• Follow Us on

Home ရုရှားထိုးစစ် ယိမ်းယိုင်နေတဲ့အချိန်မှာ ရုရှားတပ်ဖွဲ့ဝင်တွေ ရိက္ခာနဲ့ လောင်စာဆီတွေ ပြတ်လပ်နေတယ်လို့ ဗြိတိန် ထောက်လှမ်းရေးပြော

ရုရှားထိုးစစ် ယိမ်းယိုင်နေတဲ့အချိန်မှာ ရုရှားတပ်ဖွဲ့ဝင်တွေ ရိက္ခာနဲ့ လောင်စာဆီတွေ ပြတ်လပ်နေတယ်လို့ ဗြိတိန် ထောက်လှမ်းရေးပြော

Share this post

Open photo

Open photo

Open photo

နိုင်ငံတကာ၊ မတ် ၁၈

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုရှားထိုးစစ်ယိမ်းယိုင်နေတဲ့အချိန်မှာ ရုရှား တပ်ဖွဲ့ဝင်တွေအနေနဲ့ ရိက္ခာနဲ့ လောင်စာဆီပြတ်လပ်မှုကို ကြုံတွေ့နေရတယ်လို့ ဗြိတိန်ထောက်လှမ်းရေး ဆန်း စစ်လေ့လာမှုအရ သိရပါတယ်။

 

ရုရှားထိုးစစ် သုံးပတ်ကြာလာပြီးတဲ့နောက်မှာ ရုရှားတပ်တွေ ဆက်လက်ပြီး ထိုးစစ်ဆင်ဖို့ နေနေသာသာ ရုရှား တွေရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို ကာကွယ်ဖို့အတွက် ရုရှားတပ်ဖွဲ့ဝင်အများအပြားကို လမ်း ကြောင်းပြောင်းဖို့ ဖိအားပေးခံနေရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကို ကျူးကျော်လာတဲ့ ရုရှားရဲ့ထိုးစစ်ဟာ စစ်မျက်နှာအားလုံးမှာ ရပ်တန့်ထနေတယ်လို့ အနောက် တိုင်းထောက်လှမ်းရေးသတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မှာ အခုသတင်းထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

 

“လော်ဂျစ်စတစ် (လော်ဂျစ်စတစ်သည်ထောက်ပံ့ပို့ဆောင်ရေးထက်ကျယ်ပြန့်သည်။) ပြဿနာတွေဟာ ယိမ်း ယိုင်နေတဲ့ရုရှားထိုးစစ်ကို ဒုက္ခပေးနေပါတယ်။ ပြိုင်ပွဲကိုထိန်းချုပ်ဖို့ ချီတုံချတုံဖြစ်နေတာရယ်၊ လေကြောင်းကို မထိန်းချုပ်နိုင်တာရယ်နဲ့ စွမ်းဆောင်နိုင်မှုတွေရဲ့ဟာကွက်တွေကို ဖြည့်ဆည်းဖို့ အကန့်အသတ်များလွန်းတာ ရယ်က ရှေ့ကိုချီတက်နေတဲ့ရုရှားတပ်တွေကို ထိထိရောက်ရောက် ထောက်ပံ့မပေးနိုင်ဘူးဖြစ်နေတယ်။ အ နိမ့်ဆုံးအဆင့်ဖြစ်တဲ့ ရိက္ခာနဲ့ လောင်စာဆီ ဖြည့်တင်းထောက်ပံ့ရေးကိုတောင် မဆောင်ရွက်နိုင်ဘူးဖြစ်နေ တယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

စစ်ပွဲအတွင်း ရုရှားဘက်က ထိခိုက်ဆုံးရှုံးမှုများပြားနေကြောင်း၊ လတ်တလောရက်များအတွင်း ကြည်းကြောင်း၊ လေကြောင်း၊ ရေကြောင်း အားလုံးမှာ တိုးတက်မှုအနည်းငယ်သာတွေ့ရကြောင်း အစောပိုင်းက ဗြိတိန် ကာ ကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေက ပြောပါတယ်။

 

ယူကရိန်းစစ်သားတွေရဲ့ စိတ်ဓာတ်ခိုင်မာပြတ်သားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ ခုခံတော်လှန်မှုကို ဗြိတိန်အရာရှိတွေက ချီးကျူးပြောဆိုလိုက်ပါတယ်။ “ယူကရိန်းနိုင်ငံထဲက အဓိကမြို့ကြီးတွေအပါအဝင် ယူကရိန်းပိုင်နက်အများစုဟာ ယူကရိန်းတွေလက်ထဲမှာပဲရှိ နေပါသေးတယ်။” လို့ ဗြိတိန်စစ်တပ်အရာရှိတွေက ပြောပါတယ်။

 

ရုရှားတပ်ဖွဲ့တွေဟာ လေကြောင်းတိုက်ခိုက်မှုကို မူလစီစဉ်ထားတာထက် ပိုပြီးတိုးချဲ့တိုက်ခိုက်ခဲ့ကြောင်း၊ ယူက ရိန်းစစ်ဘက်ဆိုင်ရာပစ်မှတ်တွေထက် အရပ်သားပစ်မှတ်တွေကို ပိုပြီးထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေကိုလုပ် ဆောင်ခဲ့ကြောင်း၊ အဲဒီလိုတိုက်ခိုက်ရာမှာ သက်တမ်းရင့်နေပြီး ဈေးနည်းတဲ့လက်နက်တွေကို အကျိုးရှိစွာအသုံး ပြုဖို့ အမိန့်ပေးခဲ့ကြောင်း လွန်ခဲ့တဲ့ရက်က ဗြိတိန်စစ်အရာရှိတွေက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲအစပိုင်းကတည်းက အခုအချိန်အထိ ရုရှားတပ်တွေပစ်လွှတ်ခဲ့တာ ဒုံးကျည်အစင်း ၁၀၀၀ ကျော် သွားပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။

 

Ref: Russian troops running out of food and fuel as offensive ‘falters’, says UK military intelligence

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 


 


 


 


 

Ref: Russian troops running out of food and fuel as offensive ‘falters’, says UK military intelligence

 

#PeopleMedia


Share this post