• Follow Us on

Home Covid-19 Medical Center မ်ားအတြက္ ဆရာဝန္ လုံေလာက္မႈမရွိေတာ့သည့္အတြက္ ေစတနာ့ဝန္ထမ္း ဆရာဝန္မ်ားအား ျမန္မာနိုင္ငံဆရာဝန္အသင္းမွ ထပ္မံေခၚယူ

Covid-19 Medical Center မ်ားအတြက္ ဆရာဝန္ လုံေလာက္မႈမရွိေတာ့သည့္အတြက္ ေစတနာ့ဝန္ထမ္း ဆရာဝန္မ်ားအား ျမန္မာနိုင္ငံဆရာဝန္အသင္းမွ ထပ္မံေခၚယူ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၃

Covid-19 Medical Center မ်ားတြင္ ဆရာဝန္လုံေလာက္မႈမရွိေတာ့သည့္အတြက္ စင္တာတစ္ခုလွ်င္ ဆရာဝန္ ၁၀ ဦးခန္႔ လိုအပ္လ်က္ေၾကာင္း ျမန္မာနိုင္ငံဆရာဝန္အသင္းမွ ဒီဇင္ဘာ ၄ ရက္ေန႔က လူမႈကြန္ယက္မွတစ္ဆင့္ ေလၽွာက္လႊာတင္ျခင္းစနစ္ျဖင့္ ေခၚယူသည္။

အထက္ပါ ေစတနာ့ဝန္ထမ္း ဆရာဝန္မ်ားေခၚယူမႈစာတြင္ Covid-19 Medical Center မ်ားတြင္ ျမန္မာနိုင္ငံ ဆရာဝန္အသင္းမွ ဆရာဝန္မ်ားက တစ္ဖက္တစ္လွမ္းမွေန၍ပါဝင္ကူညီလ်က္ရွိၾကပါသည္။

သို႔ေသာ္ ၀န္ႏွင့္အား မမွ်ေတာ့ပါသျဖင့္ Covid-19 Medical Center မ်ားတြင္ အနည္းဆုံး (၁၀) ဦးခန႔္စီ ေစတနာ့ဝန္ထမ္းဆရာဝန္မ်ားလိုအပ္လ်က္ရွိေသာေၾကာင့္ Covid-19 Medical Center မ်ားတြင္ ဆရာ ဝန္မ်ားကို ကူညီလုပ္အားေပးလိုသူ ဆရာဝန္မ်ားအေနျဖင့္ Google Form တြင္ ျပည့္စုံစြာ ျဖည့္စြက္၍ စာရင္း ေပးသြင္းနိုင္ပါေၾကာင္း ေလးစားစြာ အသိေပးအေၾကာင္းၾကားအပ္ပါတယ္ဟုပါရွိသည္။

ယင္းသို႔ ေခၚယူမႈ စာမ်က္နာတြင္ မူလက တကၠသိုလ္ရာျပည့္ပြဲေတာ္၌ လူစည္ကားမႈျမင္ကြင္းပုံမ်ားႏွင့္ ပန္းၿခံ မ်ားတြင္ လူစည္ကားေနမႈ ျမင္ကြင္းဓာတ္ပုံမ်ားျဖင့္ ေခၚယူထားသည္။

အဆိုပါ ေစတနာ့၀န္ထမ္းလိုအပ္မႈကို ျမန္မာႏိုင္ငံဆရာ၀န္အသင္းအေနျဖင့္ လူမႈကြန္ယက္မွတဆင့္ ေခၚယူ ခဲ့ေသာ္လည္း နာရီပိုင္းအၾကာ၌ Post ကို ျပန္လည္ျဖဳတ္ခ်ခဲ့သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ဒီဇင္ဘာလ ၂ ရက္ေန႔ ရက္စြဲျဖင့္ သတင္းထုတ္ျပန္ရာတြင္ ဓာတ္ခြဲ နမူနာ စုစုေပါင္း (၁၉,၆၈၀) ခုအား စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၁,၄၁၁) ဦး ေတြ႕ရွိရခဲ့ၿပီး ေသဆုံးသူဦးေရသည္ ၂၆ ဦးအထိ ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
Covid-19 Medical Center များအတွက် ဆရာဝန် လုံလောက်မှုမရှိတော့သည့်အတွက် စေတနာ့ဝန်ထမ်း ဆရာဝန်များအား မြန်မာနိုင်ငံဆရာဝန်အသင်းမှ ထပ်မံခေါ်ယူ
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၃

Covid-19 Medical Center များတွင် ဆရာဝန်လုံလောက်မှုမရှိတော့သည့်အတွက် စင်တာတစ်ခုလျှင် ဆရာဝန် ၁၀ ဦးခန့် လိုအပ်လျက်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒီဇင်ဘာ ၄ ရက်နေ့က လူမှုကွန်ယက်မှတစ်ဆင့် လျှောက်လွှာတင်ခြင်းစနစ်ဖြင့် ခေါ်ယူသည်။

အထက်ပါ စေတနာ့ဝန်ထမ်း ဆရာဝန်များခေါ်ယူမှုစာတွင် Covid-19 Medical Center များတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဆရာဝန်များက တစ်ဖက်တစ်လှမ်းမှနေ၍ပါဝင်ကူညီလျက်ရှိကြပါသည်။

သို့သော် ဝန်နှင့်အား မမျှတော့ပါသဖြင့် Covid-19 Medical Center များတွင် အနည်းဆုံး (၁၀) ဦးခန့်စီ စေတနာ့ဝန်ထမ်းဆရာဝန်များလိုအပ်လျက်ရှိသောကြောင့် Covid-19 Medical Center များတွင် ဆရာ ဝန်များကို ကူညီလုပ်အားပေးလိုသူ ဆရာဝန်များအနေဖြင့် Google Form တွင် ပြည့်စုံစွာ ဖြည့်စွက်၍ စာရင်း ပေးသွင်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ်ဟုပါရှိသည်။

ယင်းသို့ ခေါ်ယူမှု စာမျက်နာတွင် မူလက တက္ကသိုလ်ရာပြည့်ပွဲတော်၌ လူစည်ကားမှုမြင်ကွင်းပုံများနှင့် ပန်းခြံ များတွင် လူစည်ကားနေမှု မြင်ကွင်းဓာတ်ပုံများဖြင့် ခေါ်ယူထားသည်။

အဆိုပါ စေတနာ့ဝန်ထမ်းလိုအပ်မှုကို မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့် လူမှုကွန်ယက်မှတဆင့် ခေါ်ယူ ခဲ့သော်လည်း နာရီပိုင်းအကြာ၌ Post ကို ပြန်လည်ဖြုတ်ချခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ရာတွင် ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၉,၆၈၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၁၁) ဦး တွေ့ရှိရခဲ့ပြီး သေဆုံးသူဦးရေသည် ၂၆ ဦးအထိ ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

#PeopleMedia


Share this post