• Follow Us on

Home ရတနာပုံတကၠသိုလ္မွ ဗကသအဖြဲ႕၀င္ ေက်ာင္းသားႏွစ္ဦး ပုဒ္မ ၁၉ ျဖင့္ ဖမ္းဆီးခံရ

ရတနာပုံတကၠသိုလ္မွ ဗကသအဖြဲ႕၀င္ ေက်ာင္းသားႏွစ္ဦး ပုဒ္မ ၁၉ ျဖင့္ ဖမ္းဆီးခံရ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၄

ရတနာပုံတကၠသိုလ္မွ ဗကသအဖြဲ႕၀င္ ေက်ာင္းသားႏွစ္ဦး ၿငိမ္းစုစီပုဒ္မ ၁၉ ျဖင့္ စက္တင္ဘာ ၁၃ ရက္ေန႔တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။

အဆိုပါ ေက်ာင္းသားမ်ားသည္ မႏၲေလးၿမိဳ႕တြင္ ရခိုင္ျပည္နယ္တြင္ ျဖတ္ေတာက္ထားသည့္ အင္တာနက္လိုင္း ျပန္ဖြင့္ေပးေရးႏွင့္ရခိုင္ျပည္နယ္တြင္ျဖစ္ပြားေနသည့္ စစ္ပြဲမ်ားရပ္တန္ေပးေရး စသည္တို႔ကို စက္တင္ဘာ ၁၀ ရက္ေန႔တြင္ ဆႏၵျပေတာင္းဆိုခဲ့ၾကသည္။

ဆက္လက္ၿပီး ရခိုင္ျပည္နယ္တြင္ျဖစ္ပြားေနသည့္ ကိစၥမ်ားႏွင့္ပတ္သက္ၿပီး ဆႏၵျပခဲ့ၾကေသာ ဗမာ ႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(ဗကသ)အဖြဲ႕၀င္ ေက်ာင္းသားႏွစ္ဦးကို စက္တင္ဘာ ၁၃ ရက္၊ နံနက္ ၁၀ နာရီအခ်ိန္တြင္ ရတနာပုံတကၠသိုလ္အတြင္းရွိ ဗကသ႐ုံးခန္းသို႔ ခ်မ္းေအးသာစံၿမိဳ႕ နယ္၊ အမွတ္(၆)နယ္ေျမရဲစခန္းမွ လာေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ ဒုတိုင္း တပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေမာင္ေမာင္ေအးက သက္ ေမာင္ေမာင္ အပါအဝင္ ေက်ာင္းသား ၁၃ ဦးကို ၿငိမ္းစုစီ ဥပေဒ ပုဒ္မ ၁၉ ျဖင့္ ခ်မ္းေအးသာစံၿမိဳ႕ နယ္ရဲတပ္ဖြဲ႕မွဴးမွ တရားလိုျပဳလုပ္၍ အမွတ္ ၆ နယ္ေျမရဲစခန္းတြင္ ဆႏၵျပသည့္ေန႔ကပင္ အမႈဖြင့္ခဲ့ၿပီး စက္တင္ဘာ ၁၃ ရက္ေန႔တြင္ လာေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

အလားတူပင္ စက္တင္ဘာ ၁၀ ရက္ေန႔ကပဲ ရခိုင္ျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္း ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပခဲ့တဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢ ေခါင္းေဆာင္ႏွစ္ေယာက္ကိုလည္း ရဲအရာရွိေတြ စက္တင္ဘာ ၁၂ ရက္ေန႔က ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး ပုဒ္မ ၁၉ နဲ႔ အမႈဖြင့္ထားေၾကာင္း ေျပာၿပီး ျပန္လႊတ္ေပးခဲ့သည္။

ေအာင္ေအာင္(မန္း)

#PeopleMedia #မႏၲေလး #ဗကသ

(unicode)
ရတနာပုံတက္ကသိုလ်မှ ဗကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦး ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခံရ
…………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၄

ရတနာပုံတက္ကသိုလ်မှ ဗကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦး ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် စက်တင်ဘာ ၁၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသားများသည် မန္တလေးမြို့တွင် ရခိုင်ပြည်နယ်တွင် ဖြတ်တောက်ထားသည့် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရေးနှင့်ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲများရပ်တန်ပေးရေး စသည်တို့ကို စက်တင်ဘာ ၁၀ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိစ္စများနှင့်ပတ်သက်ပြီး ဆန္ဒပြခဲ့ကြသော ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)အဖွဲ့ဝင် ကျောင်းသားနှစ်ဦးကို စက်တင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ရတနာပုံတက္ကသိုလ်အတွင်းရှိ ဗကသရုံးခန်းသို့ ချမ်းအေးသာစံမြို့ နယ်၊ အမှတ်(၆)နယ်မြေရဲစခန်းမှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက သက် မောင်မောင် အပါအဝင် ကျောင်းသား ၁၃ ဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ချမ်းအေးသာစံမြို့ နယ်ရဲတပ်ဖွဲ့မှူးမှ တရားလိုပြုလုပ်၍ အမှတ် ၆ နယ်မြေရဲစခန်းတွင် ဆန္ဒပြသည့်နေ့ကပင် အမှုဖွင့်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလားတူပင် စက်တင်ဘာ ၁၀ ရက်နေ့ကပဲ ရခိုင်ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်နှစ်ယောက်ကိုလည်း ရဲအရာရှိတွေ စက်တင်ဘာ ၁၂ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားကြောင်း ပြောပြီး ပြန်လွှတ်ပေးခဲ့သည်။

အောင်အောင်(မန်း)

#PeopleMedia #မန္တလေး #ဗကသ


Share this post