• Follow Us on

Home ရုရှားနိုင်ငံကိုရင်ဆိုင်ရန် ယူကရိန်းနိုင်ငံက နေတိုးမဟာမိတ်တပ်ဖွဲ့ အကူအညီတောင်းခံ

ရုရှားနိုင်ငံကိုရင်ဆိုင်ရန် ယူကရိန်းနိုင်ငံက နေတိုးမဟာမိတ်တပ်ဖွဲ့ အကူအညီတောင်းခံ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆ (People Media)

 

ရုရှားတပ်များအင်အားစုစည်းပြီး ယူကရိန်းနိုင်ငံကိုခြိမ်းခြောက်လျက်ရှိရာ ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင် ရောက်လာနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများက သတိပေးထားသဖြင့် နေတိုးတပ်ဖွဲ့ဝင် များအနေဖြင့် ပင်လယ်နက်ဘက်သို့ စစ်သင်္ဘောများစေလွှတ်ရန်နှှင့် ရုရှားနယ်စပ်တစ်လျှောက် ကင်းထောက် လေယာဉ်များစေလွှတ်ထားရန် ယူကရိန်းဝန်ကြီးချုပ် ဒီနေးရှမီဟဲက နိုဝင်ဘာလ ၂၅ ရက်နေ့က တိုက်တွန်း လိုက်သည်။

 

“ပင်လယ်နက်ထဲမှာ နေတိုးမဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ်သင်္ဘောတွေ အဆက်မပြတ်ရှိနေရေးအတွက် သေချာ အောင်ဆောင်ရွက်ထားတာဟာ တကယ့်ကိုအားကောင်းတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဒီလိုနည်းနဲ့ပဲ အဲဒီလို အား ကောင်းတဲ့လှုပ်ရှားမှုဟာ ရုရှားနယ်စပ်တစ်ဝိုက် အထူးသဖြင့် ပင်လယ်နက်နဲ့ ဘော်လတစ်ပင်လယ်အတွင်း ထောက်လှမ်းရေးနဲ့ ကင်းထောက်လေယာဉ်တွေကို တိုးပွားလာစေမှာဖြစ်ပါတယ်။” ဟု ရှမီဟဲကပြောသည်။

 

နိုဝင်ဘာလ ၂၅ ရက်နေ့က ဘရပ်ဆဲလ်မြို့ရှိ နေတိုးအဖွဲ့ရုံးချုပ်တွင် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဆော့လ်တန်းဘာ့ဂျ်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ရှမီဟဲ၏တောင်းဆိုချက်များကို ပိုလန်သမ္မတအွန်းဂျရီးဂျူဒါက ထပ်ဆင့်တင်ပြခဲ့သည်။ မဟာမိတ်တပ်ဖွဲ့များကို ပိုလန်နိုင်ငံ၊ ဘော်လတစ်သုံးနိုင်ငံဖြစ်သော အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်ယူယေးနီးယားတို့တွင် တပ်ဖြန့်ချထားရန်လည်း ဂျူဒါကတောင်းဆိုခဲ့သည်။

 

၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံက ခရိုင်းမီးယားကို ကျူးကျော်ဝင်ရောက်ပြီးနောက် အမေရိကန်ပြည်ထောင်စု၊ ဗြိ တိန်၊ ကနေဒါနှင့် ဂျာမနီတို့ ဦးဆောင်သော နိုင်ငံတကာတပ်ဖွဲ့များကို အဆိုပါလေးနိုင်ငံတွင် အသီးသီးတပ်ဖြန့် ချထားခဲ့ကြသည်။

 

“ရုရှားစစ်ရေးတည်ဆောက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တစ်ချိန်လုံးသတင်းတွေရနေပါတယ်။ အိမ်နီးချင်းနိုင် ငံ ယူကရိန်းကို ကျူးကျော်ကောင်း ကျူးကျော်လာနိုင်တဲ့အထိ အင်အားစုစည်းထားတဲ့စစ်ရေးပြင်ဆင်မှုတွေကို မြင်တွေ့နေရပါတယ်။” ဟု ဂျူဒါကပြောသည်။

 

နယ်စပ်တစ်လျှောက် ရုရှားတပ်များအင်အားအများအပြားတိုးချဲ့နေသည့် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အ စည်းများကရရှိထားသည့်သတင်းများမှာ မှန်ကန်ကြောင်း၊ ရုရှားထောက်ပံ့ထားသည့်ခွဲထွက်ရေးဝါဒီများကသိမ်း ပိုက်ထားသော ဒန်းတပ်ခ်ဒေသနှင့် ထိစပ်နေသည့်နယ်စပ်တစ်လျှောက်တွင်သာမကဘဲ ခရိုင်းမီးယားနှင့် ဘယ် လာရုစ်တွင်ပါ ရုရှားတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၁၀၀,၀၀၀ နီးပါး စုစည်းထားကြောင်း POLITICO မီဒီယာနှင့် အင်တာဗျူးတစ်ခုတွင် ရှမီဟဲကပြောသည်။

 

ယခုနှစ်ဆောင်းဦးပေါက်ကာလအတွင်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ပြီးနောက် ရုရှားတပ်ဖွဲ့ဝင်များထောင်ပေါင်း များစွာ ဘယ်လာရုစ်နိုင်ငံအတွင်းကျန်ရှိနေဆဲဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် ဘယ်လာရုစ်အစိုးရ၏ခွင့်ပြုချက်ဖြင့် ဘယ်လာရုစ်-ယူကရိန်း နယ်စပ်တစ်လျှောက် စစ်ထောက်လှမ်းရေးယူနစ်များကို တပ်ဖြန့်ချထားကြောင်း ယူက ရိန်းအရာရှိများကပြောသည်။

 

ရုရှားသမ္မတဗလာဒီမာပူတင်သည် ရုရှားနှင့် ခရိုင်းမီးယားကြားတွင် ကြားခံတံတားတစ်စင်းထိုးသည့်အနေဖြင့် ယူကရိန်းနိုင်ငံပိုင်နယ်မြေအစိတ်အပိုင်း ကြီးကြီးမားမားကို သိမ်းပိုက်ချင်သည့်ဆန္ဒရှိနေကြောင်း ဆန်းစစ်လေ့ လာသူအချို့ကပြောသည်။

 

သို့သော် ရုရှားအစိုးရသည် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ မတည်မငြိမ်ဖြစ်စေရန်အတွက် အာရုံစိုက် ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ယူကရိန်းအရာရှိများကို အမေရိကန်အရာရှိများ က ရှင်းပြခဲ့သည်။

 

ရုရှားနိုင်ငံသည် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို အင်အားစုစည်းနေရုံမကဘဲ ဆိုင်ဘာတိုက်ခိုက်မှုများနှင့် သတင်းမှား ထုတ်လွှင့်မှုများအပါအဝင် ယူကရိန်းနိုင်ငံအား နှစ်မျိုးစပ်နည်းဗျူဟာများအသုံးပြု၍ တောက်လျှောက်တိုက်ခိုက် နေကြောင်း ရှမီဟဲကပြောသည်။

 

နေတိုးအဖွဲ့၏ ရေကြောင်းနှင့် လေကြောင်း စစ်ရေးတိုးမြှင့်ဆောင်ရွက်မှုများသာမက ယူကရိန်းနိုင်ငံအတွင်း နေ တိုးမဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဆိုပါက အထောက်အကူဖြစ်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

 

Ref: Ukraine PM calls for NATO’s help against Russia

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Ukraine PM calls for NATO’s help against Russia

 

#PeopleMedia


Share this post