• Follow Us on

Home CDM ပြုလုပ်ပြီး နိုင်ငံတော်မှ ပေးထားသော အိမ်/အခန်းများ၌ နေထိုင်သည့် တက္ကသိုလ် ဆရာ/ဆရာမများကို အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အရ ယခုလမှ စတင်၍ ဆောင်ရွက်မည်ဟုသိရ

CDM ပြုလုပ်ပြီး နိုင်ငံတော်မှ ပေးထားသော အိမ်/အခန်းများ၌ နေထိုင်သည့် တက္ကသိုလ် ဆရာ/ဆရာမများကို အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အရ ယခုလမှ စတင်၍ ဆောင်ရွက်မည်ဟုသိရ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁ (People Media)

 

တိုင်းဒေသကြီးပြည်နယ်များ၌ CDM ပြုလုပ်ပြီး နိုင်ငံတော်မှ ပေးထားသော အိမ်/အခန်းများ၌ နေထိုင်သည့် တက္ကသိုလ် ဆရာ/ဆရာမများကို အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အရ စက်တင်ဘာလ ပထမအပတ်မှ စတင်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက People Media သို့ ပြောဆိုသည်။

 

“CDM ပြုလုပ်ပြီး ရာထူးထုတ်ပယ်ခံရသူတွေကို ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထွက်ခွာပေးဖို့ ဖြစ်ပါတယ်။ ထွက်ခွာပေးဖို့ အကြောင်းကြားထားတာ ၃ ကြိမ်ရှိပါပြီ။ ယခုလ ပထမပတ်က စတင်ပြီး ဆောင်ရွက်မယ်လို့ ယူဆရပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

CDM ပြုလုပ်ပြီး အစိုးရမှ ပေးအပ်ထားသည့် အိမ်/အခန်းများ၌ နေထိုင်သည့် တက္ကသိုလ် ဆရာ/ဆရာမများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဩဂုတ်လ ၃၁ ရက်နေ့၌ နောက်ဆုံးထွက်ခွာရန် ညွန်ကြားထားကြောင်း သိရသည်။

 

ထိုကဲ့သို့ ထွက်ခွာခြင်းမရှိလျင် သက်ဆိုင်ရာအဖွဲ့အစည်းများက ၎င်းတို့ကို အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #ပညာရေး

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post