• Follow Us on

Home ရေနံအရေးတင်းမာမှုမြင့်တက်နေချိန် တူရကီနှင့်ဂရိ အပြိုင်အဆိုင်စ စ်ရေးလေ့ကျင့်မှုများပြုလုပ်


Share this post

အစ္စတန်ဘူလ်၊ သြဂုတ် ၂၅









#PeopleMedia

(unicode)
ရေနံအရေးတင်းမာမှုမြင့်တက်နေချိန် တူရကီနှင့်ဂရိ အပြိုင်အဆိုင်စ စ်ရေးလေ့ကျင့်မှုများပြုလုပ်
……………………………………………

အစ္စတန်ဘူလ်၊ ဩဂုတ် ၂၅

အင်္ဂါနေ့မှစပြီး ဂရပိုင်ခရီတီကျွန်းတွင် ရေတပ်စစ်ရေးလေ့ကျင့်မှုများ အပြိုင်အဆိုင်ပြုလုပ်သွားမည်ဟု တူရကီနှင့်ဂရိနိုင်ငံတို့က ကြေညာသည်။

အရှေ့မြေထဲပင်လယ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တင်းမာမှုများရှိနေချိန်တွင် ကြေညာ ခြင်းဖြစ်သည်။

ထိုနေရာကိုရှောင်ကြဉ်ရန် အခြားရေယာဉ်များကို တရားဝင်သတိပေးချက်ထုတ်ပြန်ထားပြီဖြစ်သည်။

ရေအောက်ရှာဖွေရေးသုတေသနယာဉ်တစ်စင်း၏တာဝန်ကို သက်တမ်းတိုးမည်ဟု တူရကီက ကြေညာပြီးနောက် ဂရိက ယခုကဲ့သို့ကြေညာခြင်းဖြစ်သည်။

တင်းမာမှုများလျှော့ချရန် အေသင်မြို့နှင့် အန်ကာရာမြို့များသို့ နိုင်ငံခြားရေးဝန်ကြီး ဟီကို မားစ်ကို ဂျာမနီနိုင်ငံက ေစလွှတ်ထားသည်။

ခရီတီကျွန်းနှင့် ဆိုက်ပရပ်စ်ကျွန်းတို့မှ အငြင်းပွားရေပိုင်နက်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိမှုကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သော တူရကီနှင့်ဂရိတို့ကြား တင်းမာမှုများမြင့်တက်နေသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သောဂရိနိုင်ငံက ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုထားပြီး မကြာသေးခင်က ရေတပ်လေ့ကျင့်မှုတစ်ခုတွင် ဂရိနှင့်အတူပါဝင်ခဲ့သည့်ပြင်သစ်နိုင်ငံကလည်း ဂရိနိုင်ငံဘက်တွင်ရပ်တည်နေသည်။

Ref : Turkey-Greece rival military exercises due as oil tensions rise

#PeopleMedia


Share this post