• Follow Us on

Home AK-47 ကျည်မတိုးသည့်စစ်ဦးထုပ်အလုံး ၁ သိန်း အိန္ဒိယကြည်းတပ် ၀ယ်ယူရန်စီစဉ်နေ


Share this post

နယူးဒေလီ၊ ဇူလိုင် ၁၆








#PeopleMedia

(unicode)
AK-47 ကျည်မတိုးသည့်စစ်ဦးထုပ်အလုံး ၁ သိန်း အိန္ဒိယကြည်းတပ် ဝယ်ယူရန်စီစဉ်နေ
………………………………………………………

နယူးဒေလီ၊ ဇူလိုင် ၁၆

တစ်ဦးတစ်ယောက်ချင်းကို ကာကွယ်ပေးနိုင်မည့်ပစ္စည်းကိရိယာများအဆင့်မြှင့်တင်ပေးရာတွင် အဓိကခြေလှမ်းတစ်ရပ်အနေဖြင့် အိန္ဒိယကြည်းတပ်သည် AK-47 ကျည်ဆန်မတိုးသည့် စစ်ဦးထုပ်များဝယ်ယူသွားမည်။

ယခုဝယ်ယူမှုသည် ထိုစစ်ဦးထုပ်များဝယ်ယူရာတွင် ကမ္ဘာ့အကြီးဆုံးဝယ်ယူမှုများထဲမှ တစ်ခုဖြစ်သည်။

ဇွန် ၂၃ ရက်တွင် အိန္ဒိယ ကြည်းတပ်ညွှန်ကြားမှုဌာနက အိန္ဒိယနှင့်ကမ္ဘာ့စစ်ဦးထုပ်ထုတ်လုပ်သူများထံ စုံစမ်းမေးမြန်းမှု စတင် ခဲ့သည်။

ဇူလိုင် ၁၃ ရက်တွင် စစ်ဦးထုတ်ထုတ်လုပ်သည့်ကုမ္ပဏီတချို့နှင့် နယူးဒေလီတွင်တွေ့ဆုံခဲ့ပြီး လာမည့်နှစ်၊ ဖေဖော်ဝါရီတွင် ဝယ်ယူခွင့်အဆိုပြုမည်ဖြစ်သည်။

ဝယ်ယူရန် အသုံးစရိတ်ပမာဏကို မသိရသေးသော်လည်း တစ်လုံးလျှင် ရူပီး ၅ သောင်းနှုန်းဖြင့်တွက်ပါက ရူပီးသန်း ၅၀၀၀ ကုန်ကျမည်ဖြစ်သည်။

ထိုစစ်ဦးထုပ်သစ်များသည် ၁၉၉၀ ပြည့်နှစ်များမှစတင်အသုံးပြုနေသည့် ကျည်ကာပတ်ကာဦးထုပ်များကို အစားထိုးမည်ဖြစ် သည်။

Ref : Next Generation Weapon

#PeopleMedia


Share this post