• Follow Us on

Home Account မ်ားျဖင့္ Online မွ ေငြေၾကးလိမ္လည္ေနသူမ်ားအားဖမ္းဆီးေဖာ္ထုတ္ခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕သတင္းထုတ္ျပန္

Account မ်ားျဖင့္ Online မွ ေငြေၾကးလိမ္လည္ေနသူမ်ားအားဖမ္းဆီးေဖာ္ထုတ္ခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕သတင္းထုတ္ျပန္

Share this post

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၇

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္တြင္ လူမႈကြန္ရက္စာမ်က္ႏွာ၌ “ေငြအတုသည္”အေကာင့္မွ “ေငြအတုဝယ္လိုေသာမိတ္ေဆြမ်ားဆက္သြယ္ရန္ ဖုန္းအမွတ္ ၀၉၆၇၈၅၀၇၅၁၉”ဟု ေဖာ္ျပထားသည္ကိုေတြ႕ရွိရ၍ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ မႈခင္းရဲတပ္ဖြဲ႕မွ ဝယ္ယူသူတစ္ဦးအျဖစ္ အသြင္ယူ၍အဆိုပါ ဖုန္းနံပါတ္သို႔ ဆက္သြယ္စုံစမ္းေမးျမန္းခဲ့သည္။

ထိုသို႔ဆက္သြယ္ရာ “ေငြအစစ္ကိုအတု ၆ ဆ ႏႈန္းျဖင့္ လဲလွယ္ေပးေၾကာင္း၊လုံျခဳံေရးႀကိဳး၊ ဗဟိုဘဏ္တံဆိပ္မ်ားပါရွိေၾကာင္း၊ မွာယူလိုပါကဖုန္းအမွတ္ ၆၇၈၅၀၇၅၁၉ သို႔Wave Money ျဖင့္ ေငြလႊဲပို႔ရန္” ညႇိႏွိုင္းေျပာၾကားသျဖင့္ ေအာက္တိုဘာလ ၂၄ ရက္ေန႔ ေန႔လည္ ၃ နာရီခန႔္တြင္ ေငြက်ပ္ ၁ သိန္းဖိုးဝယ္ယူမည္ျဖစ္ေၾကာင္းညႇိႏွိုင္းေျပာဆိုေငြလႊဲေပးခဲ့ၿပီးေငြထုတ္ယူမႈအားစုံစမ္းေစာင့္ၾကည့္ခဲ့ရာစလင္းၿမိဳ႕နယ္၊ ဆင္ျဖဴကၽြန္းၿမိဳ႕၊ သစၥာၿမိဳင္ရပ္ကြက္ရွိဖုန္းေရာင္း/ဝယ္ႏွင့္Wave Money လုပ္ငန္းလုပ္ကိုင္သည့္ “Sony” ေဈးဆိုင္သို႔ စလင္းၿမိဳ႕နယ္၊ မက်ီးကုန္းေက်းရြာေနသူမ်ားျဖစ္သည့္ေဌးျမင့္ဦး(ခ)ဖိုးနန္း (ဖ)ဦးေအာင္ေအာင္ႏွင့္ မင္းမင္း (ဖ)ဦးသန္းဝင္းတို႔ ၂ ဦးမွ လာေရာက္ထုတ္ယူသြားခဲ့သည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ေနအိမ္မ်ားသို႔ ဝင္ေရာက္ရွာေဖြရာ ၎တို႔ ၂ ဦးအား Wave Moneyလက္ခံထားသည့္ Message မ်ားႏွင့္ “ေငြအတုသည္” Facebook အေကာင့္အသုံးျပဳသည့္ ဖုန္းအမွတ္ ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင္းကတ္ ၄ ခုပါဖုန္း၃ လုံး၊ ေငြ ၂၅၀၀၀ က်ပ္ႏွင့္ ဆိုင္ကယ္ ၁ စီးတို႔ႏွင့္အတူဖမ္းဆီးရမိခဲ့ပါသည္။

တရားခံ ၂ ဦး၏ ေနအိမ္မ်ားတြင္ ေငြစကၠဴအတုမ်ားႏွင့္ ဆက္စပ္ပစၥည္းတစ္စုံတစ္ရာေတြ႕ရွိျခင္းမရွိဘဲ၎တို႔သည္ “ေငြအတုသည္” အေကာင့္ျဖင့္ Onlineမွတစ္ဆင့္ ေငြတုမ်ားေရာင္းခ်သည္ဟုလိမ္လည္ေျပာဆို၍ကိုဗစ္-၁၉ ကူးစက္ေရာဂါျဖစ္ပြားေနခ်ိန္ ျပည္သူလူထုအခက္အခဲအေပၚ အခြင့္ေကာင္းယူကာျပည္သူမ်ား၏ေငြေၾကးကိုလိမ္လည္ရယူေနသူမ်ားျဖစ္ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ဥပေဒႏွင့္အညီအေရးယူေဆာင္ရြက္ခဲ့ၿပီးျပည္သူလူထုအတြင္းသတိျပဳဆင္ျခင္နိုင္ေစရန္ႏွင့္ ေငြစကၠဴအတုမ်ားေဖာင္းပြမႈမရွိေစေရး၊ မလိုလားအပ္သည့္ ျပႆနာမ်ားမျဖစ္ေပၚေစေရးျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကလည္းေစာင့္ၾကည့္သတင္းရယူႀကိဳတင္ထိန္းခ်ဳပ္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #ေငြအတု #ရဲဇာနည္

(unicode)
Account များဖြင့် Online မှ ငွေကြေးလိမ်လည်နေသူများအားဖမ်းဆီးဖော်ထုတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန် ……………………………………………………………..
နေပြည်တော်၊ အောက်တိုဘာ ၂၇ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ “ငွေအတုသည်”အကောင့်မှ “ငွေအတုဝယ်လိုသောမိတ်ဆွေများဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉”ဟု ဖော်ပြထားသည်ကိုတွေ့ရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ် အသွင်ယူ၍အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့သည်။ ထိုသို့ဆက်သွယ်ရာ “ငွေအစစ်ကိုအတု ၆ ဆ နှုန်းဖြင့် လဲလှယ်ပေးကြောင်း၊လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်များပါရှိကြောင်း၊ မှာယူလိုပါကဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့Wave Money ဖြင့် ငွေလွှဲပို့ရန်” ညှိနှိုင်းပြောကြားသဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ငွေကျပ် ၁ သိန်းဖိုးဝယ်ယူမည်ဖြစ်ကြောင်းညှိနှိုင်းပြောဆိုငွေလွှဲပေးခဲ့ပြီးငွေထုတ်ယူမှုအားစုံစမ်းစောင့်ကြည့်ခဲ့ရာစလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်ရှိဖုန်းရောင်း/ဝယ်နှင့်Wave Money လုပ်ငန်းလုပ်ကိုင်သည့် “Sony” ဈေးဆိုင်သို့ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေသူများဖြစ်သည့်ဌေးမြင့်ဦး(ခ)ဖိုးနန်း (ဖ)ဦးအောင်အောင်နှင့် မင်းမင်း (ဖ)ဦးသန်းဝင်းတို့ ၂ ဦးမှ လာရောက်ထုတ်ယူသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် နေအိမ်များသို့ ဝင်ရောက်ရှာဖွေရာ ၎င်းတို့ ၂ ဦးအား Wave Moneyလက်ခံထားသည့် Message များနှင့် “ငွေအတုသည်” Facebook အကောင့်အသုံးပြုသည့် ဖုန်းအမှတ် ၀၉ ၆၇၈၅၀၇၅၁၉၊ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင်းကတ် ၄ ခုပါဖုန်း၃ လုံး၊ ငွေ ၂၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ တရားခံ ၂ ဦး၏ နေအိမ်များတွင် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ၎င်းတို့သည် “ငွေအတုသည်” အကောင့်ဖြင့် Onlineမှတစ်ဆင့် ငွေတုများရောင်းချသည်ဟုလိမ်လည်ပြောဆို၍ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ပြည်သူလူထုအခက်အခဲအပေါ် အခွင့်ကောင်းယူကာပြည်သူများ၏ငွေကြေးကိုလိမ်လည်ရယူနေသူများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ခဲ့ပြီးပြည်သူလူထုအတွင်းသတိပြုဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုများဖောင်းပွမှုမရှိစေရေး၊ မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းစောင့်ကြည့်သတင်းရယူကြိုတင်ထိန်းချုပ်အရေးယူဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #ငွေအတု #ရဲဇာနည်


Share this post