• Follow Us on

Home တပ်မတော်ထောက်ခံပွဲကို ယနေ့နံနက်ပိုင်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တစ်ပြိုင်တည်းကျင်းပပြုလုပ်

တပ်မတော်ထောက်ခံပွဲကို ယနေ့နံနက်ပိုင်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တစ်ပြိုင်တည်းကျင်းပပြုလုပ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅ (People Media)

 

တပ်မတော်ထောက်ခံပွဲ ယနေ့နံနက်ပိုင်းအချိန်၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါ တပ်မတော်ထောက်ခံပွဲကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်မြို့နယ်ရှိ စစ်တက္ကသိုလ်ရှေ့ ကြေးရုပ်တုအနီးတွင် နံနက်ပိုင်းအချိန်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး မြို့၊ မြစ်ကြီးနားမြို့၊ မိတ္ထီလာမြို့နှင့် မော်လမြိုင်မြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းထောက်ခံပွဲတွင် လူသတ်၊ အကြမ်းဖက် PDF အလိုမရှိ၊ အလိုမရှိ၊ ပြည်ပအားကိုးပုဆိန်ရိုး NUG အား (ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ)၊ CRPH လက်ခံသူ (ဒို့ရန်သူ၊ ဒို့ရန်သူ)၊ တပ်မတော်ကြီးအား ထောက်ခံလား (ထောက်ခံပါတယ်၊ ထောက်ခံပါတယ်)ဟု စသည့်ကြွေးကြော်သံများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲကို အမျိုး သားရေးတက်ကြွလှုပ်ရှားသူနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်မှ ဦးဆောင် ၍ နေ့လည် ၁ နာရီအချိန်၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

Photo – credit

 

#PeopleMedia#တပ်မတော်#ထောက်ခံပွဲ

 

(unicode)


…………………………………………………….

 


 


 


 


 


 

Photo – credit

 



Share this post