• Follow Us on

Home မူဆယ်မြို့၌ တံမြတ်စည်းရောင်းသူ အမျိုးသား သေနတ်ဖြင့် လုပ်ကြံခံရ

မူဆယ်မြို့၌ တံမြတ်စည်းရောင်းသူ အမျိုးသား သေနတ်ဖြင့် လုပ်ကြံခံရ

Share this post

မန္တလေး၊ စက်တင်ဘာ ၂၃ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မန်မိုင်ရွာ၌ ဆိုင်ကယ်ဖြင့် တံမြတ်စည်းရောင်းနေသူ အမျိုးသားကို အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းမှ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းအချိန်တွင် ကြူကုတ်-ပန်ဆိုင်းမှ ကျင်စန်းကျော့သွားလမ်းရှိ မန်မိုင် ကျေးရွာတွင် တံမြက်စည်းရောင်းချနေစဉ် ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပစ်သတ်ခံရသည့် အမျိုးသားမှာ ဘယ်ဘက်ရင်အုပ်၊ ဝမ်းဗိုက်နှင့် ချိုင်းအောက်တွင် သေနတ်ဒဏ်ရာ များရရှိခဲ့ပြီး ၎င်းကို မိုင်းယု(၁၀၅) မိုင်ပါရမီလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

 

#PeopleMedia #တံမြတ်စည်းရောင်းသူ

 

(unicode)


…………………………………………………………………

 

မန်တလေး၊ စကျတငျဘာ ၂၃ (People Media)

 


 


 


 



Share this post