• Follow Us on

Home အမေရိကန်မရိန်းတပ်ဖွဲ့ အစ္စရေးထုတ် SMASH 2000 ချိန်ခွက်များ ဝယ်ယူ

အမေရိကန်မရိန်းတပ်ဖွဲ့ အစ္စရေးထုတ် SMASH 2000 ချိန်ခွက်များ ဝယ်ယူ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆ (People Media)

 

အရေအတွက် အသေးစိတ်ဖော်ပြမထားသော မောင်းပြန်ရိုင်ဖယ်တွင် တပ်ဆင်အသုံးပြုရသည့် ဒရုန်းတန်ပြန် တိုက်ခိုက်ရေးစနစ် အစ္စရေးထုတ် SMASH 2000 ချိန်ခွက် (မှန်ပြောင်း) များကို အမေရိကန်မရိန်းတပ်ဖွဲ့က ဝယ်ယူခဲ့ကြောင်း သိရသည်။

 

ဆောင်းရာသီတွင် အဆိုပါ SMASH 2000 ချိန်ခွက်များကို တင်ပို့သွားမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကပြောသည်။ အဆိုပါချိန်ခွက်များကို ရေယာဉ်များတွင် တပ်ဆင်အသုံးပြုသွားနိုင် ရေးအတွက် ဆန်းစစ်အကဲဖြတ်နိုင်ရန် အမေရိကန်ရေတပ်က ပူးတွဲသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးသဘော တူစာချုပ်ကို ယင်းကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့သည်။

 

“လက်ရှိ အမေရိကန်ရေတပ်စစ်ဆင်ရေးကို ထောက်ပံ့နေသော လက်နက်ခဲယမ်းများနှင့်အတူ Smart Shooter နည်းပညာကို ပူးတွဲပေါင်းစပ် ဆန်းစစ်လေ့လာအကဲဖြတ်နိုင်ရန် ရည်ရွယ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ကြ ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း” အဆိုပါ ကုမ္ပဏီကဖော်ပြခဲ့သည်။

 

ယင်း SMASH 2000 ချိန်ခွက်စနစ်မှာ ဒရုန်းလေယာဉ်ငယ်များကို ခြေရာခံပစ်ခတ်နိုင်သည့်  ပြဿနာဖြေရှင်း နည်းစနစ်များကို ပစ်မှတ်ထားတည်ဆောက်ထားကြောင်း၊ SMASH 2000 ချိန်ခွက်စနစ်၏ ပစ်ခတ်မှုထိန်းချုပ် ရေးစနစ် တိကျမှုမှာ ပစ်ခတ်သူ၏ ကျွမ်းကျင်မှုပေါ်မူတည်ကြောင်းသိရသည်။

 

ယင်းလက်နက်စနစ်တွင် SMASH 2000 ချိန်ခွက်စနစ်နှင့် SMASH 2000 Plus ချိန်ခွက်စနစ်တို့ပါဝင်သည်။ SMASH 2000 ချိန်ခွက်ကို မောင်းပြန်ရိုင်ဖယ်များတွင်တပ်ဆင်ပြီး ပစ်မှတ်ကိုတိကျစွာပစ်ခတ်နိုင်ရန် ဒီဇိုင်း ရေးဆွဲထုတ်လုပ်ထားသလို SMASH 2000 Plus မှာ SMASH 2000 ချိန်ခွက်စနစ်ကို အခြေခံ၍ ဒရုန်းတန်ပြန် တိုက်ခိုက်ရေးအတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

မည်သည့်ရိုင်ဖယ်အမျိုးအစားတွင်မဆိုတပ်ဆင်နိုင်သော SMASH 2000 Plus ချိန်ခွက်စနစ်သည် ပစ်မှတ်တစ်ခု ကို စုံစမ်းထောက်လှမ်းမှတ်ပုံတင်နိုင်သလို ပစ်မှတ်ရွေ့လျားမှုကို ခြေရာခံနိုင်ပြီး တိကျ/မြန်ဆန်စွာ အချိန်ကိုက် တစ်ပြိုင်တည်းပစ်ခတ်နိုင်သည်။ ယင်းချိန်ခွက်စနစ်တွင် ညကြည့်မှန်ပြောင်းများလည်းပါဝင်သည်။

 

အဆိုပါချိန်ခွက်စနစ်ကိုအသုံးပြု၍ မီတာ ၃၀၀ (၉၈၄ ပေ) ရှိ မြေပြင်ပစ်မှတ်ကိုလည်းကောင်း အမြင့် မီတာ ၂၀၀ (၆၅၆ ပေ) ရှိ ဒရုန်းလေယာဉ်ကိုလည်းကောင်း အလင်းရောင်ရှိသောအချိန်တွင် ပစ်ခတ်နိုင်ကြောင်း ကုမ္ပဏီကပြောသည်။

 

SMASH 2000 Plus ချိန်ခွက်သည် အလေးချိန် တစ်ကီလိုဂရမ်ကျော်ကျော်ရှိပြီး ၇၂ နာရီအသုံးပြုပြီးပါက သို့မဟုတ် ကျည် ၃,၆၀၀ ပစ်ခတ်ပြီးပါက အားပြန်သွင်းရသည့် ဘက်ထရီတစ်လုံးပါရှိကြောင်းသိရသည်။

 

Ref: US Marines Buy Israeli Rifle-Mounted Counter-Drone Systems

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US Marines Buy Israeli Rifle-Mounted Counter-Drone Systems

 

#PeopleMedia


Share this post