• Follow Us on

Home ယူကရိန်းနိုင်ငံ ဗင်နက်ဆီမြို့ကို ဒုံးကျည် ၈ စင်းထက်မနည်းထိမှန်ခဲ့ပြီး လေဆိပ်တစ်ခုလုံး ပျက်စီးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေ အတည်ပြုပြောဆို

ယူကရိန်းနိုင်ငံ ဗင်နက်ဆီမြို့ကို ဒုံးကျည် ၈ စင်းထက်မနည်းထိမှန်ခဲ့ပြီး လေဆိပ်တစ်ခုလုံး ပျက်စီးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေ အတည်ပြုပြောဆို

Share this post

Open photo

Open photo

Open photo

 

နိုင်ငံတကာ၊ မတ် ၇

 

ရုရှားဒုံးကျည် ၈ စင်းထက်မနည်း ယူကရိန်းနိုင်ငံ ဗင်နက်ဆီယာ (Vinnytsia) ကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းအ ရာရှိတွေက မတ်လ ၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

ရက်စက်ကြမ်းကြုပ်တဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် ဗင်နက်ဆီယာမြို့ လေဆိပ် ထိမှန်ပျက်စီးခဲ့တယ်လို့ ယူ ကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကပြောပါတယ်။

 

ဗင်နက်ဆီယာမြို့ဟာ ယူကရိန်းနိုင်ငံ အနောက်အလယ် ပိုင်းရဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ဒီမြို့ဟာ အေးချမ်းတဲ့မြို့တစ်မြို့ဖြစ်ပြီး ရုရှားနိုင်ငံကို ဘယ်တုန်းကခြိမ်းခြောက်တဲ့မြို့လည်း မဟုတ်ဘူးလို့ ယူ ကရိန်းသမ္မတဇီလန်စကီးက ပြောပါတယ်။

 

“သူတို့ (ရုရှားတွေ) ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ၊ ကျွန်တော်တို့တည်ဆောက်ထားတဲ့ ကျွန်တော်တို့ဘဝတွေ၊ ကျွန်တော်တို့ မိဘတွေနဲ့ ဘိုးဘွားတွေ၊ ယူကရိန်းရဲ့မျိုးဆက်တွေကို လုံးဝချေမှုန်းဖျက် ဆီးနေတာပဲဖြစ်ပါတယ်။ လေယာဉ်မပျံသန်းရဇုံသတ်မှတ်ပေးဖို့ ကျွန်တော်တို့ နေ့တိုင်းတောင်းဆိုနေပါတယ်။ ဒီ အကြမ်းဖက်သမားတွေရဲ့ ရုရှားဒုံးကျည်တွေ၊ ရုရှားတိုက်လေယာဉ်တွေကို ပိတ်ပင်တားဆီးပေးဖို့ ကျွန်တော်တို့ နေ့တိုင်းတောင်းဆိုနေပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

“ရော့ကက်တွေမရှိတဲ့၊ တိုက်လေယာဉ်တွေ ဗုံးမကြဲတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းဇုံ တစ်ခုဖန်တီးပေးပါ။ ကျွန်တော်တို့ဟာ လူသားတွေပါ။ ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ခင်ဗျားတို့မှာလူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိပါတယ်။ ခင်ဗျားတို့ အဲဒီအလုပ်ကို လုပ်နိုင်ပါတယ်။” လို့ ဇီလန်စကီး က ဆက်ပြောပါတယ်။

 

“တကယ်လို့ ခင်ဗျားတို့ အဲဒီလိုမလုပ်ခဲ့ဘူးဆိုရင်၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ အတွက် လေယာဉ်တွေမထောက်ပံ့ဘူးဆိုရင် ပြောစရာတစ်ခုပဲရှိပါတော့တယ်။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ကို တဖြည်းဖြည်း သေစေချင်နေတဲ့သူတွေပဲလို့ ပြောရမှာပါပဲ။ ဒါဟာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေရဲ့တာဝန်ပါ။ အနောက်တိုင်းခေါင်းဆောင်တွေရဲ့တာဝန်ပါ။ ဒီကနေ့အချိန်ကနေ တစ်သက်လုံးထမ်းဆောင်သွားရမယ့်တာဝန် တွေဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရီကူလီဘာက ဗင်နက်ဆီမြို့ကို လေကြောင်းက တိုက်ခိုက်နေတဲ့ပုံကို သူ့ ရဲ့တွစ်တာမှာ ဗီဒီယိုဖိုင်တင်ထားပါတယ်။

 

Ref: Ukraine officials confirm 8 Russian missiles struck city of Vinnytsia far from front line, airport destroyed

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Ukraine officials confirm 8 Russian missiles struck city of Vinnytsia far from front line, airport destroyed

 

#PeopleMedia


Share this post