• Follow Us on

Home ရုရှားစစ်ဘက် ကုန်တင်လေယာဉ် ပျက်ကျပြီး လေးဦး သေဆုံးခဲ့

ရုရှားစစ်ဘက် ကုန်တင်လေယာဉ် ပျက်ကျပြီး လေးဦး သေဆုံးခဲ့

Share this post

နိုင်ငံတကာ၊ ဇွန် ၂၄

 

ရုရှားနိုင်ငံ အနောက်ပိုင်း Ryazan မြို့အနီး၌ Ilyushin Il-76 စစ်ဘက်ကုန်တင်လေယာဉ်တစ်စီး ဇွန်လ ၂၃ ရက်နေ့က ပျက်ကျခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့ရာ လေယာဉ်ပေါ်ပါ လူကိုးဦးအနက် လေးဦး သေဆုံးခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။

 

စစ်ဘက်ကုန်တင်လေယာဉ်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ငါးဦးကို အရေးပေါ် ဆေးရုံတင်ထားကြောင်း ရုရှားသတင်းဌာနများမှာဖော်ပြထားသည်။

 

အဆိုပါ လေယာဉ်သည် လေ့ကျင့်ရေးပျံသန်းစဉ် အင်ဂျင်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာနက ထုတ် ပြန်ခဲ့ခြင်း မရှိပေ။

 

Source – ရိုက်တာ

 

#PeopleMedia

 

(unicode)


…………………………….

 


 


 


 


 


 

#PeopleMedia


Share this post