• Follow Us on

Home မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို G-7 နိုင်ငံများရှုတ်ချ

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကို G-7 နိုင်ငံများရှုတ်ချ

Share this post

လန်ဒန်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မြန်မာနိုင်ငံမှစစ်အာဏာသိမ်းမှုကို ဗုဒ္ဓဟူးနေ့တွင် G-7 နိုင်ငံများအဖွဲ့ကရှုတ်ချသည်။
 
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ထိန်းသိမ်းခံနိုင်ငံရေးခေါင်းဆောင်များကို စိုးရိမ်ကြောင်းလည်း အဖွံ့ဖြိုးဆုံးနိုင်ငံ ၇ နိုင်ငံအုပ်စု (G-7)ကပြောသည်။
 
“ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်များက မြန်မာနိုင်ငံမှစစ်အာဏာသိမ်းမှုကို ရှုတ်ချသည်” ဟု ထုတ်ပြန်သည်။
 
တပ်မတော်အနေဖြင့် အရေးပေါ်အခြေအနေကြေညာထားခြင်းကိုရပ်ဆိုင်းရန်နှင့် အထိခိုက်ခံရဆုံးသူများကို ထောက်ပံ့ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများအတွက် ကန့်သတ်မထားဘဲ ဝင်ခွင့်ပြုရန်လည်း တိုက်တွန်းသည်။
 
နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲရလဒ်များကိုလေးစားရမည်ဖြစ်ပြီး လွှတ်တော်အစောဆုံးပြန်လည်ကျင်းပ ရန်လည်း တိုက်တွန်းသည်။
 
Ref : G7 condemns military coup in Myanmar
 
#PeopleMedia
 
(unicode)
………………………………….
 
 
 
 
 
 
 
Ref : G7 condemns military coup in Myanmar
 
#PeopleMedia

Share this post