• Follow Us on

Home ရုရှားက တရုတ်ကို စစ်ရေးအကူအညီတောင်းခံကြောင်း အမေရိကန်အရာရှိတွေပြော

ရုရှားက တရုတ်ကို စစ်ရေးအကူအညီတောင်းခံကြောင်း အမေရိကန်အရာရှိတွေပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေစဉ်အတွင်း စစ်လက်နက်ပစ္စည်းတွေအကူအညီပေးဖို့ တောင်းဆိုထားကြောင်း အမေရိကန်အရာရှိတွေကပြောပါတယ်။

 

ယူကရိန်းစစ်ပွဲအစပိုင်းကတည်းက ရုရှားနိုင်ငံက တရုတ်နိုင်ငံကို စစ်လက်နက်ပစ္စည်းတွေနဲ့ တခြားအကူအညီ တွေတောင်းဆိုခဲ့ကြောင်း အမေရိကန်အရာရှိတွေက Financial Times ကို ပြောပေမဲ့ ရုရှားနိုင်ငံက ဘာအကူ အညီတွေတောင်းထားတယ်ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

တရုတ်နိုင်ငံက ရုရှားကို ကူညီဖို့ပြင်ဆင်နေနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေစဉ်အတွင်းမှာ အမေ ရိကန်က မဟာမိတ်နိုင်ငံတွေကိုသတိပေးဖို့ စိုင်းပြင်းနေတယ်လို့ ရုရှားအရေးနဲ့ နီးစပ်တဲ့ တခြားအမေရိကန် အ ရာရှိတစ်ဦးက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲ တတိယပတ်ထဲကိုရောက်လာတဲ့အချိန်မှာ ရုရှားနိုင်ငံဟာ တချို့လက်နက်ခဲယမ်းတွေ ပြတ် တောက်လုနီးနီးဖြစ်နေတဲ့ အရိပ်လက္ခဏာတွေတွေ့နေရတယ်လို့ တခြားအမေရိကန်အရာရှိတွေက ပြောပါ တယ်။

 

အိမ်ဖြူတော်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အသံထွက်မလာပါဘူး။

 

ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တုံ့ပြန်ပြောကြားခြင်းမရှိပါဘူး။

 

တရုတ်နိုင်ငံခြားရေးမူဝါဒထိပ်တန်းအရာရှိဖြစ်တဲ့ ယောင်ကျယ်ချီးလ်နဲ့ တနင်္လာနေ့မှာတွေ့ဆုံဆွေးနွေးဖို့ အမေ ရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန် ရောမမြို့ကိုသွားရောက်ဖို့ စဉ်စီနေစဉ်အတွင်းမှာ အခု ထုတ်ဖော်ပြောကြားမှု ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

 

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက သမ္မတပူတင်နဲ့ ရုရှားအစိုးရအပေါ်ချမှတ်ထားတဲ့ စီးပွားရေးအရေးယူပိတ် ဆို့မှုတွေကို ရှောင်တိမ်းနိုင်ဖု့ိ ရုရှားအစိုးရကို ကူညီခြင်းအားဖြင့် ရုရှားကို ကယ်ထုတ်ဖို့ ကြိုးစားတာမျိုး မလုပ်ဖို့ တနင်္ဂနွေနေ့က ဝါရှင်တန်ကမထွက်ခွာခင်မှာ ဆူလီဗန်က တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။

 

“တရုတ်နိုင်ငံဖြစ်စေ တခြားဘယ်နိုင်ငံကပဲဖြစ်စေ အဲဒီဆုံးရှုံးမှုတွေအတွက် ရုရှားနိုင်ငံကို အစားထိုးပေးဖို့မလုပ် နိုင်အောင် ကျွန်တော်တို့ တိတိကျကျဆောင်ရွက်သွားမှာပါ။” လို့ ဆူလီဗန်က NBC ရုပ်သံဌာနကို တနင်္ဂနွေနေ့ က ပြောပါတယ်။

 

“အသေးစိတ်လုပ်ကိုင်ဆောင်ရွက်မှာနဲ့ ပတ်သက်ပြီး အားလုံးကို လူသိရှင်ကြားချပြမှာတော့ မဟုတ်ပါဘူး။ ဒါပေ မဲ့ ကျွန်တော်တို့အရင်တုန်းကလုပ်ခဲ့သလိုပဲ တရုတ်နိုင်ငံကို သီးသန့်ဆက်သွယ်သွားမှာဖြစ်ပြီး ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

နေတိုးမဟာမိတ်အဖွဲ့ကနေ စီးပွားရေးပိတ်ဆို့အရေးယူတဲ့ကိစ္စအထိ အမေရိကန်နိုင်ငံအပေါ် ရုရှားနဲ့ တရုတ် နှစ် နိုင်ငံက ပြင်းထန်စွာကန့်ကွက်ကြောင်းဖော်ပြနေစဉ်အတွင်းမှာ ပိုမိုခိုင်မာလာတဲ့ တရုတ်-ရုရှား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး မေးခွန်းအသစ်တွေထွက်ပေါ်လာနေပါတယ်။

 

တရုတ်နိုင်ငံက ယူကရိန်းအရေးမှာ ဘက်မလိုက်ကြားနိုင်ငံအဖြစ် ကိုယ့်ကိုယ်ကိုယ်သရုပ်ဖော်ထားပြီး ယူကရိန်း ကို ရုရှားနိုင်ငံကကျူးကျော်တာကိုလည်း ပြစ်တင်ရှုတ်ချခြင်းမလုပ်ခဲ့ပါဘူး။

 

Ref: U.S. officials say Russia has asked China for military help in Ukraine: FT

 

(unicode)


………………………………………

 


 


 


 


 


 

အိမျဖွူတောျကတော့ ဒီကိစ်စနဲ့ပတျသကျလို့ အသံထှကျမလာပါဘူး။

 


 


 


 


 


 


 


 

Ref: U.S. officials say Russia has asked China for military help in Ukraine: FT


Share this post