• Follow Us on

Home ရုရှားတပ်အင်အားစုဖွဲ့မှု ၁၂၇,၀၀၀ ကျော်သွားပြီဖြစ်၍ ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မည့်အရေး စိုးရိမ်

ရုရှားတပ်အင်အားစုဖွဲ့မှု ၁၂၇,၀၀၀ ကျော်သွားပြီဖြစ်၍ ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မည့်အရေး စိုးရိမ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

 

ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားတပ်များအင်အားအလုံးအရင်းစုဖွဲ့မှုမှာ တပ်ဖွဲ့ဝင်အင်အား ၁၂၇,၀၀၀ ကျော် ရှိသွားပြီဖြစ်ပြီး အင်အားစုဖွဲ့မှုပြီးဆုံးသလောက်ဖြစ်သွားပြီဖြစ်ရာ မကြာမီကာလအတွင်း ဝင်ရောက်ကျူးကျော် တိုက်ခိုက်မည့်အရေးကို ယူကရိန်းနိုင်ငံက စိုးရိမ်ပူပန်လျက်ရှိသည်။

 

“ရုရှား ကြည်းတပ်အင်အားအပြည့်စုဖွဲ့ထားတာ ၁၀၆,၀၀၀ ကျော်ရှိပါတယ်။ ရေတပ်နဲ့ လေတပ် အင်အားတွေပါ ထည့်ပေါင်းလိုက်ရင် တပ်အင်အားစုစည်းထားတာ အင်အား ၁၂၇,၀၀၀ ကျော် ရှိပါတယ်။” ဟု ယူကရိန်းကာ ကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးရရှိထားသော ထောက်လှမ်းရေးသတင်းအချက်အလက်များကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြထားသည်။

 

ဒေသတွင်း လက်ရှိအခြေအနေမှာ ပြဿနာများနှင့် ပြည့်နှက်နေကြောင်း၊ ရုရှားအစိုးရအနေဖြင့် ဥရောပသမဂ္ဂ နှင့် နေတိုးအဖွဲ့တို့ ပြိုကွဲပြီး အားနည်းသွားအောင် ကြိုးစားဆောင်ရွက်နေသည်ဟု ယုံကြည်ရကြောင်း အဆိုပါ ထောက်လှမ်းရေးသတင်းအချက်အလက်များအရ သိရသည်။

 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန်အတွက် ရုရှားနိုင်ငံက ၎င်းတို့၏ မဟာမိတ်ဖြစ်သော ဘယ်လာရုစ်နိုင်ငံကို အသုံးချနေကြောင်း ယင်းအချက်အလက်များအရသိရသည်။

 

“ဘယ်လာရုစ်နိုင်ငံပိုင်နက်ဟာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်ဖို့အတွက် အစစအရာရာ ပြည့်စုံပြီးဖြစ်တဲ့ စစ်နယ်ဝန်းဧရိယာတစ်ခုအဖြစ် မှတ်ယူစဉ်းစားထားပါတယ်။” ဟု အဆိုပါထောက်လှမ်းရေး သတင်းများတွင်ဖော်ပြထားသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆို ရင်း အမေရိကန်အစိုးရက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ခြိမ်းခြောက်မှုဆန်းစစ်လေ့လာခြင်းကို မြှင့်တင်လိုက်သည်။

 

“ရုရှားနိုင်ငံက ယူကရိန်းကို ကြိုက်တဲ့အချိန် ဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အခြေအနေမျိုးမှာရောက်နေပါ တယ်။ ကျွန်တော်တို့ ရောက်ရှိနေတဲ့အနေအထားထက်ကို ပိုဆိုးတဲ့အခြေအနေမှာရောက်နေတာပါ။” ဟု အမေ  ရိကန် ပြန်ကြားရေးဝန်ကြီး ဂျန်းဆာကီက သတင်းထောက်များကို ပြောသည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့ဗ်နှင့် ဂျီနီဗာ မြို့တွင် သွားရောက်တွေ့ဆုံရန် စီစဉ်ထားစဉ်အတွင်း ဆာကီ၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

 

တစ်ပြိုင်တည်းမှာပင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်ဆိုသည့်အကြောင်းပြချက်ဖြင့် ရုရှားတပ်များ ဘယ်  လာရုစ်နိုင်ငံတွင် တပ်ဖြန့်ချထားမှုမှာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရာတွင် ယင်းတပ်များကိုအသုံးပြု သွားနိုင်သဖြင့် စိုးရိမ်မှုများ မြင့်တက်စေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတစ်ဦး ကပြောသည်။

 

Ref: Ukraine: Russia amasses 127,000 troops in ‘almost complete’ buildup

 

#Peoplemedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Ukraine: Russia amasses 127,000 troops in ‘almost complete’ buildup

 

#Peoplemedia


Share this post