• Follow Us on
Latest News

Home ရုရှားတပ်တွေ ကိယက်ဗ်မြို့ကို တိုက်ခိုက်ဖို့ အင်အားစုဖွဲ့ပြင်ဆင်နေတယ်လို့ ယူကရိန်းစစ်တပ်ပြော

ရုရှားတပ်တွေ ကိယက်ဗ်မြို့ကို တိုက်ခိုက်ဖို့ အင်အားစုဖွဲ့ပြင်ဆင်နေတယ်လို့ ယူကရိန်းစစ်တပ်ပြော

Share this post

Open photo

Open photo

Open photo

နိုင်ငံတကာ၊ မတ် ၇

 

ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ဖို့အတွက် တပ်တွေနဲ့ လက်နက်ခဲယမ်းတွေ စုဖွဲ့ပြင်ဆင်နေတယ်လို့ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များရဲ့ စစ်ဦးစီးအရာရှိချုပ်က မတ် လ ၆ ရက်နေ့ညက ပြောဆိုလိုက်ပါတယ်။

 

ရုရှားတပ်တွေဟာ ဘရိုဗာရီနဲ့ ဘိုရီစပဲလ် ခရိုင်မြို့တွေရဲ့ အရှေ့ဘက်မှာ ရောက်ရှိစုဖွဲ့နေကြသလို မြို့တော်ကိ ယက်ဗ်ရဲ့ ဆင်ခြေဖုံး အနောက်ဘက်အရပ်မှာရှိတဲ့ အာပင် (အီရပင်) မြို့အနီးမှာလည်း ရောက်ရှိနေကြတယ် လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

 

ရုရှားတပ်တွေဟာ ခါကိဗ်၊ မာရီယူပိုးလ်၊ ခါဆန်မြို့တို့ကို အာရုံစိုက်တိုက်ခိုက်နေကြတာဖြစ်ပြီး အဓိကဦးစားပေး ပစ်မှတ်ကတော့ ယူကရိန်းနိုင်ငံရဲ့မြို့တော်ကိယက်ဗ်ဖြစ်ကြောင်း ဘက်မလိုက်လူထုမူဝါဒသုတေသနအဖွဲ့တစ် ဖွဲ့ဖြစ်တဲ့ စစ်ပွဲလေ့လာရေးအင်စတီကျု (Institute for the Study of War – ISW) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ရုရှားတပ်ဖွဲ့တွေဟာ သူတို့အင်အားကို ပြန်လည်စုစည်းပြီး ကိယက်ဗ်၊ ခါကိဗ်နဲ့ မိုင် ကိုလာယက်ဗ်မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စတင်ပြင်ဆင်နေတယ်လို့ စစ်ပွဲလေ့လာရေးအင်စတီကျု ISW အဖွဲ့က ပြောပါတယ်။

 

ခါကိဗ်မြို့ရဲ့ အနောက်ဘက်မှာတပ်စွဲထားတဲ့ ရုရှားတပ်တွေဟာ အရှေ့တောင်ဘက်မှာရှိတဲ့ ဒီနီပရိုမြစ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တယ်လို့ ယူကရိန်း စစ်ဦးစီးအရာရှိချုပ်က ယုံကြည်ထားပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ယူကရိန်းနဲ့သော်လည်းကောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့သော်လည်း ကောင်း တင်းမာမှုတွေလျှော့ချဖို့ လိုလားတဲ့ဆန္ဒရှိကြောင်း ပြသတာ မတွေ့ရဘူးလို့ စစ်ပွဲလေ့လာရေး အင်စ တီကျု ISW အဖွဲ့က ပြောပါတယ်။

 

သမ္မတပူတင်အနေနဲ့ သူ့ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် စစ်စည်းရုံးမှုတွေနဲ့ လူထုကိုစစ်ထဲဝင်ခိုင်းဖို့ ဆုံး ဖြတ်ထားတယ်ဆိုရင် ရုရှားအစိုးရဟာ ရုရှားနိုင်ငံမှာစစ်အုပ်ချုပ်ရေးကြေညာဖို့အတွက် ပြည်တွင်းအခြေခံ သ တင်းအချက်အလက်တွေကို အုတ်မြစ်ချဖို့ဆောင်ရွက်လိမ့်မယ်လို့ စစ်ပွဲလေ့လာရေးအင်စတီကျု ISW အဖွဲ့က ယုံကြည်ထားပါတယ်။

 

Ref: Ukrainian military believes Russian forces are gathering resources to ‘storm Kyiv’

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 


 


 


 

Ref: Ukrainian military believes Russian forces are gathering resources to ‘storm Kyiv’

 

#PeopleMedia


Share this post