• Follow Us on

Home ဒေါ်နယ် ထရမ့်၏ သားအကြီးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ


Share this post

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁
#PeopleMedia
(unicode)
ဒေါ်နယ် ထရမ့်၏ သားအကြီးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
……………………………………….
ဝါရှင်တန်၊ နိုဝင်ဘာ ၂၁
ယခုတပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏သားအကြီးဆုံးဖြစ်သူ ဒေါ်နယ် ထရမ့် ဂျူနီယာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သူ့တွင်ရောဂါလက္ခဏာများမရှိကြောင်း ထရမ့်ဂျူနီယာ၏ပြောခွင့်ရသူ ကပြောသည်။
ယခုတပတ်အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စမ်းသပ်ချက်အဖြေထွက်လာခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် သီးသန့်ခွဲနေထိုင်နေကြောင်းလည်း အသိပေးသည်။
ထရမ့် ဂျူနီယာသည် သမ္မတ၏မိသားစုအတွင်း နောက်ဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဖြစ်လာသည်။
သမ္မတ၊ သမ္မတကတော်နှင့် သားအငယ်ဆုံး ဘာရွန် ထရမ့်တို့လည်း ပြီးခဲ့သည့်လတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံခဲ့ရသည်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် သမ္မတ ထရမ့်ကူးစက်ခဲ့ခြင်းဖြစ်သည်။
Ref : Donald Trump Jr tests positive for COVID-19
#PeopleMedia


Share this post