• Follow Us on

Home မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှုများနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် မြောက်ကိုရီး ယားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီအား သတိပေး

မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှုများနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် မြောက်ကိုရီး ယားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီအား သတိပေး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄ (People Media)

 

မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံတကာအစည်းအဝေးကျင်းပခဲ့ ပြီးနောက် မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှုကို အပြစ်တင်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား မြောက် ကိုရီးယားနိုင်ငံက သတိပေးလိုက်သည်။

 

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို ပြန်လည်လုပ်ဆောင်လာမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းပြောဆိုရင်း ပြင်သစ်နိုင်ငံက သောကြာနေ့ကကျင်းပခဲ့သည့် အရေးပေါ်တံခါးပိတ်အစည်းအ ဝေးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့ အဆိုပြုလွှာတစ်စောင်တင်သွင်းခဲ့သည်။ ယင်းအဆိုပြုလွှာတွင် ကုလသမဂ္ဂအနေဖြင့် မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ ပြန်လည်ဆောင်ရွက်လာသည့် အတွက် ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုထားကြောင်း အေပီသတင်းဌာနကဖော်ပြထားသည်။

 

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာကို ထိပါးကျူးကျော်ရန် ကြိုးစားလာပါက အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် အ ကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်းသည် ပို၍ကောင်းမွန်ကြောင်းပြောဆိုရင်း မြောက်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးဌာနမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျိုချိုဆုက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အောက်တို ဘာလ ၃ ရက်နေ့က သတိပေးလိုက်သည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် “စံနှုန်းနှစ်မျိုးထားဆက်ဆံရေး” ကို ကျင့်သုံးခြင်းအားဖြင့် မရိုးသားကြောင်း၊ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အလားတူဒုံးကျည်စမ်းသပ်ပစ်ခတ်မှုမျိုးဆောင်ရွက်ရာတွင် ပြဿနာရှာ လေ့မရှိကြောင်း ဂျိုချိုဆုကပြောသည်။

 

မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို ခြောက်လကြာရပ်နားထားခဲ့သော်လည်း စက်တင်ဘာ လတွင် ပြန်လည် စတင်ခဲ့ရာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်သော ဒုံးကျည်များအပါအဝင် လတ်တ လောကာလထုတ်လုပ်ထားသောဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျုံအန်က ယခုလအတွင်းတောင်ကိုရီးယားနှင့် အရေးပေါ်တယ်လီဖုန်းလိုင်းမှတစ်ဆင့်ဆက်သွယ်ရန် ကြိုးပမ်း လျက်ရှိပြီး မြောက်ကိုရီးယားအနေဖြင့် နှစ်နိုင်ငံငြိမ်းချမ်းရေးကို လိုလားကြောင်းပြောဆိုခဲ့သည်ဟုဆိုသည်။

 

မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ဒုံးကျည်ထုတ်လုပ်မှုတွင် နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမျိုးမျိုးချမှတ်၍ မြောက်ကိုရီးယားပဲ့ထိန်းဒုံး ကျည်အမျိုးမျိုးထုတ်လုပ်မှုကို ပိတ်ပင်တားဆီးခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏နျူကလီးယားထုတ်လုပ်မှုအစီအစဉ်မှာ အမေရိကန်၏စစ်ရေးအရခြိမ်း ခြောက်မှုကို ကာကွယ်ရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံက ၎င်းတို့အနေဖြင့် မြောက်ကိုရီးယားကို ကျူးကျော်ရန်စရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်းပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံအထိရောက်ရှိသော ၎င်းနိုင်ငံ၏ တာဝေးပစ်ဒုံးကျည်ထုတ်လုပ်မှုအစီ အစဉ်ကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်ကကြေညာခဲ့သည်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကြိုတင်သတ်မှတ်ချက်များမပါရှိဘဲ မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများပြု လုပ်နိုင်ရန် နည်းလမ်းများရှာဖွေခဲ့သော်လည်း အမေရိကန်သည် ၎င်း၏ ရန်လိုသည့်မူဝါဒနှင့် စစ်ရေးခြိမ်းခြောက် မှုများကို ဖုံးကွယ်ထားကြောင်း ကင်ဂျုံအန်က စွပ်စွဲပြောကြားခဲ့သည်။

 

Ref: North Korea threatens UN Security Council after emergency meeting over its missile launches

 

#PeopleMedia

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: North Korea threatens UN Security Council after emergency meeting over its missile launches

 

#PeopleMedia


Share this post