• Follow Us on

Home မြန်မာနိုင်ငံကိုသွားရောက်မည့်ခရီးစဉ်အား အပြစ်မြင်သူများကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဝေဖန်

မြန်မာနိုင်ငံကိုသွားရောက်မည့်ခရီးစဉ်အား အပြစ်မြင်သူများကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဝေဖန်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇ (People Media)

 

မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံနိုင်ရေး သွား ရောက်ရန် စီစဉ်ထားသည့်ခရီးစဉ်နှင့်ပတ်သက်၍ အပြစ်မြင်နေသူများကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြန်လည်ပြစ်တင်ဝေဖန်လိုက်သည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်သည် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများပြေငြိမ်းစေရေးနည်း လမ်းတစ်ခုအဖြစ် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယင်းခရီးစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

လာမည့် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံမြို့တော် နေပြည်တော်သို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ယခုလအစောပိုင်းတွင် ဟွန်ဆန်က ကြေညာခဲ့သည်။ သို့သော် မြန်မာနိုင်ငံမှ အကျပ် အတည်းများဖြေရှင်းနိုင်ရေးနှင့် အာဆီယံအဖွဲ့တွင် ပြန်လည်အင်အားကောင်းလာစေရေးတို့အတွက် နည်းလမ်း ရှာဖွေရန် ဟွန်ဆန်၏ကြိုးပမ်းမှုများမှာ အဝေဖန်ခံနေရသည်။ ဟွန်ဆန်၏ ခရီးစဉ်မှာ ယာယီအစိုးရတစ်ရပ်ကို အသိအမှတ်ပြုရန် အရိပ်လက္ခဏာပြနေကြောင်း ဝေဖန်သူအချို့ကပြောသည်။

 

မြန်မာနိုင်ငံတွင်း အကြမ်းဖက်ပဋိပက္ခများဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဘုံသဘောတူညီချက်ရရှိထားသည့် အချက်ငါးချက်ပါအစီအစဉ်ကို အခြေခံထား၍ ၎င်း၏ခရီးစဉ်က ဖြေရှင်းနည်းများရှာဖွေသွားမည်ဖြစ်ကြောင်း  ဒီဇင်ဘာလ ၂၃ ရက်နေ့ကကျင်းပခဲ့သော ကျမ်းသစ္စာကျိန်ဆိုပွဲ တွင် ဟွန်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများအဆုံးသတ်ရေးနှင့် လူ့အသက်များကယ်တင်နိုင်ရေးတို့ကို အဓိကရည်မှန်း၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနှင့်ရော အာဆီယံဥက္ကဋ္ဌအနေနှင့်ပါ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဟွန်ဆန်ကပြောသည်။

 

“ခင်ဗျားနိုင်ငံကရော မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပြီလား။ ဒီမေးခွန်းက ဖြေဖို့လို အပ်တဲ့မေးခွန်းဖြစ်တယ်ဗျ။ ကျွန်တော့်ကို လက်ညှိုးမထိုးခင် ခင်ဗျားအနေနဲ့ ကူညီဖို့လုပ်နေတယ်လို့ ထင်နေ တာလား၊ ဘယ်လောက်အထိ သေချာသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးခွန်းထုတ်ကြည့်ဖို့လိုတယ်ဗျ။” ဟု ၎င်းခရီးစဉ်နှင့်ပတ်သက်၍ ပြစ်တင်ဝေဖန်နေသည့် လူပုဂ္ဂိုလ်/ နိုင်ငံ အမည်မတပ်ဘဲ ၎င်းကပြောသည်။

 

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သိပ်ပြီး ပြင်းပြင်းထန်ထန် ခံစားနေရတယ်ဆိုရင် မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အ သွယ်ဖြတ်ပစ်လိုက်စမ်းပါ။ တကယ်လို့ ခင်ဗျား အဲဒီလိုမလုပ်နိုင်ဘူးဆိုရင် ကူညီဖို့ကြိုးစားနေတဲ့ ကျွန်တော့်ကို လာပြီးအပြစ်တင်ဖို့ မကြိုးစားပါနဲ့။ ခင်ဗျား မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အသွယ်ဖြတ်မယ်ဆိုရင်လည်း ဒါက ခင်ဗျားသဘောပဲ၊ ခင်ဗျားမှာ ဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုမှာရှိတဲ့အခွင့်အ ရေးအရ ကျွန်တော်ကတော့ ကမ္ဘောဒီးယားသံရုံးကို မြန်မာနိုင်ငံမှာ ဆက်ဖွင့်ထားမှာပဲ။” ဟု ၎င်းကပြောသည်။

 

မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ဖြတ်တောက်ရန် အယ်ဒီတာ့အာဘော်များ၊ မြန်မာနိုင်ငံမှ ယာယီအစိုးရ ကိုဆန့်ကျင်နေသော အဖွဲ့အစည်းများ/ လူပုဂ္ဂိုလ်များက ဖန်တီးထားသည့် မီဒီယာများမှတစ်ဆင့် တောင်းဆိုနေ ကြသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများရော အခြားနိုင်ငံများပါ မြန်မာနိုင်ငံကို ယနေ့အချိန်အထိ တရားဝင်သံ တမန်အဆက်အသွယ်ဖြတ်တောက်ခြင်းမရှိပေ။

 

“ဒီနှစ်ထဲမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ အဖွဲ့ဝင်ကိုးနိုင်ငံဖြစ်နေတဲ့အာဆီယံကို အဖွဲ့ဝင် ၁၀ နိုင်ငံအာဆီ ယံ ပြန်ဖြစ်လာအောင် ကျွန်တော်အစွမ်းကုန် ကြိုးစားသွားမှာပါ။ အာဆီယံအဖွဲ့ကြီးမှာ အဖွဲ့ဝင် ကိုးနိုင်ငံပဲရှိတော့ မယ်ဆိုရင် ဒါဟာ မကောင်းတဲ့သဘောထား၊ မကောင်းတဲ့အမြင်နဲ့ အာဆီယံအဖွဲ့ကြီး အားနည်းလာတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားလိမ့်မယ်လို့ ကျွန်တော်အရင်ကတည်းကပြောပြီးပါပြီ။” ဟု ဟွန်ဆန်ကပြောသည်။

 

Ref: Cambodian PM Hun Sen chides critics of his Myanmar trip

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Cambodian PM Hun Sen chides critics of his Myanmar trip

 

#PeopleMedia


Share this post