• Follow Us on

Home ရုရှားနိုင်ငံက နျူကလီးယားဗုံးသယ်ဆောင်နိုင်သော တာဝေးဗုံးကြဲလေယာဉ်နှစ်စင်းကို ကင်းလှည့်ရန် ဘယ်လာရုစ် လေပိုင်နက်သို့ စေလွှတ်

ရုရှားနိုင်ငံက နျူကလီးယားဗုံးသယ်ဆောင်နိုင်သော တာဝေးဗုံးကြဲလေယာဉ်နှစ်စင်းကို ကင်းလှည့်ရန် ဘယ်လာရုစ် လေပိုင်နက်သို့ စေလွှတ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀ (People Media)

 

အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတင်းမာနေစဉ်အတွင်း ရုရှားနှင့် ဘယ်လာရုစ်နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု နီး ကပ်စွာတည်ရှိနေကြောင်း ထုတ်ဖော်ပြသသည့်အနေဖြင့် ဘယ်လာရုစ်လေကြောင်းပိုင်နက်အတွင်း ကင်းလှည့် ရန် ရုရှားနိုင်ငံက နျူကလီးယားဗုံးများသယ်ဆောင်နိုင်သည့် တာဝေးဗုံးကြဲလေယာဉ်နှစ်စင်းကို ဘယ်လာရုစ်နိုင် ငံသို့ စေလွှတ်လိုက်သည်။

 

Tu-22M3 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းသည် ဘယ်လာရုစ်လေတပ်/ လေကြောင်းရန်ကာကွယ် ရေးတပ်ဖွဲ့တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံက ဘယ်လာရုစ်နိုင်ငံကိုထောက်ပံ့ထားသည့် Su-30 ဂျက်တိုက်လေယာဉ်များက ဗုံးကြဲလေယာဉ်နှစ်စင်းကို လာရောက်စောင့်ရှောက်ခေါ်ဆောင်သွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 

ရုရှားတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းနှင့် ယူကရိန်းနယ်စပ်အနီးစုဖွဲ့နေခြင်းနှင့်ပတ်သက်၍ အနောက်နိုင်ငံ များက စိုးရိပူပန်နေစဉ်အတွင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က ရုရှားဗုံးကြဲလေယာဉ်များ လေးနာရီကြာကင်းလှည့် ခဲ့ခြင်းသည် လွန်ခဲ့သည့်လကတည်းက ယခုအချိန်အထိ ရုရှားနိုင်ငံ၏ တတိယအကြိမ်မြောက် ကင်းလှည့်ခြင်း ဖြစ်သည်။

 

ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ရန် အင်အားစုစည်းနေသည်ဆိုသောစွပ်စွဲချက်ကို ရုရှားနိုင်ငံက ငြင်း ဆိုလိုက်ပြီး နေတိုးတပ်ဖွဲ့ဝင်များ ယူကရိန်းနယ်အတွင်း တိုးချဲ့နေခြင်းနှင့် နေတိုးလက်နက်များတပ်ဖြန့်ချထား ခြင်းဖယ်ရှားပြီး ရုရှားနိုင်ငံ၏လုံခြုံရေးကို အာမခံရန်အတွက် ရုရှားနိုင်ငံက အမေရိကန်အားတောင်းဆိုထား သော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရုရှား၏တောင်းဆိုချက်ကို ပယ်ချထားသည်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို မြောက်ပိုင်းကဝင်ရောက်တိုက်ခိုက်ရန်အတွက် ဘယ်လာရုစ်ကို ကြားအခြေစိုက် စခန်းတစ်ခုအဖြစ်အသုံးပြုမည်ကို စိုးရိမ်ကြောင်း ယူကရိန်းအရာရှိအချို့ကပြောသည်။ ဥရောပသမဂ္ဂနှင့် ဆက် ဆံရေးတင်းမာနေသည့်ကြားက ဘယ်လာရုစ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက်များကို လက် ခံထားရန် အသင့်ရှိနေကြောင်း ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူခါရှှန်ကိုက လွန်ခဲ့သည့်လကပြောသည်။

 

ဘယ်လာရုစ်သမ္မတသည် နေရပ်ရွှေ့ပြောင်းလာသူများနှင့် ဒုက္ခသည်များကို အိမ်နီးချင်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်သော ပိုလန်၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံများသို့ တရားမဝင် ဝင်ရောက်နိုင်ရန် ၎င်းနိုင် ငံကို နောက်ဖေးဝင်ပေါက်အဖြစ် အသုံးပြုခွင့်ပေးနေကြောင်း ဥရောပသမဂ္ဂက စွပ်စွဲပြောဆိုထားသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအငြင်းပွားမှုအပြီး ပြည်တွင်းသဘောထားကွဲလွဲသူများကို ဖိနှိပ်ခဲ့သည့်အတွက် လူခါရှန် ကို အစိုးရကို ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့အရေးယူခဲ့သည်။

 

ရုရှားနိုင်ငံ၏ လက်နက်များကို လက်ခံနေရာချထားပေးမည်ဆိုသော်လည်း မည်သည့်လက်နက်မျိုးကို နေရာချ ထားမည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမပြုပေ။

 

Ref: Russia sends nuclear-capable bombers on patrol over Belarus

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: Russia sends nuclear-capable bombers on patrol over Belarus

 

#PeopleMedia


Share this post