• Follow Us on

Home အမရပူရမြို့နယ်တွင် SCANIA (၂၂) ဘီးတွဲကားပေါ်မှ ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိ

အမရပူရမြို့နယ်တွင် SCANIA (၂၂) ဘီးတွဲကားပေါ်မှ ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် SCANIA (၂၂) ဘီးတွဲကားပေါ်မှ ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ပူးပေါင်းအဖွဲ့သည် မတ်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ် တော်ကားဝင်းတွင် သန်းထိုက်(ခ)သံနိုင်(၂၆)နှစ် မောင်းနှင်သည့် SCANIA ၂၂ ဘီးတွဲကားကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်ကြသည့် အိုက် (မက်သ်အဖက်တမင်း) ၁ ဒသမ ၁၈ တန် နှင့် ကတ်တမင်း ၁၁၁ ကီလိုတို့ သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(unicode)


…………………………………………….

 


 


 



Share this post