• Follow Us on

Home ရုရှားကာကွယ်ရေးဝန်ကြီးအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေး


Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၅

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီုအီဂူသည် ယမန်နေ့က ပြည်တွင်း ဖြစ် “စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ထိုးခဲ့ကြောင်း သိရသည်။



အိန္ဒိယနိုင်ငံရှိ ရုရှားသံရုံး၏ တရားဝင် တွစ်တာလူမှုကွန်ရက်၌ ယမန်နေ့က ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီုအီဂူ “စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနေပုံကို တင်ခဲ့သည်။

ရုရှားတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် တပ်မတော်အရာရှိများ ပထမဆုံး ဆန္ဒအလျှောက် ဗိုင်းရပ်စ်ကာကွယ်ဆေး အထိုးခံမည်ဖြစ်ပြီး နောက်ပိုင်း တပ်မတော်တစ်ခုလုံးမှ တပ်ဖွဲ့ဝင်များကို ထိုးပေးမည်ဟု ဆာဂျီရှီုအီဂူက ပြောကြားခဲ့သည်။


ထို့နောက်ပိုင်း မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘရာနင်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂျီရှီုအီဂူတို့ အပါအ ဝင် အဆင့်မြင့်အရာရှိကြီးများက ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးခဲ့ကြသည်။

ကိုးကား – စီဂျီတီအင်န်


#PeopleMedia

(unicode)
ရုရှားကာကွယ်ရေးဝန်ကြီးအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပေး
…………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၅

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှုီအီဂူသည် ယမန်နေ့က ပြည်တွင်း ဖြစ် “စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရော ဂါကာကွယ်ဆေး ထိုးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံထုတ်“စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက လူသားများနှင့် လက်တွေ့စမ်းသပ် ရာတွင် ပြင်းထန်သောဆိုးကျိုးမရှိပဲ ရောဂါခုခံအား ချက်ချင်း ပြသခဲ့သည်။

လန်ဆက်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကနဉီးတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လက် တွေ့စမ်းသပ်မှု အစောပိုင်းအဆင့် ရလဒ်များအရ ကာကွယ်ဆေးဖော်ထုတ်မှုနှစ်မျိုးက အန္တရာယ်ကင်းကြောင်း ၄၂ ရက်ကြာ သတိပြုမိခဲ့ပြီး ၂၁ ရက်အတွင်း ဆေးထိုးခံသူအားလုံး ရောဂါခုခံအား ပြသခဲ့သည်။

အိန္ဒိယနိုင်ငံရှိ ရုရှားသံရုံး၏ တရားဝင် တွစ်တာလူမှုကွန်ရက်၌ ယမန်နေ့က ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှုီအီဂူ “စပွတ်ညစ် ဗွီ” ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနေပုံကို တင်ခဲ့သည်။

ရုရှားတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် တပ်မတော်အရာရှိများ ပထမဆုံး ဆန္ဒအလျှောက် ဗိုင်းရပ်စ်ကာကွယ်ဆေး အထိုးခံမည်ဖြစ်ပြီး နောက်ပိုင်း တပ်မတော်တစ်ခုလုံးမှ တပ်ဖွဲ့ဝင်များကို ထိုးပေးမည်ဟု ဆာဂျီရှုီအီဂူက ပြောကြားခဲ့သည်။

အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားနိုင်ငံက သြဂုတ်လ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။ သမ္မတ ဗ လာဒီမာပူတင်က ထိုသတင်းကို နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာခဲ့ပြီး သမီးဖြစ်သူတစ်ဦးလည်း ထိုကာကွယ် ဆေးထိုးခဲ့ရာ ဘေးထွက်ဆိုးကျိုးမများပဲ ရောဂါခုခံအားကောင်းမွန်သည်ဟု ဆိုသည်။

ထို့နောက်ပိုင်း မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘရာနင်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂျီရှုီအီဂူတို့ အပါအ ဝင် အဆင့်မြင့်အရာရှိကြီးများက ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးခဲ့ကြသည်။

ကိုးကား – စီဂျီတီအင်န်

Ref; Russian Defense Minister injected with COVID-19 vaccine after it passed early trial test

#PeopleMedia


Share this post