• Follow Us on

Home ရန်ကုန်အခြေစိုက် UG-47 အဖွဲ့ဝင် (၇) ဦးကို လက်နက်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းမျိုးစုံဖြင့် ဖမ်းဆီးရ မိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်အခြေစိုက် UG-47 အဖွဲ့ဝင် (၇) ဦးကို လက်နက်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းမျိုးစုံဖြင့် ဖမ်းဆီးရ မိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

Share this post

မန္တလေး၊ မတ် ၁၁

 

ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် UG-47 အဖွဲ့ဝင် အမျိုးသား ၇ ဦးကို လက်နက်မျိုးစုံနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့၌ ထုတ်ပြန် လိုက်သည်။

 

၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ အမှတ်(၃၅၅) နေအိမ်၌ သျှားထက် အောင်(၂၄)နှစ်အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၉ တောင့်၊ ဖုန်းမျိုးစုံ ၂ လုံးတို့နှင့်အတူ စတင် ဖမ်းဆီးရမိပြီး တရားခံများ ထွက်ဆိုချက်အရ ထပ်မံ၍ UG-47 အဖွဲ့ဝင် (၆) ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

 

ဖြစ်စဉ်တွင် တရားခံ အမျိုးသား ၇ ဦး အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၉ တောင့်၊ လက် လုပ်ဗုံး ၂၂ လုံး၊ ယမ်းညှင်း ၅ ပိဿာခန့်၊ စနက်တံ ၈ ခု၊ ချိန်ကိုက်ဗုံးခွဲရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၃ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ UG-47 အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာ များတွင် အကြမ်းဖက်ဖောက်ခွဲမှု(၇)ကြိမ်နှင့် လုပ်ကြံသတ်ဖြတ်မှု (၃) ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ပြ ထားသည်။

 

ထိုသို့ကျူးလွန်စေရန်အတွက် ရန်ကုန်မြို့၊ NLD ပါတီ သတင်းပြန်ကြားရေး အဖွဲ့ဝင် မန်းအောင်နိုင်ကြည်နှင့် ဘားအံမြို့၊ NLD ပါတီ လူငယ်တာဝန်ခံ စောငြိမ်းချမ်းဝင်းတို့သည် နောက်ကွယ်မှ စေခိုင်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………

 

မန်တလေး၊ မတျ ၁၁

 


 


 


 


 


 

#PeopleMedia


Share this post