• Follow Us on

Home ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ စိုးရိမ်ဖွယ်ရာအင်အားအလုံးအရင်းစုဖွဲ့နေကြောင်း ဂြိုဟ်တုဓာတ်ပုံသစ်များ အရ သိရ

ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များ စိုးရိမ်ဖွယ်ရာအင်အားအလုံးအရင်းစုဖွဲ့နေကြောင်း ဂြိုဟ်တုဓာတ်ပုံသစ်များ အရ သိရ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၄ (People Media)

 

ယူကရိန်းနယ်စပ်နှင့် ခရိုင်းမီးယားတွင် ရုရှားတပ်များ စိုးရိမ်ဖွယ်ရာ အင်အားအလုံးအရင်းစုဖွဲ့နေကြောင်း အသစ် ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများအရ သိရသည်။

 

ရုရှားနိုင်ငံသည် တင့်ကားများ၊ အမြောက်ကြီးများ၊ စစ်သည်တင်သံချပ်ကာယာဉ်များအပါအဝင် ရုရှားတပ်ဖွဲ့ဝင် များနှင့် စစ်လက်နက်ပစ္စည်းများကို ယူကရိန်းနယ်စပ်နှင့် ခရိုင်းမီးယားတွင် အင်အားအလုံးအရင်း တပ်ဖြန့်ချ ထားရာ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မည့်အရိပ်လက္ခဏာများရှိနေသဖြင့် စိုးရိမ်နေကြသော်လည်း ရုရှားနိုင်ငံကမူ ယင်းအစီအစဉ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

 

တစ်ပြိုင်တည်းမှာပင် ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံကို ကျူးကျော်မည့်အစီအစဉ်အားထည့် မတွက်ဘဲထားခြင်းကို (ယူကရိန်းကို မကျူးကျော်ဘူးဆိုသည့်စကားကို) ဒီဇင်ဘာလ ၂၃ ရက်နေ့က ငြင်းဆို လိုက်ပြီး အမေရိကန်နှင့် မဟာမိတ်အနောက်အုပ်စု နိုင်ငံများသည် ရုရှားနိုင်ငံကို ပြိုကွဲပျက်စီးအောင် ၁၉၁၈ ခုနှစ်ကတည်းက ကြိုးစားလုပ်ဆောင်နေကြကြောင်း ပြောဆိုလိုက်သည်။

 

နေတိုးအဖွဲ့နှင့် အမေရိကန်တို့သည် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုမရှိကြောင်း ပူတင်က အကြိမ်ကြိမ်စွပ်စွဲပြောကြားခဲ့ပြီး ယခင်ဆိုဗီယက်ပြည်ထောင်စုဟောင်းသည် မည်သည့်အချိန်ကမှ အနောက် အုပ်စု၏ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ မဖြစ်ခဲ့ကြောင်း ပြောဆိုလိုက်သည်။

 

ယူကရိန်းနိုင်ငံမှာ နေတိုးအဖွဲ့၏ မိတ်ဖက်နိုင်ငံအဖြစ် ထိန်းသိမ်းထားဆဲဖြစ်ပြီး အနောက်အုပ်စု မဟာမိတ်နိုင်ငံ ဖြစ်လာရန် နှစ်ပေါင်းများစွာကြာအောင် နည်းလမ်းများရှာဖွေလျက်ရှိသည်။

 

နေတိုးအဖွဲ့က ပူတင်၏တောင်းဆိုမှုများကို ပယ်ချခဲ့သော်လည်း အမေရိကန်နှင့် ရုရှားတို့သည် ဇန်နဝါရီလအ တွင်း အစည်းအဝေးကျင်းပရန် စောင့်ဆိုင်းလျက်ရှိသည်။

 

ပူတင်သည် ယူကရိန်းကို မပြီးဆုံးသေးသောစီးပွားရေးလုပ်ငန်းတစ်ရပ်သဖွယ် သဘောထားသတ်မှတ်ထားပြီး နောက် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရန်နှင့် အမေရိကန်နှင့် နေတိုးအဖွဲ့ကို အပြစ်တင်ရန် အကြောင်းရှာ နေကြောင်း ကျွမ်းကျင်သူများကပြောသည်။

 

ယခင်က KGB ထောက်လှမ်းရေးဟောင်းတစ်ဦးဖြစ်သူ ပူတင်က ယူကရိန်းနှင့် ရုရှားသည် လူမျိုးတစ်မျိုးတည်း ဖြစ်ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းသင့်ကြောင်း ပြောသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားနိုင်ငံက ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ယင်းအချိန်ကတည်းက ယူကရိန်းနိုင်ငံရှိ ခွဲထွက်ရေးဝါဒီများကို ရုရှားနိုင်ငံက ပံ့ ပိုးလျက်ရှိသည်။

 

Ref: New satellite images show the Russian military’s alarming buildup along the Ukrainian border

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: New satellite images show the Russian military’s alarming buildup along the Ukrainian border

 

#PeopleMedia


Share this post