၀ ကျော်ထွက်ပြေးလာကြသည့် လူမျိုးစုတစ်စုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင် ငံသည် ထိုစဉ်ကတည်းက ဒုက္ခသည်တစ်သန်းနီးပါးကို လူဦးရေပြည့်ကျပ်သိပ်နေသော ဒုက္ခသည်စခန်းများတွင် ခိုလှုံခွင့်ပေးထားခဲ့သည်။

 

လူဦးရေ သန်း ၁၆၀ ကျော်ရှိပြီး လူဦးရေထူထပ်လှသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဒုက္ခသည်အကျပ်အ တည်းကြောင့် အလွန်အမင်းဝန်ထုပ်ဝန်ပိုးဖြစ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိများကပြောသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်တွင်း ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ပြန်လည်ဆန်းစစ်လေ့လာရန် ကုလသမဂ္ဂအထူးကိုယ် စားလှယ် တွမ်အင်ဒရူးသည် ရိုဟင်ဂျာဒုက္ခသည်များ၊ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ အရာရှိ များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

 

“မြန်မာစစ်အစိုးရအပေါ် ဖိအားပေးဖို့ ပြဋ္ဌာန်းခြင်းအပါအဝင် ဒီပြဿနာအတွက် ပိုပြီးပေါင်းစပ်ညှိနှိုင်းထားတဲ့ နိုင် ငံတကာတုံ့ပြန်မှုတွေ ပိုမိုရရှိရေးတောင်းဆိုဖို့အတွက်နဲ့ ဒီပြဿနာအတွက် မြန်မာစစ်အစိုးရက အပြည့်အဝတာ ဝန်ခံဖို့အရေး သေချာတဲ့အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ကျွန်တော်အစွမ်းရှိသမျှ အားသွန်ခွန် စိုက် ဆောင်ရွက်သွားပါမယ်” ဟု တွမ်အင်ဒရူးက  ပြောသည်။

 

လိုအပ်ပါက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်အစိုးရဝင်ငွေရနေသည့် ရပေါက်ရလမ်းများကို ပိတ်ဆို့ထားသင့်ကြောင်း ၎င်းကပြောသည်။ မြန်မာစစ်အစိုးရကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ ရိုဟင် ဂျာများအပေါ်အကြမ်းဖက်မှုအတွက် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စွဲချက်တင်၍ တရားစွဲဆိုသွားရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂက ကမကထပြုလုပ်ပေးခဲ့သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က  ထောက်ခံခဲ့သည်။

 

“မြန်မာစစ်တပ်ဟာ အင်မတန်ကြီးမားတဲ့စစ်တပ်ပါ။ မြန်မာစစ်တပ်ဟာ အရှိန်အဝါကြီးပြီး ကိုင်တွယ်ရအလွန် ခက်ခဲပါတယ်။ ဒါပေမဲ့ ကြီးမားလှတဲ့စစ်တပ်ကြီးတွေဟာ (သူ့တပ်ကို) ထောက်ပံ့ဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲစေဖို့ အတွက် အလွန်အရေးပါတဲ့အရင်းအမြစ်တွေကို သုံးစွဲရပါတယ်။ ကျွန်တော်ထင်ပါတယ် … စစ်အစိုးရရဲ့ဘဏ္ဍာ တိုက်ထဲကို စီးဝင်နေပြီး ဒီရက်စက်မှုတွေကို ဖြစ်ပေါ်စေတဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို ရှာဖွေဖော်ထုတ် နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ ပိုကောင်းတဲ့အလုပ်တွေကို လုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါ တယ်” ဟု တွမ်အင်ဒရူးက ပြောသည်။

 

ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအစွန်အဖျားရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ပြန်လည်နေရာချထားနိုင် ရေးအတွက် ပူးပေါင်းကူညီရန် သဘောတူစာချုပ်တစ်ခုကို ယခုနှစ် အောက်တိုဘာလအတွင်းက ကုသမဂ္ဂနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ရိုဟင်ဂျာဒုက္ခသည် ၁၉,၀၀၀ ကျော်ကို ဒုက္ခသည်စခန်း များမှ ယင်းကျွန်းသို့ ပို့ဆောင်ထားပြီးဖြစ်သည်။

 

“ကူတူပါလောက်ဒုက္ခသည်စခန်းကဖြစ်စေ၊ ဘာဆန်ချာဒုက္ခသည်စခန်းကဖြစ်စေ  ကျွန်တော်နဲ့တွေ့ဆုံစကား ပြောခဲ့တဲ့ ရိုဟင်ဂျာတိုင်းက သူတို့သဘောဆန္ဒအလျောက် အိမ်ပြန်ချင်ကြပါတယ်။ ဘေးကင်းလုံခြုံစွာ၊ ဂုဏ် သိက္ခာရှိစွာ သူတို့ အိမ်ပြန်ချင်နေကြပါတယ်” ဟု ၎င်းကပြောသည်။

 

Ref: Do more to resolve Rohingya crisis: UN envoy in Bangladesh

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Do more to resolve Rohingya crisis: UN envoy in Bangladesh

 

#PeopleMedia


Share this post