• Follow Us on

Home စစ်ကိုင်းတိုင်းဒေသကြီး၌ PDF များ သောင်းကျန်းနေသည့် မြို့နယ်များကို လုံခြုံရေးအဖွဲ့များက နယ်မြေရှင်း လင်းရေးဆောင်ရွက်၊ PDF အဖွဲ့ဝင်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်ခိုလှုံပြီး ပူးပေါင်းဆောင် ရွက်မှု ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၌ PDF များ သောင်းကျန်းနေသည့် မြို့နယ်များကို လုံခြုံရေးအဖွဲ့များက နယ်မြေရှင်း လင်းရေးဆောင်ရွက်၊ PDF အဖွဲ့ဝင်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်ခိုလှုံပြီး ပူးပေါင်းဆောင် ရွက်မှု ပြုလုပ်

Share this post

စစ်ကိုင်း၊ မတ် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ သောင်းကျန်းနေသည့် PDF အဖွဲ့ဝင်များ စခန်းချ လှုပ်ရှားရာ နေရာများကို လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသလို PDF အဖွဲ့ဝင်များသည် လုံခြုံ ရေးအဖွဲ့ထံ လာရောက်ခိုလှုံပြီး ပူးပေါင်ဆောင်ရွက်မှု ပြုလုပ်လျက်ရှိသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက န-စ-က ကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီးမြထွန်းဦးသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ န-မ-ခ တပ်နယ်သို့ သွားရောက်ခဲ့သလို ကသာခရိုင်၊ ရွှေဘိုခရိုင်သို့ သွားရောက်ခဲ့ပြီး မြို့မိ/မြို့ဖ၊ အုပ်ချုပ်ရေးအဖွဲ့များအပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ ဒေသခံ PDF အဖွဲ့များသည် ၎င်းတို့နှင့် ရပ်တည်ချက်မတူသော နိုင်ငံရေးပါတီဝင်များ ကို လုပ်ကြံမှုပြုလုပ်လျက်ရှိသလို ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများကို လုပ်ကြံခြင်း၊ သံဃာတော်များကို လုပ် ကြံခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့များသည် PDF အဖွဲ့များ သောင်းကျန်းသည့်နေရာများကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ၌ PDF အဖွဲ့များသည် လုံခြုံရေးအဖွဲ့များထံ လာရောက်ခိုလှုံပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိ နေသည်။

 

#PeopleMedia

 

(unicode)


………………………………..

 


 


 


 


 


 

#PeopleMedia


Share this post