• Follow Us on

Home ရုရှားနှင့် စစ်ပွဲဆင်နွှဲရန် အမေရိကန်အသင့်ပြင်ထားရမည်ဖြစ်ကြောင်း ပင်တဂွန်အရာရှိဟောင်းပြော

ရုရှားနှင့် စစ်ပွဲဆင်နွှဲရန် အမေရိကန်အသင့်ပြင်ထားရမည်ဖြစ်ကြောင်း ပင်တဂွန်အရာရှိဟောင်းပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃ (People Media)

 

ရုရှားအစိုးရက မကြာသေးမီကာလတွင် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက အမေရိ ကန်အစိုးရက စစ်ရေးအရအရေးယူဆောင်ရွက်ရန်တာဝန်ရှိကြောင်းနှင့် အမေရိကန်အနေဖြင့် ရုရှားနိုင်ငံနှင့် စစ် မက်ဖြစ်ပွားရန် အဆင်သင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာထမ်း ဟောင်းတစ်ဦးက သတိပေးပြောကြားလိုက်သည်။

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက မကြာမီကာလအတွင်း ကျူးကျော်တိုက်ခိုက်နိုင်သည်ဆိုခြင်းမှာ ဖြစ်နိုင်ခြေရှိ ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးအရာရှိနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ရုရှား၊ ယူကရိန်းနှင့် ဥရောပ-အာရှ ဆိုင်ရာ ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမှု ထမ်းခဲ့သူ အဲဗာလန်ဖားကက်စ် (Evelyn Farkas) က ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် ကာကွယ်ရေးစာစောင်တစ် ခုတွင် ရေးသားဖော်ပြခဲ့သည်။

 

ယခုသီတင်းပတ်အတွင်းကျင်းပပြုလုပ်နေသည့် ရုရှားအစိုးရနှင့် အမေရိကန်အစိုးရတို့ကြားမှ သံတမန်ဆွေးနွေး ပွဲများမှာ အောင်မြင်နိုင်ဖွယ်မရှိသည့်အတွက် အမေရိကန်အနေဖြင့် ရုရှားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အဆင်သင့် ပြင်ဆင်ထားသင့်ကြောင်း သမ္မတအိုဘားမားလက်ထက်အရာရှိဟောင်း အဲဗာလန်ဖားကက်စ်ကပြောသည်။

 

၂၀၀၃ ခုနှစ်တွင် အမေရိကန်ဦးဆောင်သည့် နိုင်ငံပေါင်းစုံတပ်များ အီရတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရာတွင် သမ္မတဂျော့ဒဘလျူဘုရှ် ပြောကြားခဲ့သည့်စကားများအတိုင်း အမေရိကန်အနေဖြင့် ရုရှားသမ္မတဗလာဒီမာ ပူ တင်ကို ဟန့်တားရန် နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့များကို စုစည်းရန် တောင်းဆိုလိုက်ပြီး လိုအပ်ပါက စစ်ပွဲ အ တွက် အသင့်ပြင်ဆင်ထားသင့်ကြောင်း ၎င်းကပြောသည်။

 

ရုရှားနိုင်ငံသည် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုမရှိကြောင်းနှင့် လတ်တလောကာလတွင် ကာဇက်စ တန်နိုင်ငံ၌ ဆန္ဒပြပွဲများကို သွားရောက်နှိမ်နှင်းရင်း ကိုယ့်ကိုယ်ကိုယ် ရဲဆေးတင်နေကြောင်း ၎င်းကပြောသည်။ ရုရှားသမ္မတပူတင်သည် ယူကရိန်းကို ကျူးကျော်ရန် စီစဉ်နေကြောင်း ၎င်းကစွပ်စွဲပြောဆိုလိုက်သည်။

 

“တကယ်လို့ နောက်ထပ်တစ်ကြိမ်စစ်ပွဲနိုင်သွားလို့ရှိရင် ယူကရိန်းအရေးသာမကဘဲ ယူကရိန်းနယ်စပ်ကိုကျော် လွန်ပြီး ကမ္ဘာကြီးရဲ့အနာဂတ်အရေးမှာပါ ကျွန်မတို့တွေ အကျပ်ရိုက်ပြီး ကျန်နေပါလိမ့်မယ်။ ကျွန်မတို့ မထိန်း ချုပ်ဘဲ ဒီအတိုင်းထားထားမယ်ဆိုရင် ပူတင်က အလျင်အမြန်လှုပ်ရှားပြီး နယ်မြေတချို့ကို လုယူသိမ်းပိုက်ပါ လိမ့်မယ်။ ပြီးတော့ သူလုယူသိမ်းပိုက်ထားတဲ့နယ်မြေတွေကို အားကောင်းလာအောင် စုစည်းပြီး ၁၉၉၁ ခုနှစ် အကြိုကာလတွေက နယ်မြေအတိုင်း ပြန်လည်တည်ဆောင်ပါလိမ့်မယ်။ မဟာရုရှားနိုင်ငံတော်ကြီးက ဖယ် ထုတ်ထားခြင်းခံရတယ်လို့ သူမှတ်ယူထားတဲ့ ပထဝီဝင်ဆိုင်ရာ သြဇာလွှမ်းမိုးမှုပိုင်နက်ကို ပြန်လည်တည် ဆောက်မှာပဲဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

အမေရိကန်နှင့် ရုရှားနိုင်ငံတို့မှ ထိပ်တန်းသံတမန်များ ယခုသီတင်းပတ်အတွင်း ဂျီနီဗာမြို့၌ တွေ့ဆုံပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရုရှား အစိုးရက တောင်းဆိုထားသည့် လုံခြုံရေးအဆိုပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးနေစဉ် အဲဗာလန်ဖားကက်စ် ၏ ဆောင်းပါးထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

Ref: US must prepare for war with Russia, ex-Pentagon official claims

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: US must prepare for war with Russia, ex-Pentagon official claims

 

#PeopleMedia


Share this post