• Follow Us on

Home မုံရွာ-မန္တလေး ကားလမ်းမကြီး၊ ချောင်းဦး-မြင်းမူမြို့နယ်ကြား၊ လမ်းပိုင်း၌ ထောင်ထားသည့် လက်လုပ်ရှော့ တိုက်မိုင်း ၁၁ လုံးကို တာဝန်ရှိသူများ ရှင်းလင်းခဲ့

မုံရွာ-မန္တလေး ကားလမ်းမကြီး၊ ချောင်းဦး-မြင်းမူမြို့နယ်ကြား၊ လမ်းပိုင်း၌ ထောင်ထားသည့် လက်လုပ်ရှော့ တိုက်မိုင်း ၁၁ လုံးကို တာဝန်ရှိသူများ ရှင်းလင်းခဲ့

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၀ (People Media)

 

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ(၄း၂၀)အချိန်က မုံရွာ-မန္တလေး ကားလမ်းမကြီး၊ ချောင်းဦးမြို့-မြင်းမူ မြို့နယ် ကြား လမ်းပိုင်း၌ ထောင်ထားသည့် လက်လုပ်ရှော့တိုက်မိုင်း ၁၁ လုံးကို တာဝန်ရှိသူများက ရှင်းလင်းနိုင်ခဲ့ သည်။

 

အဆိုပါ ရှော့တိုက်မိုင်းများ ထောင်ထားသည့်နေရာသည် မုံရွာ-မန္တလေး ကားလမ်းမကြီး၊ ချောင်းဦးမြို့နယ်၊ ငါးယှန်းရွာအနီး၌ ဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူအချို့ အတည်ပြုသည်။

 

“ရှော့တိုက်မိုင်း ၁၁ လုံးပါ။ ကားလမ်းမကြီးရဲ့ ဘေးမှာ ထောင်ထားတာပါ။ သက်မဲ့ပြုလုပ်ပြီး ရှင်းလင်း နိုင်ခဲ့ပါတယ်” လို့ ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံပညာရေးကျောင်းများ၊ တက္ကသိုလ်များ၊ အုပ်ချုပ်ရေးရုံးများ အပါအဝင် အများပြည်သူ သွားလာသည့်လမ်းမများ၌ မကြာခဏ လက်လုပ်မိုင်းများ၊ လက်လုပ်ရှော့တိုက်မိုင်း များ ထောင်ထားမှု ဖြစ်ပေါ်လျက်ရှိသည်။

 

အဆိုပါ လက်လုပ်မိုင်းများ၊ လက်လုပ်ရှော့တိုက်မိုင်းများ တွေ့ရှိမှုအပေါ် တာဝန်ရှိသူများက သက်မဲ့ပြုလုပ်ပြီး ရှင်းလင်းနိုင်ခဲ့သလို အချို့ဖြစ်စဉ်၌ ရှင်းလင်းရေးဆောင်ရွက်စဉ် တာဝန်ရှိသူအချို့ ထိခိုက်ကျဆုံးမှုများ ဖြစ် ပေါ်ခဲ့သည်။

 

#PeopleMedia #မုံရွာမန္တလေးကားလမ်း

 

(unicode)


…………………………………………………………..

 

မန်တလေး၊ ဇနျနဝါရီ ၂၀ (People Media)

 


 


 


 


 


 

#PeopleMedia #မုံရှာမန်တလေးကားလမျး


Share this post