• Follow Us on
Latest News

Home ရုရှားစစ်သင်္ဘောများ အက်ဇော့ပင်လယ်ပြင်ကို ဝင်ရောက်

ရုရှားစစ်သင်္ဘောများ အက်ဇော့ပင်လယ်ပြင်ကို ဝင်ရောက်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁ (People Media)

 

ရုရှားစစ်သင်္ဘောတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အက်ဇော့ပင်လယ်ထဲကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

 

ရုရှားစစ်သင်္ဘောတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ခါ့ချ်ရေလက်ကြားကိုဖြတ်သန်းပြီး အက်ဇော့ပင်လယ် ပြင်ကို ဝင်ရောက်သွားတဲ့ပုံတွေကို လူမှုကွန်ရက်တွေနဲ့ တယ်လီဂရမ်ပေါ်မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

 

စစ်သင်္ဘောအုပ်စုမှာ ရိုပူချာအဆင့် ကမ်းတက်ရေယာဉ်တွေဖြစ်တဲ့ “Novocherkassk” နဲ့ “Caesar Kunikov” တို့အပြင် အယ်လီဂေတာအဆင့် ကမ်းတက်ရေယာဉ်ဖြစ်တဲ့ “Saratov” တို့ဟာ ဒုံးကျည်တင်ကောဗတ်ရေ ယာဉ်၊ ကင်းလှည့်ရေယာဉ်တွေနဲ့အတူ အက်ဇော့ပင်လယ်ထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။

 

ဒါ့အပြင် ရုရှားကသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ပင်လယ်နက် ဒေသမှာ ရုရှားတပ်ဖွဲ့ဝင်အများအပြား ကမ်းတက်လေ့ကျင့်ရေးဆောင်ရွက်နေကြတယ်လို့ BlackSeaNews အွန်လိုင်းမီဒီယာရဲ့ အယ်ဒီတာချုပ် အန်ဒရီကလီမန်ကိုက ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံ၊ ခါဆွန်ဒေသ၊ စကာ့ဒါ့ဗ်မြို့နဲ့ ကပ်နေတဲ့နေရာမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မြောက်ပိုင်းနဲ့ ဘော်လတစ်ရေတပ်အုပ်စုက ကမ်းတက်ရေယာဉ်ခြောက်စီးအပါအဝင် ရုရှား စစ်သင်္ဘော ဆယ့်နှစ်စီး ပါဝင်လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

 

စစ်ရေးေ့လကျင့်မှုကို ခရိုင်းမီးယားဒေသရဲ့ Bakalska Spit မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၁၁ နာရီ ၅၀ မှာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အန်ဒရီကလီမန်ကိုက ပြောပါတယ်။

 

“ကမ်းတက်ရေယာဉ်ကြီးတွေ ၆ စီးပါဝင်ပါတယ်။ ၃ စီးက ရုရှားဖက်ဒရေးရှင်းရဲ့ မြောက်ပိုင်းရေတပ်အုပ်စုကပါ။ နောက် ၃ စီးက ဘော်လတစ်ရေတပ်အုပ်စုကဖြစ်ပါတယ်။ ဒုံးကျည်တင်ကော်ဗတ်စစ်ရေယာဉ်လည်းပါတယ်။ မိုင်းရှင်းသင်္ဘောလည်းပါတယ်။ ပြီးတော့ ရုရှားဖက်ဒရေးရှင်းရဲ့ ပင်လယ်နက်ရေတပ်အုပ်စုက ကယ်ဆယ်ရေးနဲ့ သင်္ဘောဆွဲ စစ်ရေယာဉ် ၃ စီးလည်းပါတယ်။ ကမ်းခြေစောင့်တိုက်ရေယာဉ်တွေလည်းပါပါတယ်။” လို့ ကလီမန် ကိုက ရေးသားဖော်ပြခဲ့ပါတယ်။

 

Ref: A number of Russian naval vessels entered the Sea of Azov

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: A number of Russian naval vessels entered the Sea of Azov

 

#PeopleMedia


Share this post