အေမရိကန္တြင္ ရဲမ်ားႏွင့္ဆႏၵျပသူမ်ားထိပ္တိုက္ေတြ႕ဆံု
PUBLISHED - August 26, 2020
ကီႏို႐ွာ၊ ၾသဂုတ္ ၂၅
တနလၤာေန႔တြင္ အေမရိကန္ျပည္ေထာင္စု႐ွိ ၀စ္ကိုဆင္ျပည္နယ္မွကီႏို႐ွာၿမိဳ႕တြင္ ညမထြက္ရအမိန္႔မတိုင္ခင္ ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္သူရာခ်ီႏွင့္ရဲတပ္ဖြဲ႔၀င္မ်ား ထိပ္တိုက္ေတြ႕ခဲ့သည္။
လူမည္းအမ်ိဳးသားတစ္ေယာက္ကို လူျဖဴရဲအရာ႐ွိတစ္ေယာက္က ေနာက္ေက်ာမွပစ္ခတ္ၿပီးေနာက္ အေမရိကန္တြင္ ေဒါသထြက္သူမ်ား႐ွိေနခ်ိန္တြင္ ယခုျဖစ္ရပ္မ်ားျဖစ္လာသည္။
လူမ်ိဳးေရးတရားမွ်တမႈလိုလားေၾကာင္း တရား႐ံုးတစ္႐ံုး၏မ်က္ႏွာခ်င္းဆိုင္တြင္ဆႏၵျပေနသူမ်ားႏွင့္ ကီႏို႐ွာခ႐ိုင္ရဲအရာ႐ွိ ၂ ဒါဇင္ခန္႔ ထိပ္တိုက္ေတြ႕ခဲ့ၾကျခင္းျဖစ္သည္။
ရဟတ္ယာဥ္မ်ားလည္း အေပၚမွဝိုင္းရံေနၾကၿပီး တရား႐ံုးေခါင္မိုးေပၚတြင္ ရဲအရာ႐ွိမ်ားတပ္စြဲထားသည္ကိုလည္း ျမင္ေနရသည္ဟု AFP သတင္းေအဂ်င္စီကေဖာ္ျပသည္။
တနဂၤေႏြေန႔တြင္ ကားထဲ၀င္ရန္ႀကိဳးစားေနၿပီး ကားေပၚမွသူ႔ကေလး ၃ ေယာက္ကၾကည့္ေနသည့္ လူမည္းအမ်ိဳးသားဂ်က္ေကာ့ ဘလိတ္ကို လူျဖဴရဲအရာ႐ွိတစ္ေယာက္က ေနာက္ေက်ာမွပစ္ခတ္သည့္ဗီဒီယို အြန္လိုင္းတြင္ပ်ံ႕ႏွံ႔ၿပီးေနာက္ ယခုဆႏၵထုတ္ေဖာ္မႈသည္ ဒုတိယေန႔ျဖစ္သည္။
အသက္ ၂၉ ႏွစ္႐ွိသည့္ဘလိတ္ကို မီဝူကီၿမိဳ႕႐ွိေဆး႐ံုသို႔ပို႔ေဆာင္ခဲ့ၿပီး စိုးရိမ္ရသည့္အေျခအေနတြင္ ႐ွိေနသည္ဟုေျပာ ေသာ္လည္း ခြဲစိတ္ၿပီးေနာက္ အေျခအေနတိုးတက္လာသည္ဟု သူ႔မိသားစုကေျပာသည္ဆိုၿပီး တနလၤာေန႔ေန႔လည္ပိုင္းတြင္ ေဒသတြင္းမီဒီယာမ်ားတြင္ေဖာ္ျပသည္။
တနဂၤေႏြေန႔က ဆႏၵျပသူမ်ားက ခ႐ိုင္တရား႐ံုးကို ဖ်က္ဆီးခဲ့ၿပီး ကားမ်ားကို မီး႐ွိဳ႕ခဲ့ၿပီးေနာက္ မစ္ခ်ီဂန္ေရကန္ကမ္းပါး ေပၚတြင္႐ွိသည့္ကီႏို႐ွာခ႐ိုင္ အဂၤါေန႔ မနက္ ၇ နာရီအထိ ညမထြက္ရအမိန္႔ေၾကညာထားသည္။
တနလၤာေန႔ညတြင္ ၿငိမ္၀ပ္ပိျပားေရးထိန္းသိမ္းႏိုင္ရန္ အေစာင့္တပ္ဖြဲ႔၀င္ ၁၂၅ ေယာက္ျဖန္႔က်က္ေနရာခ်ထားမည္ဟု ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး တိုနီ အဲဗားစ္က ေျပာသည္။
Ref : US protesters, police face off after black man shot in back
#PeopleMedia
(unicode)
အမေရိကန်တွင် ရဲများနှင့်ဆန္ဒပြသူများထိပ်တိုက်တွေ့ဆုံ
………………………………………
ကီနိုရှာ၊ ဩဂုတ် ၂၅
တနင်္လာနေ့တွင် အမေရိကန်ပြည်ထောင်စုရှိ ဝစ်ကိုဆင်ပြည်နယ်မှကီနိုရှာမြို့တွင် ညမထွက်ရအမိန့်မတိုင်ခင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူရာချီနှင့်ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ခဲ့သည်။
လူမည်းအမျိုးသားတစ်ယောက်ကို လူဖြူရဲအရာရှိတစ်ယောက်က နောက်ကျောမှပစ်ခတ်ပြီးနောက် အမေရိကန်တွင် ဒေါသထွက်သူများရှိနေချိန်တွင် ယခုဖြစ်ရပ်များဖြစ်လာသည်။
လူမျိုးရေးတရားမျှတမှုလိုလားကြောင်း တရားရုံးတစ်ရုံး၏မျက်နှာချင်းဆိုင်တွင်ဆန္ဒပြနေသူများနှင့် ကီနိုရှာခရိုင်ရဲအရာရှိ ၂ ဒါဇင်ခန့် ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်သည်။
ရဟတ်ယာဉ်များလည်း အပေါ်မှဝိုင်းရံနေကြပြီး တရားရုံးခေါင်မိုးပေါ်တွင် ရဲအရာရှိများတပ်စွဲထားသည်ကိုလည်း မြင်နေရသည်ဟု AFP သတင်းအေဂျင်စီကဖော်ပြသည်။
တနင်္ဂနွေနေ့တွင် ကားထဲဝင်ရန်ကြိုးစားနေပြီး ကားပေါ်မှသူ့ကလေး ၃ ယောက်ကကြည့်နေသည့် လူမည်းအမျိုးသားဂျက်ကော့ ဘလိတ်ကို လူဖြူရဲအရာရှိတစ်ယောက်က နောက်ကျောမှပစ်ခတ်သည့်ဗီဒီယို အွန်လိုင်းတွင်ပျံ့နှံ့ပြီးနောက် ယခုဆန္ဒထုတ်ဖော်မှုသည် ဒုတိယနေ့ဖြစ်သည်။
အသက် ၂၉ နှစ်ရှိသည့်ဘလိတ်ကို မီဝူကီမြို့ရှိဆေးရုံသို့ပို့ဆောင်ခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟုပြော သော်လည်း ခွဲစိတ်ပြီးနောက် အခြေအနေတိုးတက်လာသည်ဟု သူ့မိသားစုကပြောသည်ဆိုပြီး တနင်္လာနေ့နေ့လည်ပိုင်းတွင် ဒေသတွင်းမီဒီယာများတွင်ဖော်ပြသည်။
တနင်္ဂနွေနေ့က ဆန္ဒပြသူများက ခရိုင်တရားရုံးကို ဖျက်ဆီးခဲ့ပြီး ကားများကို မီးရှို့ခဲ့ပြီးနောက် မစ်ချီဂန်ရေကန်ကမ်းပါး ပေါ်တွင်ရှိသည့်ကီနိုရှာခရိုင် အင်္ဂါနေ့ မနက် ၇ နာရီအထိ ညမထွက်ရအမိန့်ကြေညာထားသည်။
တနင်္လာနေ့ညတွင် ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်းနိုင်ရန် အစောင့်တပ်ဖွဲ့ဝင် ၁၂၅ ယောက်ဖြန့်ကျက်နေရာချထားမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး တိုနီ အဲဗားစ်က ပြောသည်။
Ref : US protesters, police face off after black man shot in back
#PeopleMedia