• Follow Us on

Home ျမစ္ႀကီးနားၿမိဳ႕တြင္း၌ တပ္ဆင္ထား CCTV မ်ားကို မတ္လခန္႔၌ စတင္အသုံးျပဳႏိုင္မည္

ျမစ္ႀကီးနားၿမိဳ႕တြင္း၌ တပ္ဆင္ထား CCTV မ်ားကို မတ္လခန္႔၌ စတင္အသုံးျပဳႏိုင္မည္

Share this post

ျမစ္ႀကီးနား၊ ဇန္နဝါရီလ – ၂၃

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ၿမိဳ႕တြင္းလုံၿခဳံေရးအတြက္ ျပည္နယ္အစိုးရ၏ လမ္းၫြန္ခ်က္ျဖင့္ တပ္ဆင္ထားေသာ CCTV ကင္မရာမ်ားကို လာမည့္ မတ္လခန္႔တြင္ အသုံးျပဳႏိုင္မည္ ျဖစ္သည္။

ယင္းလုပ္ငန္းကို ေဒသအေျခစိုက္ကုမၸဏီတစ္ခုျဖစ္သည့္ Protocol Technologies ကုမၸဏီကတင္ဒါရရွိခဲ့ၿပီး တပ္ဆင္ျခင္းလုပ္ငန္းမွာ ၿပီးစီးလုနီးပါးရွိေၾကာင္းသိရၿပီး လာမည့္မတ္လခန္႔တြင္ စတင္အသုံးျပဳႏိုင္မည္ဟု ယင္းကုမၼဏီဒါ႐ိုက္တာ ဦးရဲဝင္းလြင္က ဆိုသည္။

“လုပ္ငန္းကေတာ့ (၈၀) ရာခိုင္ႏႈန္းေလာက္ကို ၿပီးဆုံးေနပါၿပီ။ အျပင္မွာတပ္ဆင္မႈအပိုင္းေတြကေတာ့ ၿပီးေနၿပီ။ ဆာဗာထိုင္မယ့္ အေဆာက္အဦးေတြဘဲလိုတယ္” ဟု ဦးရဲဝင္းလြင္က ေျပာသည္။

ယင္းစီမံခ်က္သည္ ၿမိဳ႕တြင္းလုံၿခဳံေရးႏွင့္ မူခင္းျဖစ္ပြားမႈ ေလ်ာ့နည္းက်ဆင္းေစရန္အတြက္ အေထာက္အကူျပဳ ႏိုင္ရန္ ေဆာင္ရြက္ရျခင္းျဖစ္ၿပီး CCTV ကင္မရာမ်ားကို ၿမိဳ႕တြင္းအခ်က္အခ်ာက်သည့္ေနရာမ်ား လူစည္ကား သည့္ေနရာမ်ားတြင္ လမ္းဆုံလမ္းခြမ်ားတြင္ တပ္ဆင္သြားမည္ျဖစ္ၿပီး CCTV ကင္မရာအလုံးေရ (၂၀၀)နီးပါး တပ္ဆင္မည္ဟု သိရသည္။

ယခုတပ္ဆင္ အသုံးျပဳထားသည့္ CCTV ကင္မရာမ်ားတြင္ အဆင့္ျမင့္နည္းပညာမ်ားပါဝင္ၿပီး ေလဒဏ္၊ မိုးဒဏ္ ႏွင့္ ထိခိုက္ျပဳတ္က်သည့္ ဒဏ္ကိုခံႏိုင္မည္ျဖစ္ၿပီး တစ္လုံးလွ်င္ ကာလတန္ဖိုး သိန္း(၂၀)ေက်ာ္ရွိေၾကာင္း သိရသည္။

CCTV ကင္မရာမ်ား တပ္ဆင္ျခင္းႏွင့္ ထိန္းခ်ဳပ္စင္တာအေဆာက္အဦးမ်ားေဆာက္လုပ္ၿပီးစီးပါက အစိုးရအဖြဲ႕ ထံလြဲေျပာင္းေပးမည္ျဖစ္ၿပီး ထိန္းခ်ဳပ္မႈႏွင့္ အခ်က္အလက္စုေဆာင္းျခင္းလုပ္ငန္းကို ရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲတပ္ ဖြဲ႕ႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးဦးစီးဌာနတို႔မွ ထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လြမ္းေအာင္

#peoplemedia #EPN

(unicode)
မြစ်ကြီးနားမြို့တွင်း၌ တပ်ဆင်ထား CCTV များကို မတ်လခန့်၌ စတင်အသုံးပြုနိုင်မည်
…………………………………………………………

မြစ်ကြီးနား၊ ဇန်နဝါရီလ – ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြို့တွင်းလုံခြုံရေးအတွက် ပြည်နယ်အစိုးရ၏ လမ်းညွန်ချက်ဖြင့် တပ်ဆင်ထားသော CCTV ကင်မရာများကို လာမည့် မတ်လခန့်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။

ယင်းလုပ်ငန်းကို ဒေသအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့် Protocol Technologies ကုမ္ပဏီကတင်ဒါရရှိခဲ့ပြီး တပ်ဆင်ခြင်းလုပ်ငန်းမှာ ပြီးစီးလုနီးပါးရှိကြောင်းသိရပြီး လာမည့်မတ်လခန့်တွင် စတင်အသုံးပြုနိုင်မည်ဟု ယင်းကုမ္မဏီဒါရိုက်တာ ဦးရဲဝင်းလွင်က ဆိုသည်။

“လုပ်ငန်းကတော့ (၈၀) ရာခိုင်နှုန်းလောက်ကို ပြီးဆုံးနေပါပြီ။ အပြင်မှာတပ်ဆင်မှုအပိုင်းတွေကတော့ ပြီးနေပြီ။ ဆာဗာထိုင်မယ့် အဆောက်အဦးတွေဘဲလိုတယ်” ဟု ဦးရဲဝင်းလွင်က ပြောသည်။

ယင်းစီမံချက်သည် မြို့တွင်းလုံခြုံရေးနှင့် မူခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်အတွက် အထောက်အကူပြု နိုင်ရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး CCTV ကင်မရာများကို မြို့တွင်းအချက်အချာကျသည့်နေရာများ လူစည်ကား သည့်နေရာများတွင် လမ်းဆုံလမ်းခွများတွင် တပ်ဆင်သွားမည်ဖြစ်ပြီး CCTV ကင်မရာအလုံးရေ (၂၀၀)နီးပါး တပ်ဆင်မည်ဟု သိရသည်။

ယခုတပ်ဆင် အသုံးပြုထားသည့် CCTV ကင်မရာများတွင် အဆင့်မြင့်နည်းပညာများပါဝင်ပြီး လေဒဏ်၊ မိုးဒဏ် နှင့် ထိခိုက်ပြုတ်ကျသည့် ဒဏ်ကိုခံနိုင်မည်ဖြစ်ပြီး တစ်လုံးလျှင် ကာလတန်ဖိုး သိန်း(၂၀)ကျော်ရှိကြောင်း သိရသည်။

CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် ထိန်းချုပ်စင်တာအဆောက်အဦးများဆောက်လုပ်ပြီးစီးပါက အစိုးရအဖွဲ့ ထံလွဲပြောင်းပေးမည်ဖြစ်ပြီး ထိန်းချုပ်မှုနှင့် အချက်အလက်စုဆောင်းခြင်းလုပ်ငန်းကို ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ် ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတို့မှ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်

#peoplemedia #EPN


Share this post